တောင်ကုတ်တွင် ဟွန်ဒါစက်လှေနစ်မြုပ်၍ လူ၂ ဦး ပျောက်ဆုံးနေ

တောင်ကုတ်တွင် ဟွန်ဒါစက်လှေနစ်မြုပ်၍ လူ၂ ဦး ပျောက်ဆုံးနေ
by -
စိုးဇံအောင်(တောင်ကုတ်)

ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်တွင် ယမန်နေ့ (ဇွန် ၁၂) နံနက် ၁၀ နာရီခန့်က ဟွန်ဒါစက်လှေ တစ်စီး နစ်မြုပ်သွားခဲ့ရာ လူ ၃ ဦးအသက်ရှင်ပြီး ၂ ဦးပျောက်ဆုံးနေကြောင်း သတင်းရရှိသည်။

၎င်းစက်လှေသည် တောင်ကုတ်မြို့ သဲဆိပ်မှ ပန်တင်းကျွန်းသို့ ထွက်ခွါလာစဉ် လိူင်းလေကြမ်း သဖြင့် နစ်မြုပ်သွားခြင်း ဖြစ်ကြောင်း လှေနစ်မြုပ်ရာသို့ သွားရောက်ပြီး ကယ်ဆယ်ခဲ့သူ ပန်းတင်းကျွန်းရွာနေ ဦးချစ်ကျော်က နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

"စက်လှေ နစ်မြုပ်တာ သိသိချင်းပဲ ကျွန်တော်တို့ ပန်းတင်းကစက်လှေ ၇ စီးနဲ့ သွားပြီးရှာဖွေ ခဲ့ပါတယ်။ နေ့လယ် တစ်နာရီကျော်ကတည်း ရှာဖွေနေတာ ၂ ဦးကို ခုချိန်ထိ ရှာမတွေ့သေးဘူး။ ၅ ဦးမှာ ၃ ဦးကတော့ ငတောက်တူပေါက် ကမ်းကိုပြန်လည် ကူးခတ်လာပြီးလွတ်မြောက်လာပါတယ်။ ကျန်နှစ်ဦးကို ညနေ ၆ နာရီဝန်းကျင်ထိ ရှာဖွေပေမယ့် မတွေ့ပါဘူး။ ညဘက် ရာသီဥတု ဆိုးဝါးလာတာနဲ့ ကျွန်တော်တို့လည်း အိမ်ကို ပြန်လာကြပါတယ်" ဟု ဦးချစ်ကျော်က ပြောကြားသည်။

အဆိုပါ ဟွန်ဒါစက်လှေငယ်မှာ တောင်ကုတ်မြို့သဲဆိပ်နေ ကိုတူး၏ စက်လှေဖြစ်ပြီး ၄င်းအပါအဝင် ခရီးသည် ၅ ဦးတင်ဆောင်ခဲ့ပြီး ပန်တင်းကျွန်းသိုက မောင်းလာခဲ့ရာ နေ့လယ် ၁၂ နာရီ ခန့်တွင် ကုလားရောင်မြစ်ကိုဖြတ် အကူးတွင် နစ်မြုပ်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

ပျောက်ဆုံးနေသူ နှစ်ဦးမှာ ဟွန်ဒါစက်လှေပိုင်ရှင် ကိုတူး(သဲဆိပ်)နှင့် ဦးမြင့်နိုင် (ဆိပ်ကမ်းသစ်)တို့ ဖြစ်ကြောင်းသိရသည်။

အသက်ဘေးမှ လွတ်မြောက်လာသူ သုံးဦးမှာ ကိုညီလေး (ပန်းတင်း)၊ ကိုဝင်းဇော်(မှိုဟင်းတော)၊ ဖိုးသောကြာ(ပန်းတင်း) တို့ ဖြစ်ကြသည်။

အဆိုပါစက်လှေငယ်မှာ တောင်ကုတ်မြို့မှ ထွက်ခွါခဲ့ရာတွင် ရာသီဥတု လှိုင်းလေအခြေအနေအရ လမ်းကြောင်းပြောင်းပြီး ရွာမချောင်းဘက်မှ ထွက်ခွါခဲ့သော်လည်း ကုလားရောင်မြစ်ကို ဖြတ်အကူးတွင် လှိုင်းပုတ်ပြီး နစ်မြုပ်သွားခဲ့ခြင်းဖြစ်သည်ဟု လွတ်မြောက်လာသူများကို ကိုးကားပြီး ဦးချစ်ကျော်က ပြောကြား သည်။

နစ်မြုပ်သွားသည့် စက်လှေငယ်အား နစ်မြုပ်သည့်နေရာမှ ကိုက် ၁၀၀၀ ခန့်အကွာမှ ဆယ်ယူရရှိလာခဲ့ပြီး ကံဆိပ်တောင်ဆိပ်ကမ်းတစ်နေရာတွင် သိမ်းဆည်းထားကြောင်းသိရသည်။

January 17, 2026
သဉ္ဇာနွယ်—  ကျောက်ဖြူမြို့နယ်၊ သိုင်းချောင်းသို့ အင်အားဖြည့်ပြီး ပြန်လည်ထိုးစစ်ဆင်လာသော...
January 16, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်အပိုင် စစ်ကော်မရှင်တပ်၏...
January 15, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ မင်းပြင်ပတ်ဝန်းကျင်ကို စစ်ကော်မရှင်တပ်က...
January 14, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ  ၆၆၆ ပွိုင့်ကုန်းအနီး ကာကင်းစခန်းမှငတ်ပြတ်မှုကို...