မြန်မာတစ်နိုင်ငံလုံးတွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်

မြန်မာတစ်နိုင်ငံလုံးတွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်

မုန်တိုင်းငယ်သည် ဘင်္ဂလားဒေ့ရှ်ကမ်းခြေကို စစ်တကောင်းမြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်ခဲ့ပြီးနောက် လေဖိအားနည်းရပ်ဝန်းအဖြစ် ပြောင်းလဲသွားသော်လည်း မြန်မာတစ်နိုင်ငံလုံးတွင် ဇွန်လ ၁၁ ရက်ညနေအထိ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်ကြောင်း မိုးဇလမှ ထုတ်ပြန်သည်။

ဇွန်လ (၁၁)ရက်နေ့ မြန်မာ စံတော်ချိန် (၀၅:၃၀) နာရီအချိန် တိုင်းထွာချက်များအရ နံနက် (၇:၀၀) နာရီအချိန် ထုတ်ပြန်ချက်တွင် ဖော်ပြထားခြင်းဖြစ်သည်။

လက်ရှိတွင် ဘင်္ဂလားဒေ့ရှ်ကမ်းခြေတွင် ဖြစ်ပေါ်ခဲ့သော မုန်တိုင်းငယ်သည် ဖီနီမြို့အနီးတွင် လေဖိအားနည်းရပ်ဝန်း(Low Pressure Area)အဖြစ် အားလျော့သွားပြီဖြစ်ကြောင်း သိရသည်။

သို့သော်လည်း စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ဒေသအလိုက်နှင့် နေပြည်တော်၊ မန္တလေး တိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပြီး ရွာရန်ရာနှုန်းပြည့် ဖြစ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်ကလည်း ဇွန်လ ၁၃ ရက်အထိ မိုးရွာသွန်းမှုများရှိနိုင်ကြောင်း ခန့်မှန်းထားပြီး ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင် မိုးကြီးနိုင်သည်ဟု သတိပေးထားသည်။

ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက် မိုးပြတ်တောင်းရွာပြီး၊ တစ်ခါတစ်ရံ သည်းထန်နိုင်ကာ  ရွာရန်ရာနှုန်းပြည့် ၊ မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက် မိုးအသင့်အတင့် ထစ်ချုန်းရွာ၊  ရွာရန်ရာနှုန်းပြည့် ဖြစ်သည်။

မိုး အဆက်မပြတ် ရွာသွန်းမှုကြောင့် မြေပြိုမှုများ၊ ရေကြီးမှုများ ကြုံတွေ့နိုင်ပြီး မြစ်များ၊ ချောင်းများအနီး နေထိုင်သူများ သတိပြုရန် လိုအပ်သည်။

မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၄၀)အထိ တိုက်ခတ်နိုင်ကာ လှိုင်းအမြင့်မှာ (၁၀)ပေမှ (၁၅)ပေခန့် ရှိနိုင်ကြောင်း မိုးဇလမှ ထုတ်ပြန်ထားသည်။

May 26, 2026
ဟန်ထူးဇော် — အွန်လိုင်းငွေလိမ်လည်သည့် လုပ်ငန်းများလုပ်ကိုင်မှုကြောင့် နာမည်ဆိုးဖြင့်...
May 25, 2026
ယမင်းဖူးပွင့်အောင် - ပြည်သူ့ဂုဏ်ရည်အဖွဲ့ကပေးအပ်သော ၁၇ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆုကို ၈၈...
May 23, 2026
မောင်ခက်နွေ — စစ်မှုထမ်းပေါ်တာဆွဲခံရမှုမှ ရှောင်ရှားနိုင်ရန် အလုပ်အသွား၊ အပြန်...
အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များ မေလ ၂၁ ရက်တွင် တွေ့ဆုံခဲ့ကြသည့် မြင်ကွင်း။ (NUG)
May 22, 2026
မောင်ခက်နွေ — အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနှင့်...