တောင်ကုတ်ဒီဂရီကောလိပ်ကို တက္ကသိုလ်အဆင့်သို့တိုးမြှင့်ရန်စီစဉ်

တောင်ကုတ်ဒီဂရီကောလိပ်ကို တက္ကသိုလ်အဆင့်သို့တိုးမြှင့်ရန်စီစဉ်
by -
စိုးဇံအောင်(တောင်ကုတ်)

ရခိုင်ပြည်နယ်မှ တောင်ကုတ် ဒီဂရီကောလိပ်ကို တက္ကသိုလ် အဆင့်သို့တိုးမြှင့် သတ်မှတ်ပေးရန် ပညာရေးဝန်ကြီးဌာနမှ စီစဉ်နေကြောင်း သတင်းရရှိသည်။

“ တောင်ကုတ်ဒီဂရီ ကောလိပ်ကို တက္ကသိုလ်အဖြစ် တိုးမြှင့်တော့မှာ ဖြစ်တဲ့အတွက် တောင်ကုတ် တက္ကသိုလ် ဖွဲ့စည်းပုံကို အမြန်ဆုံး တင်ခိုင်းနေပါတယ်” ဟု တောင်ကုတ် ဒီဂရီကောလိပ် ကျောင်းအုပ် ဆရာကြီး ဦးမြင့်ဆွေက နိရဥ္စရာသတင်းဌာနသို့ ပြောကြားသည်။

လတ်တလောထွက်ပေါ်နေသော တောင်ကုတ်တက္ကသိုလ်ဖြစ်ပြီ ဆိုသော သတင်းမှာ မဟုတ်မှန် သေးကြောင်း၊ တရားဝင်မဖြစ်သေးကြောင်း ဦးမြင့်ဆွေကပြောသည်။

"တက္ကသိုလ်အဖြစ် တရားဝင်မဖြစ်သေးပါဘူး။ မကြာခင်တော့ဖြစ်လာမှာပါ။ တက္ကသိုလ် အင်္ဂါရပ်တွေနဲ့ ပြည့်စုံတဲ့ တက္ကသိုလ်ဖွဲ့စည်းပုံကို တင်ပြသွားရမှာပါ။လာမယ့် တနင်္လာနေ့ ဆိုရင်တော့ တင်လို့ရပါပြီ။ အဲ့ဒါတင်ပြီးတဲ့ခါမှ တက္ကသိုလ် အဖြစ် ကြေညာမှာပါ" ဟု ကျောင်းအုပ်ကြီး ဦးမြင့်ဆွေက ပြောသည်။

မြန်မာနိုင်ငံရှိ ဒီဂရီကောလိပ် ၅ ခုကို တက္ကသိုလ် အဆင့်တိုးမြှင့်ရန် ဖွဲ့စည်းပုံတင်ခိုင်းနေရာ ထို ဒီဂရီကောလိပ်များမှာ မြိတ်ဒီဂရီကောလိပ်၊ ရေနံချောင်းဒီဂရီကောလိပ်၊ မန္တလာဒီဂရီကောလိပ်၊ မိုးညှင်း ဒီဂရီကောလိပ်နှင့် တောင်ကုတ်ဒီဂရီကောလိပ် တို့ဖြစ်ကြသည်။

တောင်ကုတ်ကောလိပ်ကို ၂၀၁၂ခုနှစ် ဖေဖော်ဝါရီ ၂၃ ရက် သတ်မှတ်ခဲ့ပြီး ၂၀၁၆ ခုနှစ် အောက်တိုဘာလ ၁၁ရက်တွင် တောင်ကုတ် ဒီဂရီကောလိပ်အဖြစ် အဆင့်တိုးမြှင့် သတ်မှတ်ခဲ့ကြောင်း သိရှိရသည်။

May 28, 2026
ပိုးဝါ — ရခိုင်ပြည်မြို့တော် စစ်တွေတွင် အာဏာသိမ်း အစိုးရမှ ငွေ ၅ သိန်း၊ ဆန်တစ်အိတ်ဖြင့်...
May 27, 2026
ခိုင်လူလှ (ရိုးမမြေ) — သီရိလင်္ကာနိုင်ငံမှ ရခိုင်ရဟန်းတော်တစ်ပါးနှင့် သီလရှင်တစ်ပါးတို့သည်...
May 26, 2026
ဆောင်းဦးမာန် — ရခိုင်ပြည်၊မာန်အောင်မြို့၊ စမုံတဲ လေယာဉ်ကွင်းကို လုံခြုံရေးတိုးမြှင့်ပြီး...
May 25, 2026
(ပထမဆု ကျပ်သိန်း ၅ဝဝ အပါအဝင် အခြားဆုများလည်း ချီးမြှင့်မည်) မောင်စာဂ -...