ဟားခါးမြို့တွင် အဆင့်မြင့် ဟိုတယ် ၂၀၂၀ မတိုင်မီ အပြီး တည်ဆောက်သွားမည်

ဟားခါးမြို့တွင် အဆင့်မြင့် ဟိုတယ် ၂၀၂၀ မတိုင်မီ အပြီး တည်ဆောက်သွားမည်

ချင်းပြည်နယ်၊ ဟားခါးမြို့တွင် ကျပ်သိန်းရှစ်ထောင်ကျော် အကုန်ကျခံကာ အဆင့်မြင့် ဟိုတယ်တစ်လုံးအား မာစီပါရ် ကုမ္မဏီီ မှ တည်ဆောက်လျက်ရှိပြီး ၂၀၂၀ မတိုင်မီ အပြီးတည်ဆောက်သွားမည်ဖြစ်ကြောင်း ကုမ္မဏီပိုင်ရှင် Pu Thawng Kian ကပြောသည်။

မာစီပါရ်းကုမ္မဏီပိုင်ရှင် Pu Thawng Kian က "အခန်းလေးဆယ်လောက်ရှိမယ်။ ရန်ကုန်၊ မန္တလေးဖက်ကဟိုတယ် တွေလို မနက်စာကျွေးတာတွေပါမယ်။ ဟိုတယ်ကိုတော့ လာမယ့် နှစ်ထောင့်နှစ်ဆယ်မတိုင်ခင်အပြီးဆောက်မယ်၊ ခွင့်ပြုချက်လည်းရပြီဖြစ်လို့ဖောင်ဒေးရှင်းတွေ စတင်လုပ်နေပါပြီ"ဟုပြောသည်။

ဟားခါးမြို့တွင် ဟိုတယ်အဆင့်တည်းခိုနိုင်မည့် ဟိုတယ်များမရှိသေးပဲ တည်းခိုခန်းများသာရှိသည့်အတွက် ဆောင်းရာသီကာလ ခရီးသွားဧည့်သည်များသည့်အချိန်တွင် အခန်းမလုံလောက်သည့် အခက်အခဲများကြုံရသည့် မြို့ဖြစ်သည်။

Fidi Foundation မှ ဒါရိုက်တာအဖွဲ့ဝင် ဆလိုင်းဘွေအုပ်ထန်က " ကျွန်တော်တို့ဖိုရမ်တွေလုပ်ရင် လူပေါင်းက ၁၀၀ ကျော်ခေါ်ရတယ်။ ဟားခါးမှာလက်ရှိ တည်းခိုခန်းတွေအနေနဲ့လုံးဝမလုံလောက်ဘူး။ ဒါကြောင့် ချင်းပြည်နယ်အတွင်း ဟားခါးမှာလုပ်သင့်တဲ့ ဖိုရမ်တွေ၊ အလုပ်ရုံဆွေးနွေးပွဲတွေအများစုကို ကလေးမြို့မှာသွားလုပ်နေရတယ်။ ဟားခါးက ချင်းပြည်နယ်ရဲ့မြို့တော်ဖြစ်တဲ့အတွက် အဆင့်မြင့်တဲ့ဟိုတယ်တွေများများရှိသင့်တယ်။ ဒါမှလည်း လူမှုအဖွဲ့အစည်းတွေ၊ NGO/INGO တွေရဲ့ လုပ်ငန်းတွေအတွက်လည်း တစ်ဖက်မှာ အထောက်ကူပြုနိုင်မှာဖြစ်သလို ချင်းပြည်နယ်အတွက်လည်း အခွန်တွေပိုပြီးရလာနိုင်မှာဖြစ်တယ်" ဟုပြောသည်။

ချင်းပြည်နယ်တွင် ခေါ်နူးစုမ်တောင် တည်ရှိရာ ခရီးသွားလာရေးလုပ်ငန်းတွင် ကျယ်စွာရှိနေသည့် ကန်ပက် လက်မြို့တွင်သာ အဆင့်မြင့်ဟိုတယ် အများဆုံးရှိသည်။

ဓာတ်ပုံ - Crd
August 28, 2026
ချင်းပြည်၊ ဟားခါးမြို့နယ်၊ ချွန်ကျုံးကျေးရွာ နှစ်ခြင်းအသင်းတော်မှ သင်းအုပ်ဆရာတော် Reverend...
ဓာတ်ပုံ - Crd
August 27, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် အငှားယာဉ်မောင်းနှင်နေသည့် အသက် ၂၇ နှစ်အရွယ် ချင်းလူငယ် Pa Do Sian...
ဓာတ်ပုံ - (CPU/CPA က ဂိတ်ဆောက်လုပ်မှုကို ဒေသခံများ ကန့်ကွက် ဆန္ဒဖော်ထုတ်နေစဉ်)
August 24, 2026
ချင်းပြည်၊ မတူပီမြို့နယ်၊ လေဆင်းကျေးရွာတွင် ချင်းပြည်သူ့အစည်းအရုံး/ ချင်းပြည်သူ့တပ်မတော် (CPU/...
ဓါတ်ပုံ - Crd
August 15, 2026
ချင်းပြည်၊ တီးတိန်မြို့တွင် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၆ နှစ်ခန့်...