ဖားကန့် Mawmau Bum ပြည်သူပိုင်လမ်း ရောင်းစားမှု ဒေသခံများ စိတ်မကောင်း

ဖားကန့် Mawmau Bum ပြည်သူပိုင်လမ်း ရောင်းစားမှု ဒေသခံများ စိတ်မကောင်း

ဖားကန့် Mawmau Bum (မှော်မောင်ဘွမ်) ပြည်သူပိုင် တစ်ခုတည်း ကျန်နေသော တောင်တက် လမ်းမကြီးကို အစိုးရ အုပ်ချုပ်ရေးမှူးများမှ သက်ဆိုင်ရာ ကုမ္မဏီများကို ရောင်းချပေးလိုက်သောကြောင့် ဒေသခံများ စိတ်မကောင်းဖြစ်နေကြောင်း ရင်ဖွင့် ပြောဆိုလာပါသည်။

ရောင်းချလိုက်သော တောင်တက်လမ်းမကြီးသည် ဧရိယာအားဖြင့် အရှည်လိုက် ပေပေါင်း ၄၈၉၁၊ အလျား ၆၀ ဝန်းကျင်ရှိပြီး ရပ်မိရပ်ဖဖြစ်သည့် ဦးမြင့်မောင်က တရားဝင် လက်မှတ်ရေးထိုးကာ ကျပ်ငွေ သိန်း ၅၀၀၀ ဖြင့် ရောင်းပေးခဲ့သည်ဟု ဆိုပါသည်။

ယခုနှစ်အတွင်း အုပ်ချုပ်ရေးမှူးများက ရွာသားများကို တိုင်ပင်ဆွေးနွေးမှု မရှိဘဲ ကုမ္မဏီများကိုရောင်းပေးပြီး နောက် ရွာသားများကို ဆန်တစ်အိတ်ပေးရန် ပြောဆိုလာ သဖြင့် ရွာသားများက သဘောမတူသောကြောင့် တစ်အိမ်ကို ကျပ်ငွေတစ်သိန်းစီ ဖြင့် ခွဲဝေပေးကြောင်းကို ရွာသားတစ်ဦး ပြောပါသည်။

“တိုင်ပင်မှုမရှိဘဲ ရောင်းပြီးတဲ့အချိန်မှ အစည်းအဝေးခေါ်တယ်။ သူတို့ အုပ်ချုပ်ရေးမှူးတွေ လုပ်ပြီးတဲ့အချိန်ကျမှ ရွာသားတွေက ဘာမှမတတ်နိုင်တော့ဘူး။ ပြီးရင် ရွာမှာလည်း ပြောရဲ ဆိုရဲ တဲ့သူ မရှိဘူး။”

ရောင်းချလိုက်သော လမ်းမကြီးအစား နောက်ထပ် လမ်းကြော နေရာအသစ်တစ်ခု ဖောက်လုပ်ပေးထားသော်လည် မိုးတွင်းကာလ ဖြစ်နေသောကြောင့် သွားလာရန်ခက်ခဲနေကြောင်း ဆက်လက်ပြောဆိုပါသည်။

အများပြည်သူ ဖြတ်သန်းသွားလာနေသည့် လမ်းမကြီးများတွင် ပျက်စီးယိုယွင်းမှု ဖြစ်လာချိန် တာဝန်ရှိသူများမှ ကာကွယ်စောင့်ရှောက်ပေးရမည့် တာဝန်ရှိသည်ဟု ဖားကန့်အခြေစိုက် ကချင်လူမှုဖွံံ့ဖြိုးရေးကွန်ယက်အဖွဲ့ (Myusha Zinlum Hpung) တာဝန်ခံ ဆရာ Lamawng La Tawng ယခုလိုပြောဆိုပါသည်။

