SME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် ပြည်နယ်နှင့်တိုင်းများတွင် အေဂျင်စီများ ဖွဲ့စည်းဆောင်ရွက်နေ

SME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် ပြည်နယ်နှင့်တိုင်းများတွင် အေဂျင်စီများ ဖွဲ့စည်းဆောင်ရွက်နေ
by -
မိုးမြင့်ဇော်

အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ (SME) ဖွံ့ဖြိုးတိုးတက်စေရန် ပြည်နယ်နှင့် တိုင်းဒေသအလိုက် အေဂျင်စီများ ဖွဲ့စည်းဆောင်ရွက်လျက်ရှိကြောင်း စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်အေးအေးဝင်းက ပြောသည်။

“ဒေသတွင်းအေဂျင်စီတွေကို ဖွဲ့နေပါပြီ။ ဖွဲ့လည်းဖွဲ့ပြီးသွားပြီ တိုင်းနဲ့ ပြည်နယ် အားလုံးမှာပေါ့။ အဲဒီ Regional (ဒေသတွင်း) အေဂျင်စီတွေမှာလည်း One Stop Service တွေ၊ One Stop စင်တာတွေ၊ Information စင်တာတွေ၊ Support Center တွေ၊ ဒါတွေကိုလည်း တိုးချဲ့ပြီး တဖြည်းဖြည်းနဲ့ ဖွဲ့သွားမယ်” ဟု ၎င်း က ပြောသည်။

အဆိုပါ အေဂျင်စီများမှ တစ်နေရာတည်းမှာပင် အကုန်ဆောင်ရွက်နိုင်သော ဝန်ဆောင်မှုများရရှိနိုင်ရန် တိုးမြှင့်ဆောင်ရွက်သွားမည် ဖြစ်ပြီး ငွေကြေးစိစစ်ရေးကော်မတီများဖွဲ့စည်းကာ SME လုပ်ငန်းများအတွက် လိုအပ်သည့်ငွေကြေးများကို စနစ်တကျ ဖြစ်အောင် အစိုးရဘက်မှ ပံ့ပိုးကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်တွင် မန္တလေး၊ မကွေး၊ ဧရာဝတီတိုင်း စသောဒေသများတွင် SME ပြပွဲ၊ ပြိုင်ပွဲများကျင်းပ ပြီး ရွေးချယ်ကာ ဆက်လက်ဖွံ့ဖြိုးတက်အောင်ကူညီနိုင်ရန် အစိုးရနှှင့် ပုဂ္ဂလိကအသင်း အဖွဲ့အစည်းများမှလည်း ဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဒုတိယ ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြောသည်။

ထို့ပြင် နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်တို့ ပါဝင်သော SME စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီတွင် ပြည်ထောင်စုဝန်ကြီးများ၊ ဝန်ကြီးချုပ်များ၊ သက်ဆိုင်ရာအဖွဲအစည်း များဖြင့် လုပ်ငန်းကော်မတီကို ဖွဲ့စည်းဆောင်ရွက်နေသည်။

နိုင်ငံတကာမှ ပြည်တွင်း SME လုပ်ငန်းများအတွက် ချေးငွေကူညီမှုများရှိနေသော်လည်း G to G စနစ် ဖြင့်သာ လုပ်ဆောင်နေပြီး မြန်မာနိုင်ငံအစိုးရမှ အာမခံချက်ရှိမှသာလျှင်   ချေးနိုင်မည်ဖြစ်ကြောင်းသိရသည်။

May 26, 2026
ဟန်ထူးဇော် — အွန်လိုင်းငွေလိမ်လည်သည့် လုပ်ငန်းများလုပ်ကိုင်မှုကြောင့် နာမည်ဆိုးဖြင့်...
May 25, 2026
ယမင်းဖူးပွင့်အောင် - ပြည်သူ့ဂုဏ်ရည်အဖွဲ့ကပေးအပ်သော ၁၇ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆုကို ၈၈...
May 23, 2026
မောင်ခက်နွေ — စစ်မှုထမ်းပေါ်တာဆွဲခံရမှုမှ ရှောင်ရှားနိုင်ရန် အလုပ်အသွား၊ အပြန်...
အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များ မေလ ၂၁ ရက်တွင် တွေ့ဆုံခဲ့ကြသည့် မြင်ကွင်း။ (NUG)
May 22, 2026
မောင်ခက်နွေ — အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနှင့်...