ဟားခါးမြို့တွင် အဆင့်မြင့် ဟိုတယ် ၂၀၂၀ မတိုင်မီ အပြီး တည်ဆောက်သွားမည်

ဟားခါးမြို့တွင် အဆင့်မြင့် ဟိုတယ် ၂၀၂၀ မတိုင်မီ အပြီး တည်ဆောက်သွားမည်

ချင်းပြည်နယ်၊ ဟားခါးမြို့တွင် ကျပ်သိန်းရှစ်ထောင်ကျော် အကုန်ကျခံကာ အဆင့်မြင့် ဟိုတယ်တစ်လုံးအား မာစီပါရ် ကုမ္မဏီီ မှ တည်ဆောက်လျက်ရှိပြီး ၂၀၂၀ မတိုင်မီ အပြီးတည်ဆောက်သွားမည်ဖြစ်ကြောင်း ကုမ္မဏီပိုင်ရှင် Pu Thawng Kian ကပြောသည်။

မာစီပါရ်းကုမ္မဏီပိုင်ရှင် Pu Thawng Kian က "အခန်းလေးဆယ်လောက်ရှိမယ်။ ရန်ကုန်၊ မန္တလေးဖက်ကဟိုတယ် တွေလို မနက်စာကျွေးတာတွေပါမယ်။ ဟိုတယ်ကိုတော့ လာမယ့် နှစ်ထောင့်နှစ်ဆယ်မတိုင်ခင်အပြီးဆောက်မယ်၊ ခွင့်ပြုချက်လည်းရပြီဖြစ်လို့ဖောင်ဒေးရှင်းတွေ စတင်လုပ်နေပါပြီ"ဟုပြောသည်။

ဟားခါးမြို့တွင် ဟိုတယ်အဆင့်တည်းခိုနိုင်မည့် ဟိုတယ်များမရှိသေးပဲ တည်းခိုခန်းများသာရှိသည့်အတွက် ဆောင်းရာသီကာလ ခရီးသွားဧည့်သည်များသည့်အချိန်တွင် အခန်းမလုံလောက်သည့် အခက်အခဲများကြုံရသည့် မြို့ဖြစ်သည်။

Fidi Foundation မှ ဒါရိုက်တာအဖွဲ့ဝင် ဆလိုင်းဘွေအုပ်ထန်က " ကျွန်တော်တို့ဖိုရမ်တွေလုပ်ရင် လူပေါင်းက ၁၀၀ ကျော်ခေါ်ရတယ်။ ဟားခါးမှာလက်ရှိ တည်းခိုခန်းတွေအနေနဲ့လုံးဝမလုံလောက်ဘူး။ ဒါကြောင့် ချင်းပြည်နယ်အတွင်း ဟားခါးမှာလုပ်သင့်တဲ့ ဖိုရမ်တွေ၊ အလုပ်ရုံဆွေးနွေးပွဲတွေအများစုကို ကလေးမြို့မှာသွားလုပ်နေရတယ်။ ဟားခါးက ချင်းပြည်နယ်ရဲ့မြို့တော်ဖြစ်တဲ့အတွက် အဆင့်မြင့်တဲ့ဟိုတယ်တွေများများရှိသင့်တယ်။ ဒါမှလည်း လူမှုအဖွဲ့အစည်းတွေ၊ NGO/INGO တွေရဲ့ လုပ်ငန်းတွေအတွက်လည်း တစ်ဖက်မှာ အထောက်ကူပြုနိုင်မှာဖြစ်သလို ချင်းပြည်နယ်အတွက်လည်း အခွန်တွေပိုပြီးရလာနိုင်မှာဖြစ်တယ်" ဟုပြောသည်။

ချင်းပြည်နယ်တွင် ခေါ်နူးစုမ်တောင် တည်ရှိရာ ခရီးသွားလာရေးလုပ်ငန်းတွင် ကျယ်စွာရှိနေသည့် ကန်ပက် လက်မြို့တွင်သာ အဆင့်မြင့်ဟိုတယ် အများဆုံးရှိသည်။

Most read this week

December 18, 2025
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ခွန်လီ ( Khuangli )ကျေးရွာအနီးအနားကို မနေ့ဒီဇင်ဘာလ ၁၆ ရက်နေ့က...
December 17, 2025
ချင်းပြည်နယ်ရှိ ချင်းဘာသာစကားများ အပါအဝင် မြန်မာပြည်ရှိ ဘာသာစကား (၂၀) မျိုးဖြင့်...
December 15, 2025
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ ဒီဇင်ဘာလ ၁၄ ရက်နေ့က စစ်မှုထမ်းအတွက် လူငယ် အယောက် ၁၀...
December 10, 2025
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ၊ ရှင်းလက်ဝကျေးရွာရှိ အာရက္ခတပ်တော် ( AA) စစ်ဆေးရေးဂိတ်မှာ ဒီဇင်ဘာလ...