မာန်အောင်မြို့နယ်တွင် လူတစ်ဦးကို ယာဘားဆေးပြားများနှင့်အတူ ဖမ်းဆီး

မာန်အောင်မြို့နယ်တွင် လူတစ်ဦးကို ယာဘားဆေးပြားများနှင့်အတူ ဖမ်းဆီး
by -
အောင်လင်းထွန်း(မာန်အောင်)

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ် ညောင်ကုန်းကျေးရွာတွင် ဇွန်လ ၁၉ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်က လူတစ်ဦးကို wy စာတန်းပါ ယာဘားစိတ်ကြွဆေးပြား ၁၆၀ နှင့် အတူ ရဲက ဖမ်းဆီးလိုက်သည်ဟု သိရသည်။

မူးယစ်ဆေးရောင်းချနေကြောင်း သတင်းရရှိသဖြင့် မာန်အောင် မြို့မရဲစခန်းမှူး ဦးဆောင်ပြီး ဘူးရေမျက်အုပ်စု ညောင်ကုန်းကျေးရွာမှ ဦးသိန်းမောင် နေအိမ် စျေးဆိုင်အား ဝင်ရောက် ရှာဖွေရာမှ ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း ရဲတာဝန်ရှိသူ တစ်ဦးက ပြောသည်။

ဖမ်းဆီးရမိသည့် WY စာတန်းပါ စိတ်ကြွ ရူးသွပ် ဆေးပြားများမှာ ပန်းရောင်အမျိုးအစား ၁၅၉ ပြား၊ အစိမ်းရောင်အမျိုးအစား တစ်ပြား၊ စုစုပေါင်း ၁၆၀ ပြား ဖြစ်ကြောင်း၊ ကာလတန်ဖိုးမှာ ကျပ် ၄ သိန်းဖိုးရှိကြောင်း ၎င်းက ပြောဆိုသည်။

၎င်းပြင် စျေးဆိုင်နေအိမ်အိပ်ခန်း ခေါင်းအုံးအောက်မှ အမဲရောင် ကျွပ်ကျွပ်အိတ်ဖြင့် ထည့်ထားသည့် မြန်မာကျပ်ငွေ ၉ သိန်းနှင့် အတူ Samsung အမျိုးအစား ဆင်းကဒ်လက်ကိုင် ဖုန်းတစ်လုံးကိုလည်း သက်သေများနှင့်အတူ ရဲက သိမ်းဆည်းလိုက်သည်ဟု သိရသည်။

၎င်းဖမ်းဆီးမှုကို မြို့မရဲစခန်းမှူး ဦးစီးပြီး နယ်ထိန်းရဲတပ်ဖွဲ့ ခေါင်းဆောင် ရဲအုပ်ရဲထွန်းနှင့် ရဲတပ်ဖွဲ့ဝင်များ၊ ဘူးရေမျက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဦးထွန်းဝင်း၊ မြို့သစ်ရပ် ကွက်အုပ်ချုပ်ရေးမှူး ဦးမောင်တင်တို့က ပူးပေါင်း သွားရောက်ဖမ်းစီးခဲ့ခြင်း ဖြစ်ကြောင်း ၎င်းရဲ တာဝန်ရှိသူက ပြောသည်။

ဦးသိန်းမောင်အား ပုဒ်မ ၁၅/၁၉(က)/၂၀(က)ဖြင့် ဒုရဲအုပ်ဇော်မင်းသိန်းမှ စိတ်ကို ပြောင်းလဲ စေတတ်သည့် ဆေးဝါးများဆိုင်ရာ ဥပဒေဖြင့် ဖမ်းဆီး အရေးယူထားကြောင်း သိရသည်။

May 28, 2026
ပိုးဝါ — ရခိုင်ပြည်မြို့တော် စစ်တွေတွင် အာဏာသိမ်း အစိုးရမှ ငွေ ၅ သိန်း၊ ဆန်တစ်အိတ်ဖြင့်...
May 27, 2026
ခိုင်လူလှ (ရိုးမမြေ) — သီရိလင်္ကာနိုင်ငံမှ ရခိုင်ရဟန်းတော်တစ်ပါးနှင့် သီလရှင်တစ်ပါးတို့သည်...
May 26, 2026
ဆောင်းဦးမာန် — ရခိုင်ပြည်၊မာန်အောင်မြို့၊ စမုံတဲ လေယာဉ်ကွင်းကို လုံခြုံရေးတိုးမြှင့်ပြီး...
May 25, 2026
(ပထမဆု ကျပ်သိန်း ၅ဝဝ အပါအဝင် အခြားဆုများလည်း ချီးမြှင့်မည်) မောင်စာဂ -...