NCA လက်မှတ်မထိုးထားသည့်အဖွဲ့များနှင့် အလားအလာကောင်းများ ရရှိဟု ဒေါ်အောင်ဆန်းစုကြည်ဆို

NCA လက်မှတ်မထိုးထားသည့်အဖွဲ့များနှင့် အလားအလာကောင်းများ ရရှိဟု ဒေါ်အောင်ဆန်းစုကြည်ဆို
by -
ဇေယျာမော်

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုးနိုင်ခြင်းမရှိသည့် တိုင်းရင်းသားလက်နက်ကိုင်များ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်လာနိုင်စေမည့် အလားအလာကောင်းများ ရရှိခဲ့သည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်သည်။

“ဒီ (NCA လက်မှတ်ရေးထိုးနိုင်ခြင်း မရှိသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင်)အဖွဲ့အစည်းက ကိုယ်စားလှယ်တွေဟာ အစိုးရပိုင်း၊ တပ်မတော်ပိုင်းနဲ့ သီးခြားတွေ့ဆုံမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဒီလိုတွေ့ဆုံရာမှာ လွတ်လပ်ပွင့်လင်းစွာ၊ ရင်းနှီးစွာဆွေးနွေးညှိနှိုင်းနိုင်ခဲ့ပြီး ကျွန်မတို့ရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ပါဝင်နိုင်စေမယ့် အလားအလာကောင်းတွေ များစွာရရှိခဲ့တဲ့အတွက် အားလုံးအတွက် ဝမ်းမြောက်ဖွယ်ရာဖြစ်ကြောင်း တွေ့ရှိရပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ တတိယအကြိမ် အစည်းအဝေး ပိတ်ပွဲအခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည်က အထက်ပါအတိုင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။

၂၁ ရာစုပင်လုံ တတိယအကြိမ် အစည်းအဝေးကို NCA စာချုပ် လက်မှတ်ရေးထိုးထားခြင်းမရှိသည့် ‘ဝ’ အဖွဲ့ (UWSA) ၊ ကချင်အဖွဲ့(KIA)၊ ရှမ်းအဖွဲ့ (SSPP)၊ မိုင်းလားအဖွဲ့(NDAA)၊ တအာင်းအဖွဲ့(TNLA)၊ ကိုးကန့်အဖွဲ့(MNDAA)၊ ရက္ခိုင့်အဖွဲ့(AA) စသည့် မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့များ တက်ရောက်ခဲ့သည်။

ယင်းအဖွဲ့အစည်းမှ ကိုယ်စားလှယ်များသည် အစိုးရ ၊ တပ်မတော် နှင့် သီးခြားတွေ့ဆုံမှုများ ပြုလုပ်ခဲ့ပြီး လွတ်လပ် ပွင့်လင်းစွာ ဆွေးနွေးညှိနှိုင်းနိုင်ခဲ့ခြင်းသည်လည်း ယခုကျင်းပခဲ့သည့် ၂၁ ရာစု ပင်လုံညီလာခံ၏ ရလာဒ်ကောင်း ဖြစ်သည်ဟုလည်း ဒေါ်အောင်ဆန်းစုကြည်က သူ့၏ မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုခဲ့သည်။

ဇူလိုင်လ ၁၁ ရက်နေ့က စတင်ပြီး ဇူလိုင် ၁၆ ရက်နေ့အထိ ၆ ရက်တာကျင်းပခဲ့သည့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ တတိယအစည်းအဝေးတွင် နိုင်ငံရေးကဏ္ဍ (၄)ချက်၊ စီးပွားရေး ကဏ္ဍ(၁)ချက်၊ လူမှုရေးကဏ္ဍ(၇)ချက်နဲ့ မြေယာကဏ္ဍ(၂)ချက် စုစုပေါင်း အချက် ၁၄ ချက်ကို ပြည်ထောင်စု သဘောတူစာချုပ်ရဲ့ အစိတ်အပိုင်း(၂)အဖြစ် သဘောတူလက်မှတ်ရေးထိုးနိုင်ခဲ့သည်။

April 27, 2026
စစ်အုပ်စုလက်အောက်ခံ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက...
April 25, 2026
ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် MNDAA, TNLA နှင့် AA တို့ ထိန်းချုပ်ထားသည့် မြို့အားလုံးကို...
April 24, 2026
အာဏာသိမ်း စစ်အုပ်စု၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ...
April 23, 2026
မောင်ခက်နွေ —စစ်အာဏာသိမ်းပြီး ငါးနှစ်နီးပါးအကြာတွင် အရပ်သားသမ္မတအဖြစ် အသွင်ပြောင်းလဲထားသည့် ၂၀၂၆...