အဖမ်းခံ ပူတာအို အရပ်ဘက် ခေါင်းဆောင် ဆရာမင်ဆိုင်း အမှု တရားလိုသက်သေ (၂)ဦး ကို စစ်ဆေး

အဖမ်းခံ ပူတာအို အရပ်ဘက် ခေါင်းဆောင် ဆရာမင်ဆိုင်း အမှု တရားလိုသက်သေ (၂)ဦး ကို စစ်ဆေး

မတရားအသင်းဆက်သွယ်မှု ဥပဒေ ပုဒ်မ ၁၇(၁)နှင့်အရေးယူခံထားရသည့် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC ဓမ္မဆရာဟောင်း ပူတာအိုခရိုင် နမ်ရှနီ လူမှုဖွံ့ဖြိုးရေးအဖွဲ့ ခေါင်းဆောင် ဆရာမင်ဆိုင်း ကို ဇူလိုင် (၃၀)ရက်နေ့ မချန်းဘော့မြို့နယ် တရားရုံးတွင် (၁၀)ကြိမ်မြောက် ရုံးထုတ် စစ်ဆေးခဲ့ပါသည်။

လွန်ခဲ့သည့် ၂၀၁၃ ၎င်း၏ ဇာတိ Nhka Ga (အင်ခါဂါး) ကျေးရွာ တိုက်ပွဲအတွင်း ကချင်လွတ်လပ်ရေးတပ်မတော် KIA ကို ဆရာ Min Seng (မင်ဆိုင်း) သည် သတင်းပေးခဲ့ကြောင်း ပူတာအိုမြို့နယ် ရဝမ်ယဉ်ကျေးမှုဥက္ကဌဟောင်း ဦးဆာဝန်ဖုန် မှ ခါကာဘိုရာဇီအမျိုးသားဥယျာဉ် တောင်ပိုင်းတိုးချဲ့နယ်မြေ နှင့် ပတ်သက်ပြီး ဝန်ကြီးချုပ်ထံ ပေးပို့သည်စာတွင် ဖော်ပြပြီးနောက် မြန်မာအစိုးရ ခြေလျင်တပ်ရင်း (၁၃၇)မှ ဗိုလ်ကြီးသက်ထွန်းအောင် တရားလို အမှုဖွင့်ခဲ့ခြင်းဖြစ်ပါသည်။



ထို့ကြောင့် ဆရာ Min Seng ကို ယခုနှစ် ဧပြီလ (၅)ရက်နေ့တွင် ဖမ်းဆီးခဲ့ပြီး ဧပြီ (၂၀)ရက်နေ့တွင် စတင် စစ်ဆေးခဲ့ပါသည်။



ဇူလိုင် (၃၀)ရက်နေ့ ရုံးချိန်းစစ်ဆေးမှုတွင် တရားလိုသက်သေများဖြစ်သော ဝန်ကြီးချုပ်ထံ စာပို့သည့် ဦးဆာဝန်ဖုန် နှင့် ၂၀၁၃ Nhka Ga (အင်ခါဂါး) တိုက်ပွဲတွင် ပါဝင်ခဲ့သူ ခလရ (၁၃၇)မှ ဒုတပ်ကြပ်မြင့်ဌေး တို့ ၂ ဦးကို စစ်ဆေးခဲ့ပါသည်။



သို့သော်လည်း ၄င်းတို့အနေဖြင့် ဆရာ Min Seng သည် သတင်းပေးသူ ဟုတ် မဟုတ် တိကျစွာ သိရှိပြီး ရေးသားခြင်း မဟုတ်ခဲ့ကြောင်း ဇူလိုင် (၃၀)ရက်နေ့ တွင် ထွက်ဆိုခဲ့သည်ဟု သိရပါသည်။



ဆရာ Min Seng သည် ပူတာအိုခရိုင် အရပ်ဖက် လူမှုအဖွဲ့အစည်းများ၏ ဦးဆောင်လည်း ဖြစ်ပြီး မြန်မာအစိုးရ၏ ခါကာဘိုရာဇီအမျိုးသားဥယျာဉ်တောင်ပိုင်းတိုးချဲ့နယ်မြေ သတ်မှတ်မှုအပေါ် ကွင်းဆင်းစစ်ဆေးမည့် အဖွဲ့တွင်လည်း ပါဝင်သည်ဟု သိရသည်။



ဆရာ Min Seng ၏ ဇနီးသည် အစိုးရဝန်ထမ်း ကျောင်းဆရာမ ဖြစ်ပြီး ကလေး (၃)ဦး ရှိသည်။



အမှုဆက်လက်စစ်ဆေးရန် သြဂုတ်လ (၁၃)ရက်နေ့ ထပ်မံ ရုံးချိန်းထားပါသည်။

Most read this week

အရှေ့နာဂကာကွယ်ရေးတပ် (ENDA) / Crd - ENDA
September 19, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်အတွင်း အရှေ့နာဂကာကွယ်ရေးတပ် (ENDA) က တပ်သားသစ်စုဆောင်း ရန်...
စင်းခန်းကျေးရွာတစ်ဝိုက် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် မီးလောင်ကျွမ်းနေစဉ်။ / Crd
September 18, 2026
ကချင်ပြည်၊ ဗန်းမော်၊ မံစီနှင့် ဇင်းဘုံ၊ စင်းခန်းတံတားတစ်ဝိုက် ဒေသများတွင် စစ်ရေးတင်းမာနေပြီး...
မြစ်ကြီးနားမြို့ Happy KTV တွင် ဖမ်းဆီးခံခဲ့ရသည့် KIO အရာရှိများကို တွေ့ရစဉ်။ / ပုံဟောင်း
September 18, 2026
ကချင်ပြည် မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက်ရှိ Happy KTV တွင် ဖမ်းဆီးခံခဲ့ရသည့် KIO အရာရှိ ၁၃...
ကချင်ပြည်၊ ဝိုင်းမော်မြို့အတွင်း ART ဆေး ရရှိနိုင်သည့် ကျန်းမာရေးစင်တာတစ်ခုအား တွေ့ရစဉ်။ / Crd
September 18, 2026
ကချင်ပြည်အတွင်း HIV ပိုးထိန်းဆေး (ART) ပြတ်လပ်နေသည့်အတွက် HIV လူနာများအကြား စိုးရိမ်မှု...