မွန်ပညာရေးဌာနက အစိုးရနည်းတူ အရည်အသွေးပြည့်မီသော သင်ရိုးညွှန်တမ်းအသစ်များ အကောင်အထည်ဖော်ဆောင်နေ

မွန်ပညာရေးဌာနက အစိုးရနည်းတူ အရည်အသွေးပြည့်မီသော သင်ရိုးညွှန်တမ်းအသစ်များ အကောင်အထည်ဖော်ဆောင်နေ

နိုင်ငံတော်အစိုးရ၏ ပညာရေး ပြုပြင်ပြောင်းလဲမှုမှာ KG + 12 ဟုခေါ်တဲ့ သင်ကြားမှုနယ်ပယ် ၄ ရပ်နဲ့ ပြည့်စုံတဲ့ သင်ရိုးသစ်များ အဆင့်ဆင့် ပြုပြင်ပြောင်းလဲနေချိန်တွင် မွန်ဒေသ တနံတလျားရှိ မွန်အမျိုးသားကျောင်းများပေါင်း (၃၀၀) ကျော်တို့ဖြင့် ဦးဆောင် တာဝန်ယူဖွင့်လှစ်ထားသော မွန်ပညာရေးဌာနမှာလည်း အစိုးရနည်းတူ သင်ရိုးညွှန်တမ်းအသစ်များကို ပြီးခဲ့သည့် ၂၀၁၇ ပညာသင်နှစ်ကပင် အကောင်အထည် ဖော်ဆောင်လာခဲ့ကြောင်း သိရသည်။

ယင်းမွန်အမျိုးသားကျောင်းတွင် မိခင်ဘာသာကို အဓိက အခြေခံ၍ သင်ကြားပို့ချသော ကျောင်းများဖြစ်၍ လိုအပ်သော မိခင်ဘာသာသင် သင်ရိုးညွှန်တမ်းအသစ်ကို အကောင်အထည်ဖော်နေရခြင်း ဖြစ်ကြောင်းလည်း သိရသည်။

“မိခင်ဘာသာကို အခြေပြုပြီး အရည်အသွေးပြည်မီတဲ့ သင်ရိုးညွှန်းတမ်းနဲ့ သင်ကြားမှသာ ခေတ်မီတဲ့ပညာရေးဖြင့် နိုင်ငံတော်ကြီးတည်ဆောက်နိုင်မယ်၊” ဟု မွန်ပညာရေးဌာန၏ ညှိနှိုင်းရေးမှူး ဦးမင်းအောင်ဇေက ပြောသည်။

ယခု အကောင်အထည်ဖော်ဆောင်နေတဲ့ သင်ရိုးအသစ်က အစိုးရနဲ့ ရင်ဘောင်တန်းအောင် လုပ်ဆောင်နေခြင်းမဟုတ်ဘဲ မွန်အမျိုးသား ပညာရေးပြုပြင်ပြောင်းလဲမှုအတွက်သာ လုပ်ဆောင်နေတယ်လို့လည်း သူက ဆက်ပြောသည်။

သင်ရိုးညွှန်းတမ်းတစ်ခုရေးဆွဲရာတွင် ဘက်လိုက်မှု၊ တရားမျှတမှု၊ ပုဂ္ဂိုလ်စွဲများကို ရှောင်ရှားစေနိုင်သော သင်ရိုညွှန်းတမ်းကို ရရှိနိုင်မှသာ နိုင်ငံတော်ကြီး အေးချမ်းသာယာပြီး ဖွံ့ဖြိုးစေနိုင်မှာဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့နိုင်ငံမှာ အများနိုင်ငံနည်းတူ ဘက်လိုက်မှုကင်းတဲ့ သင်ရိုးညွှန်းတမ်းများ အမှန်တကယ်လိုအပ်နေပါတယ်။ ဒါကိုအစိုးရဘက်ကလည်း ပြုပြင်မှုတွေ လုပ်နေပါတယ်။ ဒါကြောင့် အစိုးရနည်းတူ ပညာရေး ပြုပြင်ပြောင်းလဲမှုတွေ အောင်မြင်နိုင်ဖို့ ကြိုးစားနေတာပါ” ဟု သင်ရိုးညွှန်းတမ်း အသစ်ဖော်ဆောင်ရန် အတိုင်ပင်ခံပညာရှင် ဒေါက်တာသိန်းနိုင်က ဆိုပါသည်။

