ကြားဖြတ်ရွေးကောက်ပွဲတွင် NLD ကိုယ်စားလှယ်အမျိုးသမီးပါဝင်နှုန်း နည်းပါး

ကြားဖြတ်ရွေးကောက်ပွဲတွင် NLD ကိုယ်စားလှယ်အမျိုးသမီးပါဝင်နှုန်း နည်းပါး
by -
ဇေယျာမော်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ၏ ပထမအကြိမ် နိုင်ငံလုံးဆိုင်ရာ အမျိုးသမီးလုပ်ငန်ကော်မတီများ စုံညီတွေ့ဆုံပွဲတွင် တက်ရောက်လာသော NLD ကိုယ်စားလှယ်အမျိုးသမီးများ။ ဓာတ်ပုံ - မင်းမင်း
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ၏ ပထမအကြိမ် နိုင်ငံလုံးဆိုင်ရာ အမျိုးသမီးလုပ်ငန်ကော်မတီများ စုံညီတွေ့ဆုံပွဲတွင် တက်ရောက်လာသော NLD ကိုယ်စားလှယ်အမျိုးသမီးများ။ ဓာတ်ပုံ - မင်းမင်း

နိုဝင်ဘာ ၃ ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများစာရင်းကို ထုတ်ပြန်ခဲ့ရာ၌ အမျိုးသမီး ပါဝင်နှုန်းသည် ယခင်ရွေးကောက်ပွဲများထက် ရာခိုင်နှုန်းနည်းပါးခဲ့သည်။

ယမန်နေ့ ဇွန်လ ၂၉ ရက်နေ့က ထုတ်ပြန်ခဲ့သည့် အမျိုးသားဒီမိုကရေစီဖွဲ့ချုပ်၏ ကြားဖြတ်ရွေးကောက်ပွဲဝင်မည့် ကိုယ်စားလှယ်လောင်း ၁၃ ဦးစာရင်းတွင် အမျိုးသမီး တစ်ဦးသာပါဝင်ပြီး ရာခိုင်နှုန်းအားဖြင့် ၇ ရာခိုင်နှုန်းကျော် သာ ရှိနေခဲ့ကာ ၄င်းသည် ကချင်ပြည်နယ် အမျိုးသားလွှတ်တော် အမှတ်(၂) မြစ်ကြီးနားမြို့နယ် မှ ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။

“ကျွန်တော်တို့က အရည်အချင်းတူညီရင် အမျိုးသမီး ၊ လူငယ်နဲ့ တိုင်းရင်းသားကို ဦးစားပေးဖို့ မူရှိပါတယ်။ မြိ့နယ် ခရိုင်နဲ့ တိုင်းက ပါလာတဲ့စာရင်းတွေအရ ကျွန်တော်တို့ရွေးချယ်တာပါ။ နဂိုပါကတည်းက အမျိုးသမီးနည်းတဲ့အတွက် ပါဝင်မှု နောက်ဆုံးရလဒ်မှာလည်း နည်းသွားတာဖြစ်ပါတယ်” ဟု NLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ပြောသည်။

ယင်းရာခိုင်နှုန်းရလာဒ်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရွေးကောက်ပွဲ စတင် ဝင်ရောက်ခဲ့သည့် ၂၀၁၂ ခုနှစ်ကြားဖြတ်ရွေးကောက်ပွဲ တွင် အမျိုးသမီးပါဝင်နှုန်းသည် ၃၀ ရာခိုင်နှုန်းကျော်ရှိခဲ့ပြီး ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် ၁၅ ရာခိုင်နှုန်းကျော်နှင့် နှိုင်းယှဉ်လျှင် နည်းပါးနေသည်။

“၂၀၂၀ အထွေထွေရွေးကောက်ပွဲကျရင် လျှောက်ထားသူတွေများမယ်။ အဲ့ဒီတစ်ခါမှာ အမျိုးသမီးကိုပိုပြီး ရွေးချယ်လို့ရမှာပါ” ဟု ဒေါက်တာမျိုးညွန့်က ကိုယ်စားလှယ်ရွေးချယ်မှုနှင့် ပတ်သက်ပြီးပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ ဗဟိုအလုပ်အမှုဆောင် (၂၁) ဦး၌ ဒေါ်အောင်ဆန်းစုကြည်၊ ဒေါ်ခင်ဋ္ဌေးကြွယ် ၊ ဒေါက်တာမေဝင်းမြင့်၊ ဒေါ်နန်းခင်ထွေးမြင့် စသည့် အမျိုးသမီး လေးဦးသာ ပါဝင်သည်။

နိုင်ငံတော်သမ္မတ တာဝန်ယူထားသည့် ဦးဝင်းမြင့်၏ တာမွေမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်နေရာ အပါအဝင် ပြည်သူ့လွှတ်တော် ၄ နေရာ ၊ အမျိုးသားလွှတ်တော် ၁ နေရာနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော် ၈ နေရာ စုစုပေါင်း လစ်လပ်မဲဆန္ဒနယ် ၁၃ နေရာအတွက် ကြားဖြတ်ရွေးကောက်ပွဲ ကို နိုဝင်ဘာ ၃ ရက်နေ့တွင် ကျင်းပမည်ဖြစ်သည်။

Most read this week

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်တပ်(လေ)၏ ဖွဲ့စည်းတည်ထောင်မှု (၇၄)နှစ် မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား တက်ရောက်စဉ်။ (MOI)
March 28, 2026
မောင်ခက်နွေ - စစ်ကော်မရှင်က အာဏာသိမ်းကာလ ငါးနှစ်ကျော်အတွင်း လေကြောင်းတိုက်ခိုက်မှု ၆,၉၈၆ ကြိမ်...
March 27, 2026
ပါခွီး — မကွေးတိုင်း ၊ မကွေးမြို့အခြေစိုက် လေတပ်စခန်းကို ၁၀၇မမ ရှော့တိုက်ဒုံး ၁၁လုံးဖြင့်...
March 26, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ မိသားစုသည် ထိုင်းနိုင်ငံ၊...
March 25, 2026
ရခိုင်၊ စစ်တွေမြို့အနီး ကုလားတန်မြစ်ဘေးရှိ ရွှေမင်းဂံဆိပ်ကမ်းနှင့် ကျောက်ဖြူမြို့ရှိ မင်းပြင်-...