‘Kachin State Party’ မှတ်ပုံတင်ရန် ဦးဆောင်ကော်မတီ ဖွဲ့စည်း

‘Kachin State Party’ မှတ်ပုံတင်ရန် ဦးဆောင်ကော်မတီ ဖွဲ့စည်း

ပါတီ မှတ်ပုံတင်ခြင်း စတင်လုပ်ဆောင်နိုင်ရန် ကချင်ပေါင်းစည်းပါတီသစ် ‘Kachin State Party’ ၏ Ningshawng Komiti ခေါ် ဦးဆောင်ကော်မတီကို သြဂုတ်လ (၁၈)ရက်နေ့ မြစ်ကြီးနား မဒီရာဟိုတယ် တွင် ပြုလုပ်သော လေးပါတီ အစည်းဝေးတွင် ဖွဲ့စည်းလိုက်သည်။

ပါတီ ၁ ခုမှ ၅ ယောက်စီ၊ ပါတီပြင်ပမှ ၅ ယောက် စုစုပေါင်း (၂၅)ဦးဖြင့် ဦးဆောင်ကော်မတီ ကို ဖွဲ့စည်းခဲ့ကြောင်း ကချင်ပြည်နယ်ဒီမိုကရေစီ ပါတီ KSDP ခေါင်းဆောင် ဒေါက်တာ တူးဂျာ ပြောသည်။ ထို့အပြင် ပါတီ ရံပုံငွေရှာဖွေရေး ဆပ်ကော်မတီကိုလည်း ဖွဲ့စည်းခဲ့သည်ဟု သူ ဆက်ဆိုသည်။

သို့သော်လည်း KSP ကို အဓိက မူ ပိုင်းဆိုင်ရ အရ အကြံပြု ထိန်းကျောင်းခြင်းကို သြဂုတ်လ (၁၁)ရက်နေ့ ကချင်ပါတီများပေါင်းစည်းရေး ဆွေးနွေးပွဲတွင် ဖွဲ့စည်းလိုက်သော လူ (၂၇)ဦးပါ အလုပ်အမှုဆောင်ကော်မတီ မှ ပြုလုပ်မည်ဖြစ်သည်။ ၎င်း အလုပ်အမှုဆောင် ကော်မတီကို ကချင်အမျိုးသားများအတိုင်ပင်ခံအဖွဲ့ (WMR) မှ ဖွဲ့စည်းပေးသော လူထု ကိုယ်စားလှယ် (၁၇)ဦး ကော်မတီ တွင် နောက်ထပ် ကျွမ်းကျင်သူ (၁၀)ဦး ပေါင်းထည့်ပြီး ဖွဲ့စည်းခြင်းဖြစ်သည်။

ကချင်ပေါင်းစည်းပါတီတွင် လက်ရှိ ကချင်ဒီမိုကရက်တစ်ပါတီ KDP၊ ကချင်ပြည်နယ်ဒီမိုကရေစီပါတီ KSDP၊ ကချင်အမျိုးသားကွန်ကရက်ပါတီ KNC နှင့် ကချင်ပြည်နယ် စည်းလုံးညွတ်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ UDPKS တို့ ပါဝင်သည်။

မကြာမီ Kachin State Party (KSP) တရားဝင် ပါတီလာချိန် အဆိုပါ လေးပါတီကို ဖျက်သိမ်းရန် ပါတီများ သဘောတူထားပြီး ဖြစ်ပါသည်။

ကချင်ပြည်နယ်ရှိ ကချင် (Kachin) နှင့် အခြားတိုင်းရင်းသားများ (Non-Kachin) အားလုံးကိုု ကိုယ်စားပြုသော ပါတီကြီး ဖြစ်လာရန် ရည်ရွယ်ချက်ဖြင့် Kachin State Party ကို ဖွဲ့စည်းရန် ကြိုးပမ်းနေခြင်းဖြစ်သည်။

အရှေ့နာဂကာကွယ်ရေးတပ် (ENDA) / Crd - ENDA
September 19, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်အတွင်း အရှေ့နာဂကာကွယ်ရေးတပ် (ENDA) က တပ်သားသစ်စုဆောင်း ရန်...
စင်းခန်းကျေးရွာတစ်ဝိုက် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် မီးလောင်ကျွမ်းနေစဉ်။ / Crd
September 18, 2026
ကချင်ပြည်၊ ဗန်းမော်၊ မံစီနှင့် ဇင်းဘုံ၊ စင်းခန်းတံတားတစ်ဝိုက် ဒေသများတွင် စစ်ရေးတင်းမာနေပြီး...
မြစ်ကြီးနားမြို့ Happy KTV တွင် ဖမ်းဆီးခံခဲ့ရသည့် KIO အရာရှိများကို တွေ့ရစဉ်။ / ပုံဟောင်း
September 18, 2026
ကချင်ပြည် မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက်ရှိ Happy KTV တွင် ဖမ်းဆီးခံခဲ့ရသည့် KIO အရာရှိ ၁၃...
ကချင်ပြည်၊ ဝိုင်းမော်မြို့အတွင်း ART ဆေး ရရှိနိုင်သည့် ကျန်းမာရေးစင်တာတစ်ခုအား တွေ့ရစဉ်။ / Crd
September 18, 2026
ကချင်ပြည်အတွင်း HIV ပိုးထိန်းဆေး (ART) ပြတ်လပ်နေသည့်အတွက် HIV လူနာများအကြား စိုးရိမ်မှု...