“ဒီလမ်မကြီးက ပြည်သူအားလုံး အသုံးပြုနေတဲ့လမ်းဖြစ်တယ်။ ဘာကြောင့်အခုလို လုပ်လိုက်တာလဲ။ တစ်ခေါက်ထဲမဟုတ်ဘူး။ အကြိမ်ပေါင်းများလာပြီ။ ဒီလမ်းက မနေ့တစ်နေ့က လုပ်ထားတဲ့လမ်းမဟုတ်ဘူး။ ကျနော်တို့ဒေသခံတွေက သူများ ထိပါးလာရင်တောင် ကာကွယ်စောင့်ရှောက်ရမယ့်တာဝန်ရှိတယ်။ အာဏာရှိတဲ့သူတွေက မိမိကိုယ်ကျိုးအတွက် ကြိုက်သလို စီစဉ်လုပ်ကိုင်နေကြတယ်။ သူတို့ နာမည်မခံချင်လို့ ပြည်သူတွေကိုပါ ဆွဲထည့်ပြီး နည်းနည်းစီဖဲ့ပေးနေတယ်။”

ယခုလို အများပြည်သူဖြတ်သွားနေသော လမ်းမကြီးကို ကုမ္ပဏီအား ရောင်းပေးလိုက်ခြင်းပေါ် Mawmau Bum ကျေးရွာ အုပ်ချုပ်ရေးမှူးမှ ကချင်သတင်းဌာန KNG ကို ယခု ရှင်းပြပါသည်။

“အရင်တုန်းကတော့ ကျနော်တို့ကာကွယ်ထားပါတယ်။ ဘေးပတ်ပတ်လည်လည် ကုမ္မဏီတူးနေတော့ ကာကွယ်လို့မရတော့ဘူး။ ဘေးပတ်လည်ပြိုကျလာတယ်။ ဒါကြောင့်ကုမ္မဏီကိုပြောပြီး လမ်းကိုတော့ နောက်တစ်နေရာပြန်လုပ်ခိုင်းတယ်။ တမင်ရောင်းစားတာမဟုတ်ပါဘူး။ ရောင်းစားလို့လည်းမရပါဘူး။ ဒါပေမဲ့စောင့်ရှောက်ခ ဆိုပြီး တောင်းယူတာတော့ရှိတယ်။”

ဖားကန့်မြို့နယ်အုပ်ချုပ်ရေးမှူး ဦး ကျော်စွာအောင် အနေဖြင့် ယခုကိစ္စအသေးစိတ်ကို မသိရသေးကြောင်း နှင့် ဖြစ်စဉ်ကို ပြန်လည်စစ်ဆေးပြီး သိရှိပါက တရားဥပဒေအရ လုပ်ဆောင်သွားမည်ဟု ကချင်သတင်းဌာန KNG ကိုပြောဆိုသည်။

အရှေ့နာဂကာကွယ်ရေးတပ် (ENDA) / Crd - ENDA
September 19, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်အတွင်း အရှေ့နာဂကာကွယ်ရေးတပ် (ENDA) က တပ်သားသစ်စုဆောင်း ရန်...
စင်းခန်းကျေးရွာတစ်ဝိုက် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် မီးလောင်ကျွမ်းနေစဉ်။ / Crd
September 18, 2026
ကချင်ပြည်၊ ဗန်းမော်၊ မံစီနှင့် ဇင်းဘုံ၊ စင်းခန်းတံတားတစ်ဝိုက် ဒေသများတွင် စစ်ရေးတင်းမာနေပြီး...
မြစ်ကြီးနားမြို့ Happy KTV တွင် ဖမ်းဆီးခံခဲ့ရသည့် KIO အရာရှိများကို တွေ့ရစဉ်။ / ပုံဟောင်း
September 18, 2026
ကချင်ပြည် မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက်ရှိ Happy KTV တွင် ဖမ်းဆီးခံခဲ့ရသည့် KIO အရာရှိ ၁၃...
ကချင်ပြည်၊ ဝိုင်းမော်မြို့အတွင်း ART ဆေး ရရှိနိုင်သည့် ကျန်းမာရေးစင်တာတစ်ခုအား တွေ့ရစဉ်။ / Crd
September 18, 2026
ကချင်ပြည်အတွင်း HIV ပိုးထိန်းဆေး (ART) ပြတ်လပ်နေသည့်အတွက် HIV လူနာများအကြား စိုးရိမ်မှု...