စီမံ/ဘဏ္ဍာဝန်ကြီးသစ် ဦးစိုးဝင်း လွှတ်တော်မှာ ကတိသစ္စာပြု

စီမံ/ဘဏ္ဍာဝန်ကြီးသစ် ဦးစိုးဝင်း လွှတ်တော်မှာ ကတိသစ္စာပြု
by -
မင်းမင်း
 ကတိသစ္စာပြုရန် ပြည်ထောင်စုလွှတ်တော်သို့ တက်ရောက်လာသော စီမံ/ဘဏ္ဍာဝန်ကြီးသစ် ဦးစိုးဝင်း(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)
ကတိသစ္စာပြုရန် ပြည်ထောင်စုလွှတ်တော်သို့ တက်ရောက်လာသော စီမံ/ဘဏ္ဍာဝန်ကြီးသစ် ဦးစိုးဝင်း(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

ရာထူးမှ နုတ်ထွက်သွားသော ဝန်ကြီးဟောင်း ဦးကျော်ဝင်း၏ နေရာတွင် တာဝန်ယူမည့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးအသစ်ဖြစ်သူ အသက်(၈၀)အရွယ် ဦးစိုးဝင်းသည် ၂၀၁၈ခုနှစ်၊ ဇွန်လ ၅ရက်က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်တွင် ကတိသစ္စာပြုခဲ့သည်။

စီးပွားရေးနှင့်ဘဏ်လုပ်ငန်းကျွမ်းကျင်သူ ဦးစိုးဝင်းသည် အာဏာရ NLD ပါတီ၏ ဗဟိုစီးပွားရေးကော်မတီဝင်အဖြစ် တာဝန်ယူခဲ့သူ ဖြစ်သည်။ ထို့ပြင် Deloitte Touche Myanmar Vigour Advisory Limited တွင်လည်း Country Managing Partner အဖြစ် ဝန်ကြီးတာဝန်မယူမီ နောက်ဆုံးလုပ်ကိုင်ခဲ့သေးသည်။

ပညာအရည်အချင်းအားဖြင့် ဝိဇ္ဇာ၊ ဥပဒေဝိဇ္ဇာ၊ စီမံခန့်ခွဲရေးဒီပလိုမာ (BA,BL,DMA) ရရှိထားသူဖြစ်သည်ဟုလည်း ၎င်း၏ ကိုယ်ရေးအကျဉ်းတွင် ဖော်ပြထားသည်။

စီမံ/ဘဏ္ဍာဝန်ကြီးဟောင်း ဦးကျော်ဝင်းမှာ အဂတိလိုက်စားမှုဖြင့် တိုင်ကြားခံရပြီး ကော်မရှင်က စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပြီးနောက် ရာထူးမှ နှုတ်ထွက်သွားခြင်း ဖြစ်သည်။

NLD ဦးဆောင်သည့် အစိုးရသက်တမ်း နှစ်နှစ်ကျော်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒုဝန်ကြီး ဒေါက်တာထွန်းဝင်းကို တာဝန်မှ ရပ်စဲခြင်း၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးဖေဇင်ထွန်း ရာထူးမှ နုတ်ထွက်ခြင်းနှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးကျော်ဝင်းကို ရာထူးမှနှုတ်ထွက်ခြင်း စသည့် အပြောင်းအလဲများကို ပြုလုပ်ခဲ့သည်။

Most read this week

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်တပ်(လေ)၏ ဖွဲ့စည်းတည်ထောင်မှု (၇၄)နှစ် မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား တက်ရောက်စဉ်။ (MOI)
March 28, 2026
မောင်ခက်နွေ - စစ်ကော်မရှင်က အာဏာသိမ်းကာလ ငါးနှစ်ကျော်အတွင်း လေကြောင်းတိုက်ခိုက်မှု ၆,၉၈၆ ကြိမ်...
March 27, 2026
ပါခွီး — မကွေးတိုင်း ၊ မကွေးမြို့အခြေစိုက် လေတပ်စခန်းကို ၁၀၇မမ ရှော့တိုက်ဒုံး ၁၁လုံးဖြင့်...
March 26, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ မိသားစုသည် ထိုင်းနိုင်ငံ၊...
March 25, 2026
ရခိုင်၊ စစ်တွေမြို့အနီး ကုလားတန်မြစ်ဘေးရှိ ရွှေမင်းဂံဆိပ်ကမ်းနှင့် ကျောက်ဖြူမြို့ရှိ မင်းပြင်-...