မာန်အောင်မြို့မှ ထောင်ကျခံနေရသူ တောင်သူနှစ်ဦး အယူခံ ပယ်ချခံရ

မာန်အောင်မြို့မှ ထောင်ကျခံနေရသူ တောင်သူနှစ်ဦး အယူခံ ပယ်ချခံရ
by -
အောင်လင်းထွန်း (မာန်အောင်)

မတ်လ ၂၁ ရက်နေ့မှ လယ်ယာမြေ ဥပဒေပုဒ်မ (၃၅) ဖြင့် ထောင်ဒဏ် ရလ ချခံထားရသည့် မာန်အောင်မြို့ မြတ်မချောင်ကျေးရွာမှ ဦးသာနီနှင့် ဦးဖြူသီးခိုင်တို့၏ အယူခံကို ကျောက်ဖြူခရိုင် တရားရုံးက ယမန်နေ့က ပယ်ချခဲ့သည်။

၎င်းကို မိသာစုဝင်များမှ ကျောက်ဖြူခရိုင် တရားရုံးတွင် ဇွန်၂၀ ရက်နေ့က အယူခံဝင်ခဲ့ပြီး ငါးရက်အကြာတွင် ၎င်းအယူခံကို တရားရုံးက ပယ်ချခဲ့ခြင်း ဖြစ်ကြောင်း ဦးသာနီ၏ သားဖြစ်သူ ဦးသိန်းစိုးအောင်က ပြောကြားသည်။

“ နှစ်ပေါင်းများစွာ ဘိုးစဉ်ဘောင်ဆက် နေထိုင်လာတဲ့ အိမ်ကို အခုမှ လယ်ယောမြေပေါ်မှာ အိမ်ဆောက်နေတယ်ဆိုပြီး ထောင်ချမူတာ တရားမျှတမူ မရှိပါဘူး။ ကျွန်တော် အဖေကတော့ ထောင်ကျနေတာ ၃လ ပြည့်နေပါပြီ။ ဇွန်လ ၂ဝရက်နေ့က ကျောက်ဖြူ ခရိုင်ရုံးမှာ အယူခံ ဝင်ထားတာကို မနေ့က ဆုံးဖြတ်ပါ တယ်။ မအောင်မြင်ခဲ့ပါဘူး။ ဘာအပြစ်မှ မရှိဘဲ ထောင်ချ တာကတော့ မတရားဘူး" ဟု ဦးသိန်းစိုးအောင်မှ နိရဥ္စရာသတင်းဌာနသို့ ပြောကြားပါသည်။

အိမ်ထောင် ဦးစီးနှစ်ဦး ဖြစ်ကြသည့် ဦးသာနီနှင့် ဦးဖြူသီးခိုင်တို့ကို မာန်အောင် စမုံတဲ လေယာဉ်ကွင်း တိုးချဲ့ရာတွင် လျော်ကြေးငွေ နည်းလွန်းသဖြင့် အိမ်မဖယ်ပေးသည့် အတွက် ၂၀၁၈ ခုနှစ် မတ်လ ၂၁ နေ့တွင် မာန်အောင်မြို့နယ်တရားရုံးမှ လယ်ကွင်းပေါ်တွင် အိမ်ဆောက်သည့် ပုဒ်မ (၃၅)ဖြင့် ထောင်ဒဏ် ၇ လစီ အသီးသီး ချမှတ်ခဲ့သည်ဟု သူက ပြောဆိုသည်။

၎င်းကို ဇွန် ၂၀ ရက်နေ့က အယူခံဝင်ရာ ဇွန် ၂၅ ရက် ညနေ ၄ နာရီ ၃၀ မိနစ် အချိန်တွင် တရားရုံးက ပယ်ချ လိုက်ခြင်း ဖြစ်သည်။

၎င်းတို့နှစ်ဦးအား ၂၀၁၆ ခုနှစ်မှ မာန်အောင်မြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှု ကော်မတီ အတွင်းရေးမှူး ဦးစောရွှေမောင်မှ နေရာဖယ်မပေးသဖြင့် တရားစွဲ ဆိုခဲ့သည်ဟု သိရသည်။

January 17, 2026
သဉ္ဇာနွယ်—  ကျောက်ဖြူမြို့နယ်၊ သိုင်းချောင်းသို့ အင်အားဖြည့်ပြီး ပြန်လည်ထိုးစစ်ဆင်လာသော...
January 16, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်အပိုင် စစ်ကော်မရှင်တပ်၏...
January 15, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ မင်းပြင်ပတ်ဝန်းကျင်ကို စစ်ကော်မရှင်တပ်က...
January 14, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ  ၆၆၆ ပွိုင့်ကုန်းအနီး ကာကင်းစခန်းမှငတ်ပြတ်မှုကို...