Kachin State Party တရားဝင် ဖြစ်လာရေး အလုပ်အမှုဆောင် ကော်မတီ ဖွဲ့စည်း

Kachin State Party တရားဝင် ဖြစ်လာရေး အလုပ်အမှုဆောင် ကော်မတီ ဖွဲ့စည်း

ကချင်ပြည်နယ် ပြည်သူများ ကိုယ်စားပြု ကချင်ပေါင်းစည်းပါတီ သစ် တရားဝင် ပါတီ ဖြစ်လာရေးနှင့် ရှေ့လုပ်ငန်းစဉ်များ ဆောင်ရွက်နိုင်ရန် ရည်ရွယ်ပြီး အဖွဲ့ဝင် (၂၇)ဦးပါ အလုပ်အမှုဆောင် ကော်မတီ ကို လွန်ခဲ့သည့်အပတ် ဖွဲ့စည်းနိုင်ခဲ့ပြီ ဖြစ်သည်။

ကချင်ပြည်နယ်ပါတီ ‘Kachn State Party’ ပါတီသစ်၏ အမည်၊ အလံ နှင့် တံဆိပ်များ သတ်မှတ်ဖွဲ့စည်းရာတွင် ဦးဆောင်ပေးသော ကချင်လူထု ကိုယ်စား (၁၇)ဦး ကော်မတီတွင် နောက်ထပ် တတ်သိပညာရှင် (၁၀)ဦး ပေါင်းထည့်ပြီး Working Committee ကို ဖွဲ့စည်ထားသည် ဟု (၁၇)ဦး ကော်မတီ ခေါင်းဆောင် ရှေ့နေ ဒေါ်ဒေါင်နန်း ယခုလို ကချင်သတင်းဌာန KNG ကို ရှင်းပြသည်။

“(၁၇)ဦးမှာ (၁၀)ဦး ပေါင်းထည့်ပြီး စုစုပေါင်း (၂၇)ဦး ဖြစ်တယ်။ တကယ် လက်တွေ့ အကောင်ထည်ဖော်သွားမှာက (၁၀)ယောက် ဟုတ်တယ်။ ပါတီကြီး ဖြစ်ပေါ်လာဖို့နဲ့ ခိုင်မြဲဖို့ လူထုကိုယ်စားပြုတဲ့ အဖွဲ့ဖြစ်လာဖို့က အလုပ်အမှုဆောင်အဖွဲ့တွေ ကပဲ ဦးဆောင်သွားမှာပါ။”

Kachin State Party သည် ကချင်ပြည်နယ်ရှိ ကချင် (Kachin) နှင့် အခြား ကချင်မဟုတ်သော တိုင်းရင်းသား (Non-Kachin) များကိုပါ ကိုယ်စားပြုနိုင်သည့် နိုင်ငံရေးပေါ်လစီများ ချမှတ်ရေး နှင့် ပါတီ မှတ်ပုံတင်ခြင်း ကိစ္စရပ် တို့ကို အလုပ်အမှုဆောင်မကော်မတီ မှ လမ်းညွှတ် ဦးဆောင်သွားမည်ဟု ဒေါ်ဒေါင်နန်း ဆက်ပြောသည်။

KSP ပါတီ၏ နာမည်၊ အလံ နှင့် တံဆိပ် အားလုံးကို ပါတီပေါင်းစည်းရေးတွင် ပါဝင်သော ကချင်ဒီမိုကရက်တစ်ပါတီ KDP၊ ကချင်ပြည်နယ် ဒီမိုကရေစီပါတီ KSDP၊ ကချင်ပြည်နယ် စည်းလုံးညီညွတ်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ UDPKS နှင့် ကချင်အမျိုးသား ကွန်ကရက်ပါတီ KNC စသည့် ပါတီ (၄) ခု ခေါင်းဆောင်များသည် (၁၇)ဦး ကော်မတီ ဦးဆောင်မှုအောက် သြဂုတ် (၁၁)ရက်နေ့ မြစ်ကြီးနားမြို့ Agape Hotel အစည်းအဝေးတွင် သမိုင်းဝင် သဘောတူ သတ်မှတ်ခဲ့သည်။

ကချင်အမျိုးသားများ အတိုင်အပင်ခံအဖွဲ့ (WMR) မှ ဖွဲ့စည်းလိုက်သော ကချင်ပြည်နယ် လူထုကိုယ်စားလှယ် (၁၇)ဦး ကော်မတီ အဖွဲ့တွင် နိုင်ငံရေးကျွမ်းကျင်သူများ၊ အရပ်ဖက်အဖွဲ့အစည်းမှ ပုဂ္ဂိုလ်များ၊ ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ နှင့် သတင်းတော်ခေါင်းဆောင်များ ပါဝင်သည်။

အရှေ့နာဂကာကွယ်ရေးတပ် (ENDA) / Crd - ENDA
September 19, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်အတွင်း အရှေ့နာဂကာကွယ်ရေးတပ် (ENDA) က တပ်သားသစ်စုဆောင်း ရန်...
စင်းခန်းကျေးရွာတစ်ဝိုက် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် မီးလောင်ကျွမ်းနေစဉ်။ / Crd
September 18, 2026
ကချင်ပြည်၊ ဗန်းမော်၊ မံစီနှင့် ဇင်းဘုံ၊ စင်းခန်းတံတားတစ်ဝိုက် ဒေသများတွင် စစ်ရေးတင်းမာနေပြီး...
မြစ်ကြီးနားမြို့ Happy KTV တွင် ဖမ်းဆီးခံခဲ့ရသည့် KIO အရာရှိများကို တွေ့ရစဉ်။ / ပုံဟောင်း
September 18, 2026
ကချင်ပြည် မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက်ရှိ Happy KTV တွင် ဖမ်းဆီးခံခဲ့ရသည့် KIO အရာရှိ ၁၃...
ကချင်ပြည်၊ ဝိုင်းမော်မြို့အတွင်း ART ဆေး ရရှိနိုင်သည့် ကျန်းမာရေးစင်တာတစ်ခုအား တွေ့ရစဉ်။ / Crd
September 18, 2026
ကချင်ပြည်အတွင်း HIV ပိုးထိန်းဆေး (ART) ပြတ်လပ်နေသည့်အတွက် HIV လူနာများအကြား စိုးရိမ်မှု...