အမျိုးသားလွှတ်တော်ရုံး ဒုညွှန်ကြားရေးမှူးချုပ်ကို ချင်းပြည်နယ် စည်ပင်၊ လျှပ်စစ်နှင့်စက်မှုဝန်ကြီးအဖြစ် ခန့်အပ်

အမျိုးသားလွှတ်တော်ရုံး ဒုညွှန်ကြားရေးမှူးချုပ်ကို ချင်းပြည်နယ် စည်ပင်၊ လျှပ်စစ်နှင့်စက်မှုဝန်ကြီးအဖြစ် ခန့်အပ်
by -
ဇေယျာမော်
ချင်းပြည်နယ် ဝန်ကြီးဟောင်း ဆလိုင်းအိုက်ဇင်ခင်နှင့် ချင်းပြည်နယ် စည်ပင်သာယာရေး ၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီးသစ် ဖြစ်လာသူ ဒုတိယဗိုလ်မှူးကြီးဟောင်း ဦးစိုးထက်တို့အား အတူတွေ့ရစဉ်။ ဓာတ်ပုံ-ဆလိုင်းအိုက်ဇက်ခင်
ချင်းပြည်နယ် ဝန်ကြီးဟောင်း ဆလိုင်းအိုက်ဇင်ခင်နှင့် ချင်းပြည်နယ် စည်ပင်သာယာရေး ၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီးသစ် ဖြစ်လာသူ ဒုတိယဗိုလ်မှူးကြီးဟောင်း ဦးစိုးထက်တို့အား အတူတွေ့ရစဉ်။ ဓာတ်ပုံ-ဆလိုင်းအိုက်ဇက်ခင်

အမျိုးသားလွှတ်တော်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစိုးထက်ကို ချင်းပြည်နယ် စည်ပင်သာယာရေး ၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီးအဖြစ် ခန့်အပ်ကြောင်း မေ ၂၅ ရက်နေ့ ရက်စွဲဖြင့် နိုင်ငံတော်သမ္မတရုံးက ယနေ့ မေလ၂၆ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာလိုက်သည်။

ချင်းပြည်နယ် စည်ပင်သာယာရေး ၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ရာထူးမှ နှုတ်ထွက်ခဲ့သည့်  ဆလိုင်းအိုက်ဇက်ခင် နေရာတွင် ဒုတိယဗိုလ်မှူးကြီးဟောင်း ဦးစိုးထက်ကို အစားထိုးခန့်အပ်ခဲ့ခြင်းလည်း ဖြစ်သည်။

ယခင်နုတ်ထွက်သွားသည့် ဆလိုင်းအိုက်ဇက်ခင်သည် ဟားခါးမြို့ပြစီမံကိန်း ၊ ဟားခါးစျေးတည်ဆောက်ရေးနှင့် ဖလမ်းရေပေးရေး စီမံကိန်းများ ဆောင်ရွက်ရာတွင် သတ်မှတ်အချိန်ကာလအတွင်း ဆောင်ရွက်နိုင်ခြင်း မရှိသည့်အတွက် တာဝန်ယူမှု ၊ တာဝန်ခံမှု ရှိစွာဖြင့် ရာထူးမှ နုတ်ထွက်ခွင့်ပြုရန် တင်ပြခဲ့ခြင်းလည်းဖြစ်သည်။

ဦးစိုးထက်အား ခန့်အပ်ရန် ချင်းပြည်နယ်လွှတ်တော်၌ အမည်စာရင်းတင်သွင်းရာတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီဝင် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အချို့သည် လွှတ်တော်အစည်းအဝေးခန်းမမှ ထွက်ခွာပြီး ဆန္ဒဖော်ထုတ်ခဲ့ကြသည်များလည်း ရှိသည်။

ပြည်နယ်ဝန်ကြီးအဖြစ် ခန့်အပ်ခံရသည့် ဦးစိုးထက်သည် ၁၉၈၂ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ သတ္တဗေဒ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၃ ခုနှစ်တွင် တပ်မတော်၌ တာဝန်ထမ်းဆောင်ခဲ့သည်။  ယင်းနောက် ၂၀၁၃ ခုနှစ်တွင် အမျိုးသားလွှတ်တော်ရုံး၌ ဒုတိယညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

ချင်းလူမျိုးဖြစ်သည့် ဦးစိုးထက်သည် နေပြည်တော်၌ ကျင်းပသော (၆၅) နှစ်မြောက် ချင်းအမျိုးသားနေ့မှ စပြီး ချင်းအမျိုးသားနေ့ကျင်းပရေးကော်မတီ ဥက္ကဌတာဝန်ကို ယနေ့ထိတိုင် ဆောင်ရွက်လျက်ရှိပြီး၊ ချင်းလူမှုရေးအသင်း (နေပြည်တော်) ၏ ဥက္ကဌအဖြစ်လည်း တာဝန်ယူဆောင်ရွက်လျက် ရှိသူဖြစ်သည်။

April 27, 2026
စစ်အုပ်စုလက်အောက်ခံ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက...
April 25, 2026
ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် MNDAA, TNLA နှင့် AA တို့ ထိန်းချုပ်ထားသည့် မြို့အားလုံးကို...
April 24, 2026
အာဏာသိမ်း စစ်အုပ်စု၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ...
April 23, 2026
မောင်ခက်နွေ —စစ်အာဏာသိမ်းပြီး ငါးနှစ်နီးပါးအကြာတွင် အရပ်သားသမ္မတအဖြစ် အသွင်ပြောင်းလဲထားသည့် ၂၀၂၆...