မြေပုံမြို့နယ် ဝဘော်ကြီးရွာသစ်မှ ကလေးငယ်၁၅ဝကျော် စာမသင်ကြားရဘဲ ဖြစ်နေ

မြေပုံမြို့နယ် ဝဘော်ကြီးရွာသစ်မှ ကလေးငယ်၁၅ဝကျော် စာမသင်ကြားရဘဲ ဖြစ်နေ
by -
စိုးဇံအောင်(တောင်ကုတ်)
စာသင်ချင်လွန်း၍ ရွာကျောင်းကိုလာကြသော်လည်း ဆရာ ဆရာမ မရှိ၍ စာမသင်ကြားရဘဲ ဖြစ်နေကြသည့် ဝဘော်ကြီးရွာသစ်မှ ကလေးငယ်များကို တွေ့ရစဉ်။
စာသင်ချင်လွန်း၍ ရွာကျောင်းကိုလာကြသော်လည်း ဆရာ ဆရာမ မရှိ၍ စာမသင်ကြားရဘဲ ဖြစ်နေကြသည့် ဝဘော်ကြီးရွာသစ်မှ ကလေးငယ်များကို တွေ့ရစဉ်။

ရခိုင်ပြည်နယ် မြေပုံမြို့နယ် ဝဘော်ကြီးရွာသစ်မှ ကလေးငယ် ၁၅၄ ယောက်သည် ကျောင်းဖွင့်သည်မှာ ၁၀ ရက်ခန့် ရှိနေပြီ ဖြစ်သော်လည်း ယနေ့အချိန်ထိ စာမသင်ကြားရဘဲ ဖြစ်နေကြောင်း သတင်းရရှိသည်။

ဝဘော်ကြီးရွာသစ် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်ဆန်းဝင်းက “ ဒီရွာက လွန်ခဲဲ့တဲ့နှစ်ကမှ အသစ်တည်တဲ့ရွာဖြစ်ပါတယ်။ အိမ်ခြေက စုစုပေါင်း ၂၀၃ ဆောင်ရှိပါတယ်။ ကျောင်းသားဦးရေက ၁၅၄ ဦးရှိပါတယ်။ အစိုးရ အသိအမှတ်ပြု ကျောင်းမရသေးပါဘူး။ ကျောင်းရရှိရေးနဲ့ ဆရာ ဆရာမတွေကို ကူညီပေးဖို့ မြို့နယ် ပညာရေးမှူးကို တင်ပြထားပါတယ်။ အခုအချိန်ထိတော့ ဘာမှ အဆင်မပြေသေးပါဘူး” ဟု နိရဥ္စရာ သတင်းဌာနသို့ ပြောဆိုသည်။

၎င်းဝဘော်ကြီး ရွာသစ်တွင် ကလေးငယ်များမှာ သူငယ်တန်းမှ အဋ္ဌမတန်းထိ ရှိနေပြီး တစ်ခြားကျောင်းများသို့လည်း သွားရောက် ကျောင်းတက်ရန်လည်း မလွယ်ကူဟု သိရသည်။

“ ဝဘော်ကြီးရွာမှာတော့ အလယ်တန်းကျောင်းရှိပါတယ်။ ဒါပေမယ့် ကျွန်တော်ရွာသစ်ကနေ သွားတက်လို့ မရပါဘူး။ ကြားမှာ မြစ်ကြီးက ခြားနေပါတယ်။ ဟွန်ဒါစက်လှေနဲ့သွားတာတောင် မိနစ် သုံးဆယ်ကျော်ကြာပါတယ်။ ဒါကြောင့် ဝဘော်ကြီးရွာဟောင်းကို ဒီကနေ ကျောင်းသွား တက်ဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် ဒီရွာမှာဘဲ ကျောင်းရဖို့ လိုနေပါတယ်” ဟု သူက ဆိုသည်။

ဝဘော်ကြီးရွာမှ အိမ်ခြေ ၂၀၃ ဆောင် အနေဖြင့် ဝဘော်ကြီးရွာသစ်တည်ထောင်ရခြင်းမှာ ဝဘော်ကြီးရွာဟောင်းသည် မကြာခဏ မိုးတွင်းဆိုလျှင် မုန်တိုင်းဒဏ်ခံကို ခံရပြီး ရေမြုပ်ကြောင်း၊ နေထိုင်ရန် မသင့်တော်၍ ရွာသစ်ကို တည်ထောင်ရခြင်း ဖြစ်ကြောင်း သူက ပြောဆိုသည်။

ဝဘော်ကြီးရွာဟောင်းတွင် အိမ်ခြေ ၁၇၉ ဆောင်ကျန်ခဲ့ပြီး မေလ ၁၂ ရက်နေ ညဉ့်အချိန်မီးလောင်မှုဖြစ်ပွားခဲ့ရာတွင် အိမ်ခြေ ၉၄ လုံး၊ လူမနေသည့် အဆောက်အအုံ ၄၄ လုံးတို့ မီးထဲပါသွားခဲ့သည်။

“ ကျွန်တော်တို့က ဒီရွာသစ်ကို မီးမလောင်ခင် ဟိုနှစ်ကတည်းက တည်ထားတာပါ။ အများစုကတော့ ဒီရွာသစ်ကို ရောက်နေကြပါပြီ။ ကျောင်းအတွက်တော့ မြို့နယ်ပညာရေးမှူးကို အကြိမ်ကြိမ်တင်ပြထားပြီးပါပြီ” ဟု ဦးမောင်ဆန်းဝင်းက ဆက်လက် ပြောဆိုသည်။

ရွာသားများအနေဖြင့် ဝဘော်ကြီးရွာဟောင်းရှိကျောင်းကို ရွာသစ်သို့ ပြောင်းရွှေ့ရန် လိုလားနေကြပြီး အကယ်၍ မပြောင်းရွှေ့နိုင်လျှင်လည်း ဝဘော်ကြီးကျေးရွာသစ်အတွက် အစိုးရ အသိအမှတ်ပြုကျောင်းနှင့် ဆရာ ဆရာမများ ချပေးရန် လိုလားနေကြသည်ဟု သိရှိရသည်။

January 17, 2026
သဉ္ဇာနွယ်—  ကျောက်ဖြူမြို့နယ်၊ သိုင်းချောင်းသို့ အင်အားဖြည့်ပြီး ပြန်လည်ထိုးစစ်ဆင်လာသော...
January 16, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်အပိုင် စစ်ကော်မရှင်တပ်၏...
January 15, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ မင်းပြင်ပတ်ဝန်းကျင်ကို စစ်ကော်မရှင်တပ်က...
January 14, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ  ၆၆၆ ပွိုင့်ကုန်းအနီး ကာကင်းစခန်းမှငတ်ပြတ်မှုကို...