ဝ ၊ KIA ၊ မိုင်းလား၊ SSPP အဖွဲ့များနှင့် တပ်ချုပ်တွေ့ဆုံ

ဝ ၊ KIA ၊ မိုင်းလား၊ SSPP အဖွဲ့များနှင့် တပ်ချုပ်တွေ့ဆုံ
by -
ဇေယျာမော်
(ဓာတ်ပုံ-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်)
(ဓာတ်ပုံ-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်)

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် UWSA ဝအဖွဲ့၊ ကချင် KIO ၊ မိုင်းလား NDAA ၊  SSPP အဖွဲ့မှ ကိုယ်စားလှယ်များနှင့် ယမန်နေ့ ဇူလိုင်လ ၁၁ ရက်နေ့ မွန်းလွဲပိုင်းခန့်တွင်တွေဆုံဆွေးနွေးခဲ့သည်။

KIO မှ ဗိုလ်ချုပ် ဂွန်မော်က "FPNCC ကော်မတီ အနေနဲ့ပဲ ပြောပေးသွားပါမယ်။ အခုတစ်ဖွဲ့ချင်းအနေနဲ့ ပြောလို့ မရသေးပါဘူး" ဟုဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တွေ့ဆုံဆွေးနွေးခဲ့အပြီးတွင်ဆိုသည်။

အဆိုပါ တွေ့ဆုံမှုများနှင့် ပတ်သက်ပြီး တွေ့ဆုံသည်ဟု သာ တပ်မတော်မှ ထုတ်ပြန်ထားသော်လည်း အကြောင်းအရာအသေးစိပ် ပါဝင်ခြင်းမရှိပေ။

တပ်မတော်မှ မြောက်ပိုင်းမဟာမိတ်များနှင့်တွေ့ဆုံရာတွင် UWSA၊ KIO၊ SSPP ၊ NDAA တို့နှင့် တစ်ကြိမ် TNLA၊ MNDAA ၊ AA တို့နှင့်တစ်ကြိမ် ခွဲပြီးတွေ့ဆုံခဲ့ခြင်းဖြစ်သည်။

မြောက်ပိုင်းမဟာမိတ်အဖွဲ့များအနေဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား ယမန်နေ့တွင် တွေ့ဆုံခဲ့သလို ဇူလိုင်လ ၁၂ ရက်နေ့တွင်လည်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်   ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံသွားမည်ဟု သတင်းများ ထွက်ပေါ်နေသည်။

 

May 26, 2026
ဟန်ထူးဇော် — အွန်လိုင်းငွေလိမ်လည်သည့် လုပ်ငန်းများလုပ်ကိုင်မှုကြောင့် နာမည်ဆိုးဖြင့်...
May 25, 2026
ယမင်းဖူးပွင့်အောင် - ပြည်သူ့ဂုဏ်ရည်အဖွဲ့ကပေးအပ်သော ၁၇ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆုကို ၈၈...
May 23, 2026
မောင်ခက်နွေ — စစ်မှုထမ်းပေါ်တာဆွဲခံရမှုမှ ရှောင်ရှားနိုင်ရန် အလုပ်အသွား၊ အပြန်...
အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များ မေလ ၂၁ ရက်တွင် တွေ့ဆုံခဲ့ကြသည့် မြင်ကွင်း။ (NUG)
May 22, 2026
မောင်ခက်နွေ — အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနှင့်...