မြန်မာနိုင်ငံ ကျောင်းပညာရေး သင်ရိုးညွှန်းတမ်းတွင် တချို့ဘာသာရပ်မှာ လုံလောက်တဲ့ သင်ပြမှုပုံစံဖြင့် သင်ကြားရန် စီမံထားသော်လည်း လက်တွေ့သင်ကြားနေတဲ့ ဆရာ/မများက ကျက်မှတ်မှုပုံစံနဲသာ သင်ကြားနေကြ၍ ယခုလက်ရှိပညာရေးက ဝေဖန်ခံရမှုများ ရှိနေတယ်ဟု ပြည်နယ်ပညာရေးမှူး(ငြိမ်း) ဦးအောင်မောင်းက အဆိုပါအလုပ်ရုံဆွေးနွေးပွဲတွင် ပြောကြားသည်။

“ကျနော်တို့ကျောင်းစစ်သွားတဲ့အခါ ကိုယ်တိုင်ကိုယ်ကျ လိုက်မေးခဲ့ဖူးသည်။ ကျောင်းအတော်များများဟာ အလွတ်ကျက်တာကများပြီး စဉ်းစားဆင်ခြင်တတ်အောင် သင်ပြပေးတာက မရှိသလောက်ရှားတယ်၊ ဒါက သင်ရိုးနဲ့ သက်ဆိုင်နေတယ်လို့လည်း ပြောလို့ရတယ်။” ဟု ဦးအောင်မောင်းက ဆက်ပြောသည်။

မြန်မာ့ပညာရေးစနစ်ဟာ အလွတ်ကျက်မှတ်ပြီး စာမေးပွဲဖြေဆိုတာကို အဓိကစံထားတာကြောင့် စာမေးပွဲကိစ္စအပြင် တခြားလေ့လာမှုနယ်ပယ်တွေဖြစ်တဲ့ အကြောင်းအရာများကို တွေးတောဆင်ခြင်ခြင်း၊ ပတ်ဝန်းကျင်ကို လေ့လာဆန်စစ်ခြင်းဆိုင်ရာများကို ဆရာများ၌ သာမက မိဘများကပါ စိတ်ဝင်စားမှု အားနည်းနေတာကြောင့် နိုင်ငံတော်အစိုးရက ပညာရေးပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်နေပါတယ်။ 

“အခု ပြောင်းလဲနေတဲ့ KG သင်ရိုးကို ကြည့်ပါ။ သင်တန်းတွေ ဘယ်လောက်ပဲ ပို့ချနေပါစေ၊ လက်တွေ့သင်ကြားနေတဲ့ ဆရာ/မတွေက မိဘများကို ရှင်းပြဖို့ အားနည်းတာကြောင့် မိဘကိုယ်တိုင်ကလည်း စိတ်ဝင်စားမှုမရှိသလောက်ပါပဲ၊ ဒါပေမဲ့ ပထမတန်း၊ ဒုတိယတန်း သင်ရိုးထွက်ရှိလာမှသာ ထင်ထားတာထက် မိဘပြည်သူများက မြန်မာ့ပညာရေးအပေါ် ယုံကြည်မှုတွေ ရရှိလာတော့တယ်” ဟု ဦးအောင်မောင်းက ဆိုပါတယ်။

အဆိုပါ မွန်ပညာရေးဌာန မှ အကောင်အထည်ဖော်ဆောင်နေသည့် သင်ရိုးအသစ်ကို ပြီးခဲ့သည့် ၂၀၁၇ ပညာသင်နှစ်ကပင် စတင်အကောင်အထည်ဖော်ဆောင်လာခဲ့ပြီး ယခုနှစ်တွင် ဒုတိယတန်း (Grade-2) သင်ရိုးအသစ်ကို စတင်ရေးဆွဲနေသည့် အဆင့်သို့ရောက်ရှိနေကြောင်းလည်း သိရသည်။

December 23, 2025
လူထုရဲ့ အခက်အခဲအကျပ်အတည်းတွေကို လွှတ်တော်ထဲ တင်ပြပေးမယ့် ကိုယ်စားလှယ်တွေဟာ...
Photo credit - social media
December 22, 2025
ရွှေ့ပြောင်းမြန်မာပြည်သူတွေဟာ အနာဂတ်အခြေအနေဆိုင်ရာ စိုးရိမ်မှုနဲ့ မျှော်လင့်မှုတွေမှာ...
Photo credit - CJ
December 20, 2025
မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင် ပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲ နီးလာတာနဲ့အမျှ ဒေသတွင်းမှာ...
December 19, 2025
မွန်ပြည်နယ်တောင်ပိုင်းက စစ်ရေးလှုပ်ရှားမှု အများဆုံးဒေသဖြစ်တဲ့ ရေးမြို့နယ်မှာ စစ်ကော်မရှင်က...