ဘီးလင်းတွင် ရေထဲမျောပါသွားသော တပ်မတော်သား ၁ ဦး၏ ရုပ်အလောင်း ထပ်မံတွေ့ရှိ

ဘီးလင်းတွင် ရေထဲမျောပါသွားသော တပ်မတော်သား ၁ ဦး၏ ရုပ်အလောင်း ထပ်မံတွေ့ရှိ

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်အတွင်း ရေစီးနှင့်အတူ မျောပါသွားခဲ့သည့် တပ်မတော်သား ၃ ဦးအနက် တပ်မတော်သား ၁ ဦး၏ နောက်ထပ်ရုပ်အလောင်းအား ထပ်မံတွေ့ရှိကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ထုတ်ပြန်သည်။

ပြီးခဲ့သည့် ဇူလိုင် ၂၅ ရက်က ဘီးလင်းတွင် ရေကြီးရေလျှံမှုများကြောင့် ဒေသခံများအား ကူညီနေစဉ် တပ်မတော်သား ၆ ဦး ရေစီးနှင့် မျောပါသွားရာ တပ်မတော်သား ၃ ဦး က တိုင်များ ဖက်တွယ်ထားနိုင်ပြီး ၃ ဦးမှာ မျောပါသွားခြင်း ဖြစ်သည်။

ယနေ့ နံနက် ၈ နာရီ ၄၅ မိနစ်ခန့်တွင် မစောတံတား၏ တောင်ဘက် မီတာ ၁၄၀၀ ခန့်အကွာ ရေအောက်ရှိ ချုံနွယ် များအတွင်း ငြိတွယ်လျက်ရှိသော တပ်မတော်သား ၁ ဦး၏ ရုပ်အလောင်း တွေ့ရှိခဲ့ပြီး ဇူလိုင် ၂၇ ရက် မွန်းလွဲပိုင်းကလည်း တပ်မတော်သား ၁ ဦး၏ ရုပ်အလောင်းအား တွေ့ရှိခဲ့သည်။

တွေ့ရှိသော တပ်မတော်သား ရုပ်အလောင်းအား ဘီးလင်းမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်၍ လုပ်ထုံး လုပ်နည်းများနှင့်အညီ ဆောင်ရွက်လျက်ရှိကာ ၎င်းင်းစစ်သည်ရုပ်အလောင်းအား စစ်အခမ်းအနားဖြင့် ကောင်းမွန်စွာ သင်္ဂြိုဟ်ပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ကြောင့် ကျန်ရှိ တပ်မတော်သား ၁ ဦးအား ဆက်လက်ရှာဖွေလျက်ရှိကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ ထုတ်ပြန်သည်။

ဇူလိုင်လ ၃၀ ရက်အထိ ဘီးလင်းမြစ်ရေသည် ဘီးလင်းမြို့တွင် (၁)ပေခန့် စိုးရိမ်ရေမှတ်အထက် ကျော်လွန်နေ သည်ဟု မိုးဇလမှ ထုတ်ပြန်ထားသည်။

Most read this week

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်တပ်(လေ)၏ ဖွဲ့စည်းတည်ထောင်မှု (၇၄)နှစ် မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား တက်ရောက်စဉ်။ (MOI)
March 28, 2026
မောင်ခက်နွေ - စစ်ကော်မရှင်က အာဏာသိမ်းကာလ ငါးနှစ်ကျော်အတွင်း လေကြောင်းတိုက်ခိုက်မှု ၆,၉၈၆ ကြိမ်...
March 27, 2026
ပါခွီး — မကွေးတိုင်း ၊ မကွေးမြို့အခြေစိုက် လေတပ်စခန်းကို ၁၀၇မမ ရှော့တိုက်ဒုံး ၁၁လုံးဖြင့်...
March 26, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ မိသားစုသည် ထိုင်းနိုင်ငံ၊...
March 25, 2026
ရခိုင်၊ စစ်တွေမြို့အနီး ကုလားတန်မြစ်ဘေးရှိ ရွှေမင်းဂံဆိပ်ကမ်းနှင့် ကျောက်ဖြူမြို့ရှိ မင်းပြင်-...