ကလေးမြို့တွင် Chin Unity Forum ကျင်းပမည်

ကလေးမြို့တွင် Chin Unity Forum ကျင်းပမည်

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်အတွင်း နေထိုင်ကြသော ချင်းမျိူးနွယ်စုများ ပိုမိုစည်းလုံးလာစေရေးအတွက် Chin Unity Forum ကို ဇူလိုင် ၂၈ ရက်နေ့တွင် ကျင်းပပြုလုပ်သွားမည်ဟု သိရသည်။

ချင်းမျိူးနွယ်စုများစည်းလုံးညီညွတ်ရေးဖိုရမ်ကို တာဟန်း Mission ရပ်ကွက် MYA Chapel တွင် ကျင်းပပြုလုပ်မည်ဖြစ်ပြီး အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်မှ Zoram Nationalist Party ဥက္ကဌ Pu Lalduhawma ကို ဧည့်သည်တော်ကြီးအဖြစ် ဖိတ်ကြားထားသည်ဟု Chin Unity Forum ဖြစ်မြောက်ရေးကော်မတီဒု ဥက္ကဌ Pu Bawlliana ကပြောသည်။

“ကျနော်တို့ချင်းမျိူးနွယ်စုတွေမှာ ကိုယ့်အဖွဲ့အစည်းကိုယ်စီရှိကြတယ်၊ ဒါပေမယ့် ဒီလိုမျိူး Unity Forum ပုံစံမျိူးနဲ့ တခါမှ မဆုံဖြစ်ကြဘူး ဒါကြောင့် ခုလိုဖိုရမ်လုပ်ဖို့စီစဉ်တာဖြစ်တယ်၊ အဓိကတော့ ရှေ့အနာဂတ်မှာ စည်းစည်းလုံးလုံးနဲ့ ဘယ်လို ပေါင်းစည်းနိုင်ကြမလဲဆိုတာ ဒီဖိုရမ်ကနေ အဓိကဆွေးနွေးအဖြေရှာကြမှာပါ’’ ဟု Pu Bawlliana ကပြောသည်။

ယခုကျင်းပမည့် ဖိုရမ်သည် ကလေးမြို့တွင် ချင်းလူမျိူးများအကြား ပထမဆုံးအကြိမ်ကျင်းပပြုလုပ်မည့် ဖိုရမ်ဖြစ်ပြီး အထူးသဖြင့် ကလေးမြို့နယ်အတွင်း နေထိုင်ကြသည့် ချင်းမျိူးနွယ်စုများ အမိုးတစ်ခုအောက်တွင် စည်းလုံးညီညွတ်လာ စေရေးကို အဓိကဦးတည်သည်ဟု သိရသည်။

Most read this week

December 23, 2025
ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်မှာ ချင်းလက်နက်ကိုင် တော်လှန်ရေးတွင်...
December 22, 2025
ချင်းပြည်နယ် ဟားခါးမြို့ကို စစ်ဆေးရေးဂိတ်မဖြတ်ဘဲ ကျေးလက်ဒေသမှ ဆက်သွယ်သွားလာနိုင်သည့်...
December 19, 2025
မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ-MTC သည် လိုင်လင်းပီမြို့အုပ်ချုပ်ရေးအက်ဥပဒေကို ဆွေးနွေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...