တောင်သူလယ်သမား အခွင့်အရေးဆိုင်ရာဥပဒေ အသက်ဝင်မှုမရှိ၍ လယ်သမားများ ဥပဒေအကာကွယ်မရဟု ဆို

တောင်သူလယ်သမား အခွင့်အရေးဆိုင်ရာဥပဒေ အသက်ဝင်မှုမရှိ၍ လယ်သမားများ ဥပဒေအကာကွယ်မရဟု ဆို
by -
အောင်မြတ်သူ

 တောင်သူလယ်သမားအခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဥပဒေနှင့် ဦးဆောင်အဖွဲ့သည် အသက်ဝင်မှု နည်းပါးနေသောကြောင့် တောင်သူလယ်သမားများအနေဖြင့် ဥပဒေအကာအကွယ်ပေးမှု မရရှိကြောင်း စစ်ကိုင်းတိုင်းဒေသကြီးမဲဆန္ဒနယ် အမှတ်(၂) အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်မျိုးက ပြောသည်။

“အသက်မဝင်ဘူးဆိုတာ ဒီ ဥပဒေမှာပါတဲ့  ဒီဥပဒေကို အကောင်အထည်ဖော် လိုက်နာဆောင်ရွက်ရမယ့် ဦးဆောင်အဖွဲ့ရဲ့ အသက်ဝင်မှုကလည်း မရှိဘူး။ အဲ့ဒီအဖွဲ့အစည်း အသက်ဝင်မှု မရှိရင် ဒီဥပဒေ အသက်ဝင်မှု မရှိဘူး။ ဒီဥပဒေအသက်ဝင်မှု မရှိရင် ဒီဥပဒေမှာ ရသင့်ရထိုက်တဲ့ တောင်သူလယ်သမားတွေရဲ့ ခံစားခွင့်တွေက တစ်ခုမှ ရမှာမဟုတ်ဘူး”ဟု အမျိုးသားလွှတ်တော်အစည်းအဝေးအပြီးတွင် ဦးအောင်မျိုးက မီဒီယာများကို ပြောသည်။

ဇွန်လ (၁၈)ရက်နေ့ အမျိုးသားလွှတ်တေ်ာအစည်းအဝေးတွင် တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားကို မြှင့်တင်ရေး ဥပဒေအား ဒုတိယအကြိမ် ပြင်ဆင်သည့် အချက်များကို ကိုယ်စားလှယ် (၈)ဦးက ပါဝင်ဆွေးနွေးခဲ့ရာတွင် တစ်ဦးအပါအဝင်ဖြစ်သူ ဦးအောင်မျိုးက ယခုကဲ့သို့ ပြောခဲ့ခြင်းဖြစ်သည်။

အထက်ပါ ကိုယ်စားလှယ် (၈)ဦးက ၄င်း ဥပဒေကိုပြင်ဆင်သည့် ဥပဒေကြမ်းကို အပိုဒ် တစ်ပိုဒ်ချင်းစီလိုက် လိုအပ်သည့် အကြောင်းအရာများကို ပြင်ဆင်နိုင်ရန် ထောက်ပြခဲ့ကြသည်။

အဆိုပါ ဥပဒေကို အကောင်အထည်ဖော်အောင် ဆောင်ရွက်ရသည့် အဖွဲ့အစည်းအနေဖြင့် နိုင်ငံတွင်၏  (၇၀) ရာခိုင်နှုန်း ရှိ ကျေးလက်နေတောင်သူလယ်သမားများ၏ အခွင့်အရေးများကို ကာကွယ်ရန်၊  အကျိုးစီးပွားများကို မြှင့်တင်ဖို့ရန် အတွက်ဆိုကာ တစ်နှစ်လျှင် တစ်ကြိမ်သာ အစည်းအဝေး ပြုလုပ်နေခြင်း ဖြစ်သည်။

တစ်နှစ်လျှင် တစ်ကြိမ်သာ အစည်းအဝေး ပြုလုပ်သည့်အတွက် အဆိုပါ အဖွဲ့အစည်းရဲ့ လမ်းညွှန်ချက်များဟာ ပီပြင်နိုင်စရာမရှိဘူးဟု ဦးအောင်မျိုးက ဆက်လက်ထောက်ပြခဲ့ပြီး ၄ လတစ်ကြိမ်အစည်းအဝေးကျင်းပရန်လိုကြောင်း အဆိုပါလွှတ်တော်ကိုယ်စားလှယ်က ဆက်ပြောသည်။

