N’Jang Yang တိုက်ပွဲ ထပ်မံဖြစ်လာမည်ကို ဒေသခံများ စိုးရိမ်

N’Jang Yang တိုက်ပွဲ ထပ်မံဖြစ်လာမည်ကို ဒေသခံများ စိုးရိမ်

ယခု ရက်ပိုင်းမှ ကချင်ပြည်နယ် N’Jang Yang မြို့အတွင်း မြန်မာအစိုးရတပ် စစ်ရေး လှုပ်ရှားမှုများ ပြန်လည် ပြုလုပ်လာသဖြင့် တိုက်ပွဲ ထပ်မံဖြစ်လာမည်ကို ဒေသခံများ စိုးရိမ်နေကြသည်။

ဇူလိုင် (၁၁)ရက်နေ့ N’Jang Yang (အင်ဂျန်းယန်မြို့)သို့ တပ်မတော် စစ်ကား (၂)စီး ရောက်ရှိလာပြီး ကျေးရွာအတွင်း လူစုခွဲကာ စစ်ရေးလှုပ်ရှား လှည့်ပတ်မှုများ ပြုလုပ်ခဲ့ကြောင်းကို မြို့ခံတစ်ဦး ယခုလို ကချင်သတင်းဌာန KNG ကို ပြောသည်။

“သူတို့လှုပ်ရှားမူကိုကြည့်ရင် အရင် စစ်ဖြစ်လာချိန်က ပုံစံနဲ့တူတယ်။ တစ်လကို စစ်ကား ၂ စီး ပုံမှန်တက်တယ်။ စစ်အင်အားတွေနည်းနည်း စီ ပြန်ပို့နေတယ်။ ဒါပေမယ့် ပြန်ဆင်းလာတာတော့မရှိဘူး။ ကျွန်တော်တို့အနေနဲ့ စစ်ပွဲတွေထပ်ဖြစ်လာမယ့် အခြေအနေကိုစိုးရိမ်နေတာပါ။”

N’Jang Yang မြို့နယ်ရှိ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ရင်း (၄)ကို ဧပြီလတွင် တပ်မတော်မှ ကုန်းကြောင်း၊ လေကြောင်းဖြင့် ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်ခဲ့သည့်အတွက် ဒေသခံပြည်သူ ၂၀၀၀ ခန့်သည် လုံခြုံရာ မြစ်ကြီးနား နှင့် ၀ိုင်းမော် ခရစ်ယာန်ဘုရားကျောင်းများတွင် ယခုချိန်ထိ ခိုလှုံနေရဆဲ ဖြစ်ပါသည်။

နေပြည်တော်တွင် ပြည်ထောင်စုငြိမ်းချမ်းရေး (၂၁) ရာစု ပင်လုံ တတိယအစည်းအဝေး စတင်သော ဇူလိုင် (၁၁) ရက်နေ့မှ N’Jang Yang မြိ့နယ်တွင် တပ်မတော် စစ်ရေးလှုပ်ရှားမှုများ ပြန်လည်ပြုလုပ်လာခြင်းလည်း ဖြစ်သည်။

အရှေ့နာဂကာကွယ်ရေးတပ် (ENDA) / Crd - ENDA
September 19, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်အတွင်း အရှေ့နာဂကာကွယ်ရေးတပ် (ENDA) က တပ်သားသစ်စုဆောင်း ရန်...
စင်းခန်းကျေးရွာတစ်ဝိုက် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် မီးလောင်ကျွမ်းနေစဉ်။ / Crd
September 18, 2026
ကချင်ပြည်၊ ဗန်းမော်၊ မံစီနှင့် ဇင်းဘုံ၊ စင်းခန်းတံတားတစ်ဝိုက် ဒေသများတွင် စစ်ရေးတင်းမာနေပြီး...
မြစ်ကြီးနားမြို့ Happy KTV တွင် ဖမ်းဆီးခံခဲ့ရသည့် KIO အရာရှိများကို တွေ့ရစဉ်။ / ပုံဟောင်း
September 18, 2026
ကချင်ပြည် မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက်ရှိ Happy KTV တွင် ဖမ်းဆီးခံခဲ့ရသည့် KIO အရာရှိ ၁၃...
ကချင်ပြည်၊ ဝိုင်းမော်မြို့အတွင်း ART ဆေး ရရှိနိုင်သည့် ကျန်းမာရေးစင်တာတစ်ခုအား တွေ့ရစဉ်။ / Crd
September 18, 2026
ကချင်ပြည်အတွင်း HIV ပိုးထိန်းဆေး (ART) ပြတ်လပ်နေသည့်အတွက် HIV လူနာများအကြား စိုးရိမ်မှု...