ရှမ်းပြည်သူ့စစ်အဖွဲ့ကို အခွန်ပေးရန် TNLA တောင်းဆို

ရှမ်းပြည်သူ့စစ်အဖွဲ့ကို အခွန်ပေးရန် TNLA တောင်းဆို
by -
ဇေယျာမော်

ရှမ်းပြည်မြောက်ပိုင်းရှိ စိန်ကျော့ ပြည်သူ့စစ်အဖွဲ့ကို ဇွန်လ ၁၅ ရက်နေ့ နောက်ဆုံးထားပြီး ရန်ပုံငွေအခွန် ပေးဆောင်ရန် တအာဝ်းအမျိုးသားလွတ်မြောက်ရေးတပ် TNLA က စာပေးပို့တောင်းဆိုထားသည်။

“ကျွန်တော်တို့ နယ်ထဲမှာ စီးပွားလာလုပ်တဲ့အတွက် တော်လှန်ရေးရန်ပုံငွေ တောင်းခံခြင်းဖြစ်တယ်” ဟု TNLA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး မိုင်းအိုက်ကျော်က ဆိုသည်။

အခွန်ငွေတောင်းခံခြင်းကို မှန်ကန်ကြောင်း TNLA ဘက်မှ အတည်ပြုပြောဆိုသော်လည်း မည်မျှတောင်းခံခဲ့ သည်ကို ထုတ်ဖော်ပြောဆိုခဲ့ခြင်းမရှိပေ။

မူဆယ်နှင့်နမ့်ခမ်းမြို့အကြား စယ်လန့်ရွာရှိ စိန်ကျော့ပြည်သူ့စစ် အဖွဲ့ရုံးကို TNLA ဘက်က အကြောင်းကြားစာ ပေးပို့လာခြင်း ဖြစ်သည်။TNLA မှ တောင်းခံသည့် ရန်ပုံငွေကို SSA စိန်ကျော့ပြည်သူ့စစ်အဖွဲ့မှ ပေးမည် မဟုတ်ကြောင်း BBC သတင်းတွင် ဖော်ပြထားသော်လည်း မဇ္စျိမအနေဖြင့် သီးခြားအတည်ပြုချက် ရရှိထားခြင်းမရှိပေ။

ပြီးခဲ့သည့်လက မူဆယ်ရှိ ပြည်သူ့စစ်ပိုင်လောင်းကစားရုံများကို TNLA က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးသည့် နောက်ပိုင်း စိန်ကျော့ပြည်သူ့စစ်အဖွဲ့ကို TNLA က ရန်ပုံငွေတောင်းခံခဲ့ခြင်းလည်းဖြစ်သည်။

ရှမ်းပြည်မြောက်ပိုင်း သီပေါတွင် အခြေချသည့် စိန်ကျော့ပြည်သူ့စစ်အဖွဲ့သည် ရှမ်းပြည်တပ်မတော်မြောက်ပိုင်း SSA ၏ တပ်ဖွဲ့ဟောင်းဖြစ်ပြီး ၂ဝ၁ဝ ခုနှစ်တွင် ပြည်သူ့စစ်အဖြစ် အသွင်ပြောင်းထားခြင်းဖြစ်သည်။

တအာဝ်းအမျိုးသားလွတ်မြောက်ရေးတပ် TNLA သည် ရှမ်းပြည်မြောက်ပိုင်းတွင် လှုပ်ရှားနေသောအဖွဲ့ဖြစ်ပြီး ‘ဝ’ အဖွဲ့ ဦးဆောင်ဖွဲ့စည်းထားသည့် မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်လည်းဖြစ်သည်။

May 26, 2026
ဟန်ထူးဇော် — အွန်လိုင်းငွေလိမ်လည်သည့် လုပ်ငန်းများလုပ်ကိုင်မှုကြောင့် နာမည်ဆိုးဖြင့်...
May 25, 2026
ယမင်းဖူးပွင့်အောင် - ပြည်သူ့ဂုဏ်ရည်အဖွဲ့ကပေးအပ်သော ၁၇ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆုကို ၈၈...
May 23, 2026
မောင်ခက်နွေ — စစ်မှုထမ်းပေါ်တာဆွဲခံရမှုမှ ရှောင်ရှားနိုင်ရန် အလုပ်အသွား၊ အပြန်...
အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များ မေလ ၂၁ ရက်တွင် တွေ့ဆုံခဲ့ကြသည့် မြင်ကွင်း။ (NUG)
May 22, 2026
မောင်ခက်နွေ — အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနှင့်...