ဖားကန့် နမ့်မှော်တွင် ရဲ နှင့် ရေမဆေးသမားများ ခိုက်ရန် ဖြစ်ပွား

ဖားကန့် နမ့်မှော်တွင် ရဲ နှင့် ရေမဆေးသမားများ ခိုက်ရန် ဖြစ်ပွား

ကချင်ပြည်နယ် ဖားကန့်၊ နမ့်မှော်ကျေးရွာအနီးရှိ ရတနာစမ်းရွှင် ကုမ္မဏီတွင် ရဲများနှင့် ရေမဆေးသမားများ ပြဿနာဖြစ်ကြရာ နှစ်ဖက် စလုံး ထိခိုက် ဒဏ်ရာ ရရှိခဲ့မှု သြဂုတ် (၂၆) ရက်နေ့က ဖြစ်ပွားခဲ့သည်။

တနင်္ဂနွေနေ့ မွန်းလွဲပိုင်းတွင် ရေမဆေးသမားများက ကင်းစောင့်ရဲများကို ခဲများနှင့် ပစ်ပေါက်လာသဖြင့် ရဲများမှ သေနတ်ဖြင့် ပြန်လည် ပစ်ဖောက်ခဲ့သည် ဟု နမ့်မော် (Nam Maw) ရပ်ကွက်(၂) ရွာအိမ်မှူး တာဝန်ခံ ဦး Naw Htoi (နော်ထွယ်) က ယခုလို ကချင်သတင်းဌာန KNG ကို ပြောသည်။

“ရေမဆေးသမားတွေကို ကုမ္မဏီက (၄)နာရီမှာ ဝင်ခိုင်းတယ်။ ရဲအဖွဲ့က သူတို့ကိုစောင့်ခိုင်းတယ်။ ဒါပေမဲ့ ရေမဆေးသမားတွေက မစောင့်နို်င်ဘဲ ကင်းစောင့်ရဲတွေကို ခဲနဲ့ ပစ်ပေါက်လာတဲ့အတွက် ရဲတွေ လည်း သေနတ်နဲ့ ပြန်ပစ်တယ်။”

ဖြစ်စဉ်တွင် ရေမဆေးသမား (၄)ဦး ဒဏ်ရာရှိပြီး ရဲ (၅)ဦးလည်း ဒဏ်ရာရှိခဲ့သည်။

အရှေ့နာဂကာကွယ်ရေးတပ် (ENDA) / Crd - ENDA
September 19, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်အတွင်း အရှေ့နာဂကာကွယ်ရေးတပ် (ENDA) က တပ်သားသစ်စုဆောင်း ရန်...
စင်းခန်းကျေးရွာတစ်ဝိုက် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် မီးလောင်ကျွမ်းနေစဉ်။ / Crd
September 18, 2026
ကချင်ပြည်၊ ဗန်းမော်၊ မံစီနှင့် ဇင်းဘုံ၊ စင်းခန်းတံတားတစ်ဝိုက် ဒေသများတွင် စစ်ရေးတင်းမာနေပြီး...
မြစ်ကြီးနားမြို့ Happy KTV တွင် ဖမ်းဆီးခံခဲ့ရသည့် KIO အရာရှိများကို တွေ့ရစဉ်။ / ပုံဟောင်း
September 18, 2026
ကချင်ပြည် မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက်ရှိ Happy KTV တွင် ဖမ်းဆီးခံခဲ့ရသည့် KIO အရာရှိ ၁၃...
ကချင်ပြည်၊ ဝိုင်းမော်မြို့အတွင်း ART ဆေး ရရှိနိုင်သည့် ကျန်းမာရေးစင်တာတစ်ခုအား တွေ့ရစဉ်။ / Crd
September 18, 2026
ကချင်ပြည်အတွင်း HIV ပိုးထိန်းဆေး (ART) ပြတ်လပ်နေသည့်အတွက် HIV လူနာများအကြား စိုးရိမ်မှု...