ငဖဲမြို့နယ် စပ်စီရွာအနီး ကားလမ်းပြိုကျ၍ ရခိုင်သွားကားများ ပိတ်မိနေ

ငဖဲမြို့နယ် စပ်စီရွာအနီး ကားလမ်းပြိုကျ၍ ရခိုင်သွားကားများ ပိတ်မိနေ

မကွေးတိုင် ငဖဲမြို့နယ် စပ်စီရွာအနီး ကျောက်ပုံပြိုကျပြီး ၎င်းနေရာတွင် ကားတစ်စီး မြေထဲနစ်နေသဖြင့် ရခိုင်သွားကားများ သွားလာ၍ မရဘဲ ပိတ်မိနေကြောင်း သတင်းရရှိသည်။

ဘတ်စ်ကား တစ်စီးဖြင့် ခရီးသွားတစ်ဦးက “ မနေ့ည ၁၀ နာရီလောက်ကတည်းက ပိတ်နေတာပါ။ ဒီနေ့မနက် ၇ နာရီထိ သွားလာလို့ မရသေးဘူး။ တစ်ညလုံး ကားပေါ်မှာဘဲ အိပ်ရပါတယ်” ဟု ပြောသည်။

ယခုအခါ မြေထဲနစ်နေသော ကားကို ဘတ်ဖိုးဖြင့် ဆွဲထုတ်နေသော်လည်း မရသေးကြောင်း၊ သို့သော်များမကြာမီ ကားကိုဆွဲထုတ်၍ ရနိုင်ကြောင်း ၎င်းက ပြောကြားသည်။

ကားလမ်းပိတ်နေသဖြင့် ရခိုင်သို့လာသာ ကားများနှင့် ရခိုင်မှ ရန်ကုန်၊ မန္တလေးသို့ သွားသော ကားအရေအတွက် ရာနှင့်ချီပြီး ပိတ်မိနေပြီး ခရီးသွားပြည်သူများ အထူး ဒုက္ခရောက်လျက်ရှိနေကြောင်း သတင်းရရှိသည်။

May 1, 2026
(ဖမ်းဆီးရာ၌ ငွေကြေးမပေးနိုင်သူများကို စစ်မှုထမ်းခိုင်းကာ ရှေ့တန်းသို့ ပို့ဆောင်မှုများရှိနေ...
April 30, 2026
(ဧည့်စာရင်းစစ်ရာတွင်ယောက်ကျားများကို ပုဆိုးတွေကို ခါးတောင်းကျိုက်ခိုင်းကာ...
April 29, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ရိုးမရှေ့ဖက်ခြမ်း၊တောင်ကုတ်- ပန်းတောင်းလမ်းဘေးရှိကပစ (၁၆)၏ ...