Published
Friday, August 03, 2018
ချင်းပြည်နယ် မတူပီမြို့နယ်တွင် အလယ်တန်းကျောင်းတစ်ကျောင်းဖွင့်ပွဲကျင်းပပြုလုပ်
ချင်းပြည်နယ်တောင်ပိုင်း မတူပီမြို့နယ် ဟရိန်းပီကျေးရွာတွင်အလယ်တန်းကျောင်းဖွင့်လှစ်ပွဲကို ယနေ့ မွန်းလွဲ ၁းဝ၀ နာရီခန့်တွင်ကျင်းပပြုလုပ်ခဲ့ပါသည်။
ဖွင့်ပွဲတွင် ပြည်နယ် လူမှုရေးဝန်ကြီး ဦးပေါင်လွန်မင်းထန် တက်ရောက်ပြီး ပြည်နယ် ညွှန်ကြားရေးမှူး ဒေါ် နှင်းကြည်နှင့်အဖွဲ့က ပူးပေါင်း ပါဝင်ကြကြောင်းသိရပါသည်။
"ကျောင်းကတော့ဖွင့်ပြီး ကျောင်းသားသူ ၁၀၀ ကျော်တော့ရှိတယ်။ ဒါပေမဲ့ ဆရာ၊ဆရာမကတော့ မလုံလောက် သေးဘူး" ဟု ဒေသခံတစ်ဦးက ခိုနုမ်းသုန်သတင်းဌာနကို တယ်လီဖုန်းဖြင့် ပြောပြခဲ့ ပါသည်။
ဝန်ကြီးနှင့်အဖွဲ့သည် ယနေ့ဟားခါးမြို့သို့ ပြန်ထွက်ခွာလာကြောင်း သိရသည်။