“ဒါကြောင့် ကျွန်တော် အဲ့အချက်ကို ၄ လ တစ်ကြိမ်အစည်းအဝေး  ကျင်းပရမယ်လို့ ပြင်ဆင်ပါတယ်။ အဲ့လိုပဲ မြေပြင်မှာရှိတဲ့ တောင်သူလယ်သမားတွေရဲ့ ဘဝအခြေအနေ အခက်အခဲတွေ သူတို့ရဲ့ ထုတ်လုပ်မှု စံချိန်စံညွှန်းအရည်အသွေးပြည့်မှီမှု ဒါတွေသိရှိဖို့ဆိုလို့ရှိရင် မြေကြီးနဲ့နီးတဲ့ အောက်ခြေ အဖွဲ့အစည်းတွေမှာလည်း လုပ်ငန်းအဖွဲ့တွေ ရှိမှ ဖြစ်မယ်” ဟု ၄င်း ကပြောသည်။

ထို့ပြင် တောင်သူလယ်သမားများအတွက်  စိုက်ပျိုးရေး ဌာနစိတ်ရှိပေမယ့်လည်း အဆိုပါဌာနနှင့် တောင်သူလယ်သမားများကြားတွင် ယုံကြည်မှု ကွာဟနေပြီး၊ ၄င်းဌာနအနေဖြင့် မြေယာ အငြင်းပွားမှုပြဿနာများ၊ ပုံစံ(၇) ကိစ္စကဲ့သို့သော ပြဿနာများကိုသာ ဖြေရှင်းနိုင်ပြီး စိုက်ပျိုးရေးပြဿနာ၊ သွင်းအားစု ပြဿနာကဲ့သို့သော အလုံးစုံသော ပြဿနာများကို ဖြေရှင်းနိုင်ရန် အတွက်တောင်သူလယ်သမားဦးစီးဌာ ရှိရန် လိုကြောင်း ဦးအောင်မျိုးက ဆက်လက်ထောက်ပြခဲ့သည်။

“ဒီတိုင်းပြည်ရဲ့ ၇၀ ရာခိုင်နှုန်းကျော်က တောင်သူလယ်သမားတွေဖြစ်ပါတယ်။ တိုင်းပြည်ရဲ့ စပါးကြည်က ဘာဖြစ်ပါတယ်။ တိုင်းပြည်ရဲ့ နိုင်ငံခြားငွေ ဆန်တန်ချိန် သုံးသိန်းကျော်တင်ပို့နိုင်ပါတယ်။ ဘယ်လောက်ရပါတယ်ဆိုပြီးတော့ပြောနေရုံနဲ့ မရဘူး။ ဒီကဏ္ဍဖွံ့ဖြိုး တိုးတက်မှ တိုင်းပြည်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှာမို့လို့ တောင်သူလယ်သမား ဦးစီးဌာနဆိုတာရှိဖို့ ကျွန်တော်တို့မျှော်လင့်ပါတယ်” ဟု ၄င်းကပြောသည်။

ယမန်နေ့တွင် အပိုဒ်တစ်ခုချင်းစီအလိုက် ကိုယ်စားလှယ်များက ဆွေးနွေးမှု အပြီးတွင်“အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များရဲ့ ဆွေးနွေးချက်များနဲ့ ပတ်သတ်ပြီးအမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီက ပြန်လည် ကြားနာဆောင်ရွက်ဖို့ဆုံးဖြတ်ပါတယ်” ဟု အမျိုးသား လွှတ်တော်ဥက္ကဌ ကြေညာခဲ့သည်။

Most read this week

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်တပ်(လေ)၏ ဖွဲ့စည်းတည်ထောင်မှု (၇၄)နှစ် မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား တက်ရောက်စဉ်။ (MOI)
March 28, 2026
မောင်ခက်နွေ - စစ်ကော်မရှင်က အာဏာသိမ်းကာလ ငါးနှစ်ကျော်အတွင်း လေကြောင်းတိုက်ခိုက်မှု ၆,၉၈၆ ကြိမ်...
March 27, 2026
ပါခွီး — မကွေးတိုင်း ၊ မကွေးမြို့အခြေစိုက် လေတပ်စခန်းကို ၁၀၇မမ ရှော့တိုက်ဒုံး ၁၁လုံးဖြင့်...
March 26, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ မိသားစုသည် ထိုင်းနိုင်ငံ၊...
March 25, 2026
ရခိုင်၊ စစ်တွေမြို့အနီး ကုလားတန်မြစ်ဘေးရှိ ရွှေမင်းဂံဆိပ်ကမ်းနှင့် ကျောက်ဖြူမြို့ရှိ မင်းပြင်-...