အဖမ်းခံ ပူတာအို အရပ်ဘက် ခေါင်းဆောင် ဆရာမင်ဆိုင်း အမှု တရားလိုသက်သေ (၂)ဦး ကို စစ်ဆေး

အဖမ်းခံ ပူတာအို အရပ်ဘက် ခေါင်းဆောင် ဆရာမင်ဆိုင်း အမှု တရားလိုသက်သေ (၂)ဦး ကို စစ်ဆေး

မတရားအသင်းဆက်သွယ်မှု ဥပဒေ ပုဒ်မ ၁၇(၁)နှင့်အရေးယူခံထားရသည့် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC ဓမ္မဆရာဟောင်း ပူတာအိုခရိုင် နမ်ရှနီ လူမှုဖွံ့ဖြိုးရေးအဖွဲ့ ခေါင်းဆောင် ဆရာမင်ဆိုင်း ကို ဇူလိုင် (၃၀)ရက်နေ့ မချန်းဘော့မြို့နယ် တရားရုံးတွင် (၁၀)ကြိမ်မြောက် ရုံးထုတ် စစ်ဆေးခဲ့ပါသည်။

လွန်ခဲ့သည့် ၂၀၁၃ ၎င်း၏ ဇာတိ Nhka Ga (အင်ခါဂါး) ကျေးရွာ တိုက်ပွဲအတွင်း ကချင်လွတ်လပ်ရေးတပ်မတော် KIA ကို ဆရာ Min Seng (မင်ဆိုင်း) သည် သတင်းပေးခဲ့ကြောင်း ပူတာအိုမြို့နယ် ရဝမ်ယဉ်ကျေးမှုဥက္ကဌဟောင်း ဦးဆာဝန်ဖုန် မှ ခါကာဘိုရာဇီအမျိုးသားဥယျာဉ် တောင်ပိုင်းတိုးချဲ့နယ်မြေ နှင့် ပတ်သက်ပြီး ဝန်ကြီးချုပ်ထံ ပေးပို့သည်စာတွင် ဖော်ပြပြီးနောက် မြန်မာအစိုးရ ခြေလျင်တပ်ရင်း (၁၃၇)မှ ဗိုလ်ကြီးသက်ထွန်းအောင် တရားလို အမှုဖွင့်ခဲ့ခြင်းဖြစ်ပါသည်။



ထို့ကြောင့် ဆရာ Min Seng ကို ယခုနှစ် ဧပြီလ (၅)ရက်နေ့တွင် ဖမ်းဆီးခဲ့ပြီး ဧပြီ (၂၀)ရက်နေ့တွင် စတင် စစ်ဆေးခဲ့ပါသည်။



ဇူလိုင် (၃၀)ရက်နေ့ ရုံးချိန်းစစ်ဆေးမှုတွင် တရားလိုသက်သေများဖြစ်သော ဝန်ကြီးချုပ်ထံ စာပို့သည့် ဦးဆာဝန်ဖုန် နှင့် ၂၀၁၃ Nhka Ga (အင်ခါဂါး) တိုက်ပွဲတွင် ပါဝင်ခဲ့သူ ခလရ (၁၃၇)မှ ဒုတပ်ကြပ်မြင့်ဌေး တို့ ၂ ဦးကို စစ်ဆေးခဲ့ပါသည်။



သို့သော်လည်း ၄င်းတို့အနေဖြင့် ဆရာ Min Seng သည် သတင်းပေးသူ ဟုတ် မဟုတ် တိကျစွာ သိရှိပြီး ရေးသားခြင်း မဟုတ်ခဲ့ကြောင်း ဇူလိုင် (၃၀)ရက်နေ့ တွင် ထွက်ဆိုခဲ့သည်ဟု သိရပါသည်။



ဆရာ Min Seng သည် ပူတာအိုခရိုင် အရပ်ဖက် လူမှုအဖွဲ့အစည်းများ၏ ဦးဆောင်လည်း ဖြစ်ပြီး မြန်မာအစိုးရ၏ ခါကာဘိုရာဇီအမျိုးသားဥယျာဉ်တောင်ပိုင်းတိုးချဲ့နယ်မြေ သတ်မှတ်မှုအပေါ် ကွင်းဆင်းစစ်ဆေးမည့် အဖွဲ့တွင်လည်း ပါဝင်သည်ဟု သိရသည်။



ဆရာ Min Seng ၏ ဇနီးသည် အစိုးရဝန်ထမ်း ကျောင်းဆရာမ ဖြစ်ပြီး ကလေး (၃)ဦး ရှိသည်။



အမှုဆက်လက်စစ်ဆေးရန် သြဂုတ်လ (၁၃)ရက်နေ့ ထပ်မံ ရုံးချိန်းထားပါသည်။

January 16, 2026
ဗန်းမော်တိုက်ပွဲမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA က စစ်ရှိုန်မြင့်တင်ပြီး တိုက်ပွဲဖော်ဆောင်နေတဲ့...
January 15, 2026
ကချင်ပြည်နယ် တနိုင်းမြို့နယ် ပယင်းမှော်ဒေသ တိုက်ပွဲဖြစ်နေတဲ့ လပူမှော်(Lapu Maw)နဲ့ ဝိုင်လော(Wai...
ပူတာအိုမြို့လေယာဉ်ကွင်းမှာ စစ်တပ် စစ်အင်အားအလုံးအရင်းမြင်တွေ့ရတဲ့မြင်ကွင်းဖြစ်ပါတယ်။ (ပုံဟောင်းအသုံးပြုထားပါတယ်)
January 14, 2026
ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ်ဘက်ကို စစ်ကောင်စီတပ်က လေကြောင်း၊ ကုန်းသုံးပြီး...
January 13, 2026
စစ်ကိုင်းတိုင်း နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသထဲက NSCN-K ရဲ့ ဌာနချုပ်အထိုင်ချခဲ့ဖူးတဲ့...