ဆန္ဒပြ လူငယ်ခေါင်းဆောင် (၃)ဦးအမှု တရားလို သက်သေ အစစ်ခံရန် ပျက်ကွက်

ဆန္ဒပြ လူငယ်ခေါင်းဆောင် (၃)ဦးအမှု တရားလို သက်သေ အစစ်ခံရန် ပျက်ကွက်

တပ်မတော် အသရေဖျက်မှု ဖြင့် တရားစွဲခံထားရသော ကချင်လူငယ် ဆန္ဒပြ ဦးဆောင်သူ (၃)ဦးကို တရားစွဲထားသည့်အမှု ယမန်နေ့ သြဂုတ်လ (၁၃)ရက်နေ့ ရုံးချိန်းထားသော်လည်း တရားလို သက်သေဘက်မှ ခွင့်ယူ ထားသောကြောင့် စစ်ဆေးခြင်း မပြုနိုင်ဘဲ ထပ်မံ ရုံးချိန်း ဆိုလိုက်ပါသည်။

တရားလို သက်သေဘက်မှ ခွင့်ယူ သည့်အပေါ် တရားစွဲ ခံထားရသူများမှ ဦး Lum Zawng က ယခုလို ပြောပါသည်။

“တပ်မတော်ဘက်က အခု ကျနော်တို့ကို တရားစွဲ ထားတာဖြစ်ပေမယ့် သက်သေတွေ ဘာမှ ပြည့်စုံခြင်းလည်း မရှိဘူး။ သူတို့ဘက်က တရားလို ဦးတိုက်လျှောက်လွှာဖြစ်တဲ့ အတွက် တကယ်ဆိုရင် သူတို့ သက်သေတွေ က ရောက် ကိုရောက်လာ ရမယ်၊ ဒီလို မဖြစ်ဘူးဆိုရင် တရားသူကြီးကလဲ ဒီအမှုကို ပယ်ချပစ်ရမယ်။ ဒါပေမယ့် ခုက တပ်မတော်ဘက်မှ တရားစွဲထားတာ ဖြစ်တယ်ဆိုတော့ တရားသူကြီးကလည်း တရားဥပဒေကျကျ လုပ်ဖို့ ခက်ခဲနေတယ်လို မြင်ပါတယ်။”

လွန်ခဲ့အပတ် သြဂုတ် (၆)ရက်နေ့ ရုံးချိန်း တရားလို သက်သေများအား စစ်ဆေးရာတွင်လည်း သက်သေအနေဖြင့် ယခု တရားစွဲခြင်း ဖြစ်စဉ်ကို မသိသလို၊ တရားခံ (၃)ဦးကိုလည်း တိတိကျကျ မသိကြောင်း ထွက်ဆိုခဲ့ပါသည်။

ထပ်မံ စစ်ဆေးရန် သြဂုတ်လ (၂၀) ရက်နေ့တွင် ရုံးချိန်းထားကြောင်း သိရပါသည်။

June 27, 2026
ကချင်ပြည်နယ်မှာ ပြည်သူလူထုတွေ ကန့်ကွက်နေတဲ့ မြစ်ဆုံစီမံကိန်းကို ၈ နှစ်တာအတွင်းမှာ မဖြစ်ဖြစ်အောင်...
June 26, 2026
ကချင်ပြည်နယ် မိုးကောင်းမြို့မှာ ရေကြီးရေလျှံမှုဖြစ်ပြီးနောက် ရေထဲမှာ ဆေးထိုးအပ်တွေ...
June 25, 2026
ကချင်ပြည်နယ် ချီဖွေမြို့နဲ့ နီးကပ်စွာ မြေရှားသတ္တုတူးဖော်ဖို့ သတ္တုဆိုက်တွေ...
June 24, 2026
ကချင်ပြည်နယ်ထဲက စစ်ဘေးရှောင်စခန်းတချို့မှာ ကိုယ်ဝန်ဆောင်မိခင်တွေ ကျန်းမာရေးစောင့်ရှောက်မှု...