ကလေးမြို့တွင် Chin Unity Forum ကျင်းပမည်

ကလေးမြို့တွင် Chin Unity Forum ကျင်းပမည်

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်အတွင်း နေထိုင်ကြသော ချင်းမျိူးနွယ်စုများ ပိုမိုစည်းလုံးလာစေရေးအတွက် Chin Unity Forum ကို ဇူလိုင် ၂၈ ရက်နေ့တွင် ကျင်းပပြုလုပ်သွားမည်ဟု သိရသည်။

ချင်းမျိူးနွယ်စုများစည်းလုံးညီညွတ်ရေးဖိုရမ်ကို တာဟန်း Mission ရပ်ကွက် MYA Chapel တွင် ကျင်းပပြုလုပ်မည်ဖြစ်ပြီး အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်မှ Zoram Nationalist Party ဥက္ကဌ Pu Lalduhawma ကို ဧည့်သည်တော်ကြီးအဖြစ် ဖိတ်ကြားထားသည်ဟု Chin Unity Forum ဖြစ်မြောက်ရေးကော်မတီဒု ဥက္ကဌ Pu Bawlliana ကပြောသည်။

“ကျနော်တို့ချင်းမျိူးနွယ်စုတွေမှာ ကိုယ့်အဖွဲ့အစည်းကိုယ်စီရှိကြတယ်၊ ဒါပေမယ့် ဒီလိုမျိူး Unity Forum ပုံစံမျိူးနဲ့ တခါမှ မဆုံဖြစ်ကြဘူး ဒါကြောင့် ခုလိုဖိုရမ်လုပ်ဖို့စီစဉ်တာဖြစ်တယ်၊ အဓိကတော့ ရှေ့အနာဂတ်မှာ စည်းစည်းလုံးလုံးနဲ့ ဘယ်လို ပေါင်းစည်းနိုင်ကြမလဲဆိုတာ ဒီဖိုရမ်ကနေ အဓိကဆွေးနွေးအဖြေရှာကြမှာပါ’’ ဟု Pu Bawlliana ကပြောသည်။

ယခုကျင်းပမည့် ဖိုရမ်သည် ကလေးမြို့တွင် ချင်းလူမျိူးများအကြား ပထမဆုံးအကြိမ်ကျင်းပပြုလုပ်မည့် ဖိုရမ်ဖြစ်ပြီး အထူးသဖြင့် ကလေးမြို့နယ်အတွင်း နေထိုင်ကြသည့် ချင်းမျိူးနွယ်စုများ အမိုးတစ်ခုအောက်တွင် စည်းလုံးညီညွတ်လာ စေရေးကို အဓိကဦးတည်သည်ဟု သိရသည်။

Most read this week

February 23, 2026
မကွေးတိုင်း၊ ဂန့်ဂေါခရိုင် တပ်ရင်း (၁၃) လှုပ်ရှားနယ်မြေအတွင်းဖြစ်သည့် ဆော - ကျောက်ထု -...
ဓါတ်ပုံ - APM
February 21, 2026
စစ်တပ်ကြောင့် အိမ်နီးနားချင်းများ ညီအစ်ကိုမောင်နှမစိတ်ဓါတ် ပျောက်ကွယ်ခဲ့ရဟု ဆို အာရက္ခဒေသ...
February 20, 2026
လက်ရှိတော်လှန်ရေးကာလတွင် ချင်းပြည်နယ်က အရွယ်ရောက်ပြီးသူတိုင်း ချင်းပြည်ကို မစွန့်ခွာဘဲ...
February 19, 2026
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အခြေစိုက် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) အဖွဲ့၏...