KIO နှင့်တွေ့ဆုံရန် ညှိနှိုင်းနေဆဲ ဖြစ်ကြောင်း ငြိမ်းချမ်းရေးကော်မရှင် အတွင်းရေးမှူးဆို

KIO နှင့်တွေ့ဆုံရန် ညှိနှိုင်းနေဆဲ ဖြစ်ကြောင်း ငြိမ်းချမ်းရေးကော်မရှင် အတွင်းရေးမှူးဆို
by -
ဇေယျာမော်
၂၁ရာစု ပင်လုံတက်ရောက်ရန် နေပြည်တော်သို့ရောက်ရှိလာသည့် ဗိုလ်ချုပ်ဂွန်မော်အား ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ခင်ဇော်ဦးမှ ကြိုဆိုစဉ်
၂၁ရာစု ပင်လုံတက်ရောက်ရန် နေပြည်တော်သို့ရောက်ရှိလာသည့် ဗိုလ်ချုပ်ဂွန်မော်အား ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ခင်ဇော်ဦးမှ ကြိုဆိုစဉ်

 ငြိမ်းချမ်းရေးကိစ္စများ ဆွေးနွေးရန် ကချင်လွတ်လပ်ရေးအဖွဲ့(KIO) နှင့် တွေ့ဆုံသွားမည့်ရက်အား ညှိနှိုင်းနေဆဲ အနေအထားသာ ရှိသေးသည်ဟု ငြိမ်းချမ်းရေးကော်မရှင်အတွင်းရေးမှုး ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ခင်ဇော်ဦးက မဇ္စျိမသို့ အတည်ပြုပြောဆိုသည်။

ယနေ့ ဇူလိုင်လ ၁၈ ရက်နေ့တွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ အစိုးရကိုယ်စားလှယ်များနှင့် KIO အဖွဲ့ကိုယ်စားလှယ်များ တွေ့ဆုံသွားမည်ဟု သတင်းများ ထွက်ပေါ်နေခဲ့သော်လည်း တွေ့ဆုံဆွေးနွေးရန် ညှိနှိုင်းနေဆဲဟုသာ ၄င်းက ပြောဆိုခဲ့ခြင်း ဖြစ်သည်။

“ကျွန်တော်က ရန်ကုန်မှာပါ၊ အခု PC ရုံးမှာ ရုံးတက်နေပါတယ်၊ ညှိနေတုံးပါပဲ ” ဟု ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ခင်ဇော်ဦးက မဇ္စျိမ၏ ဆက်သွယ်မေးမြန်းမှုကို ပြန်လည်ဖြေဆိုခဲ့သည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၄ ရက်နေ့တွင် မြောက်ပိုင်းမဟာမိတ်အဖွဲ့များ နေပြည်တော်မှ ပြန်လည်ထွက်ခွာစဉ် KIO ဒုတိယဥက္ကဌ ဗိုလ်ချုပ်ဂွန်မော်က ဆွေးနွေးမှုများဆက်ရှိပါဦးမည်ဟု သတင်းထောက်များအား ပြောဆိုခဲ့သည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး ဗိုလ်ချုပ်ဂွန်မော်အား မဇ္စျိမက ဆက်သွယ်မေးမြန်းရာ “ကျွန်တော်တို့ ဒါကို အလွတ်သဘောပုံစံမျိုးနဲ့ တွေ့ဖို့တော့ ရှိပါတယ်။ အစီအစဉ်တွေ ညှိနှိုင်းနေတုန်းပါ” ဟု ဖြေဆိုခဲ့သည်။

ကချင်လွတ်လပ်ရေးအဖွဲ့(KIO) အပါအဝင် မြောက်ပိုင်းမဟာမိတ်လက်နက်ကိုင်အဖွဲ့များသည် နေပြည်တော်၌ ကျင်းပခဲ့သည့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံသို့ တက်ရောက်လာစဉ် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်တို့ဖြင့် သီးခြားစီ တွေ့ဆုံခဲ့သည်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုးနိုင်ခြင်းမရှိသည့် တိုင်းရင်းသားလက်နက်ကိုင်များ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်လာနိုင်စေမည့် အလားအလာကောင်းများ ရရှိခဲ့သည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ တတိယအကြိမ် အစည်းအဝေးပိတ်ပွဲအခမ်းအနားတွင် ပြောဆိုထားသည်။

May 26, 2026
ဟန်ထူးဇော် — အွန်လိုင်းငွေလိမ်လည်သည့် လုပ်ငန်းများလုပ်ကိုင်မှုကြောင့် နာမည်ဆိုးဖြင့်...
May 25, 2026
ယမင်းဖူးပွင့်အောင် - ပြည်သူ့ဂုဏ်ရည်အဖွဲ့ကပေးအပ်သော ၁၇ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆုကို ၈၈...
May 23, 2026
မောင်ခက်နွေ — စစ်မှုထမ်းပေါ်တာဆွဲခံရမှုမှ ရှောင်ရှားနိုင်ရန် အလုပ်အသွား၊ အပြန်...
အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များ မေလ ၂၁ ရက်တွင် တွေ့ဆုံခဲ့ကြသည့် မြင်ကွင်း။ (NUG)
May 22, 2026
မောင်ခက်နွေ — အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနှင့်...