ချင်းပြည်နယ် မတူပီမြို့နယ်တွင် အလယ်တန်းကျောင်းတစ်ကျောင်းဖွင့်ပွဲကျင်းပပြုလုပ်

ချင်းပြည်နယ် မတူပီမြို့နယ်တွင် အလယ်တန်းကျောင်းတစ်ကျောင်းဖွင့်ပွဲကျင်းပပြုလုပ်

ချင်းပြည်နယ်တောင်ပိုင်း မတူပီမြို့နယ် ဟရိန်းပီကျေးရွာတွင်အလယ်တန်းကျောင်းဖွင့်လှစ်ပွဲကို ယနေ့ မွန်းလွဲ ၁းဝ၀ နာရီခန့်တွင်ကျင်းပပြုလုပ်ခဲ့ပါသည်။

ဖွင့်ပွဲတွင် ပြည်နယ် လူမှုရေးဝန်ကြီး ဦးပေါင်လွန်မင်းထန် တက်ရောက်ပြီး ပြည်နယ် ညွှန်ကြားရေးမှူး ဒေါ် နှင်းကြည်နှင့်အဖွဲ့က ပူးပေါင်း ပါဝင်ကြကြောင်းသိရပါသည်။

"ကျောင်းကတော့ဖွင့်ပြီး ကျောင်းသားသူ ၁၀၀ ကျော်တော့ရှိတယ်။ ဒါပေမဲ့ ဆရာ၊ဆရာမကတော့ မလုံလောက် သေးဘူး" ဟု ဒေသခံတစ်ဦးက ခိုနုမ်းသုန်သတင်းဌာနကို တယ်လီဖုန်းဖြင့် ပြောပြခဲ့ ပါသည်။

ဝန်ကြီးနှင့်အဖွဲ့သည် ယနေ့ဟားခါးမြို့သို့ ပြန်ထွက်ခွာလာကြောင်း သိရသည်။

May 8, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် စစ်အစိုးရအုပ်ချုပ်ရေးယန္တရာများကို ပြန်လည်ပတ်နိုင်ရေးအတွက်...
May 7, 2026
ချင်းပြည်နယ် ဖလမ်းမြို့ကို အာဏာသိမ်းစစ်တပ်က သိမ်းပိုက်ပြီးနောက်...
May 6, 2026
အသွင်ပြောင်းစစ်အစိုးရသမ္မတ ဖြစ်လာသူ၊ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ချင်းပြည်နယ်မှာ...
May 5, 2026
အာဏာသိမ်းတပ်၏ ချင်းပြည်တောင်ပိုင်းထိုးစစ်များကို ခုခံတွန်းလှန်ရန်အတွက် ချင်းပြည်သူ့တပ်မတော် (CPU...