ကွမ်းစျေးအလွန်ကောင်းခဲ့သဖြင့် ယခုနှစ် ကွမ်းစိုက်တောင်သူဦးရေ များလာ

ကွမ်းစျေးအလွန်ကောင်းခဲ့သဖြင့် ယခုနှစ် ကွမ်းစိုက်တောင်သူဦးရေ များလာ
by -
စောပဏ်

မွန်ပြည်နယ် သထုံမြို့နယ်တွင် ယမန်နှစ်က ကွမ်းစိုက်တောင်သူများ စံချိန်အမြင့်ဆုံး ကွမ်းဈေးကို ရခဲ့ကြသဖြင့် ယခုနှစ်တွင် ဒေသခံ အများအပြားငကွမ်းပင်များစိုက်ပျိုးလာကြသည်ဟု ဒေသခံများထံမှ သိရသည်။

"ကွမ်းက နှစ်ရှည်ရာသီပေါ်သီးနှံပင်တွေလို မဟုတ်ဘူးလေ။ သူက ဆူလွယ် နပ်လွယ်တယ်။ ၁၅ ရက် တစ်ခါ ငွေပေါ်နေတော့ အများစုဟာ စိတ်ဝင်စားကြတယ်။ ဒါပေမယ့် မြေနေရာခက်အခက်ရော ကွမ်းဈေးမကောင်းတာရောဆိုတော့ သိပ်မစိုက်ဖြစ်ကြဘူး။ အခုလို ကွမ်းဈေးကောင်းလာတဲ့ အခါမှာတော့ ကွမ်းကို သူသူငါငါ စိုက်လာကြတော့တာပဲ"ဟု နောင်ဘိုရေပြွန်ပိုင်းနေ ကွမ်းတောင်သူ ဦးစိုးသိန်းက ပြောသည်။

ကွမ်း ၁ပိဿာ ကျပ် ၅ဝဝဝဈေး ရလျှင် ကွမ်းတောင်သူများအတွက် ဈေးကောင်းရသောနှစ် ဖြစ်ပြီး များသောအားဖြင့် ကျပ် ၂၀၀၀၊ ၃၀၀၀ ဈေးသာ ရခဲ့ကြသည်။

ကျပ်၄၀၀, ၅ဝဝသို့ ဈေးထိုးကျသော နှစ်များတွင်မူ ကွမ်းတောင်သူများ အရှုံးပေါ်သောနှစ်ဟု ဆိုကြသည်။ ယမန်နှစ်မှာမူ စံချိန်အမြင့်ဆုံးဈေးအဖြစ် ၉၅၀၀ ကျပ်အထိ ရခဲ့ကြသည်ဟု သိရသည်။

  "ကျွန်တော့မှာ ကွမ်းတိုင် ၂ဝဝဝကျော် ရှိထားထယ်။ ဒီနှစ်လည်း ၂ဝဝဝကျော်လောက် ထပ်စိုက်မယ်။ကျနော်ကတော့ ဒီ ကွမ်းတစ်မျိုးတည်းကိုပဲ လုပ်ကိုင်လာခဲ့တာပါ။ ကွမ်းဈေးကောင်းလာတော့ ဒီနှစ်မှာ ကွမ်းလိုက်စိုက်လာသူတွေ တဝက်နီးပါးလောက် များလာတယ်"ဟု နှစ် ၃ဝကျော် ကွမ်းခြံလုပ်ငန်းဖြင့် မိသားစုကို ကျွေးမွေးလာခဲ့သူ နောင်ဘိုဘုရားဖြူပိုင်းနေ ဦးမောင်ဌေးက ဆိုသည်။

 အဆိုပါကွမ်းသည် တိုင် ၁ဝဝဝလျှင် ကွမ်းပိဿာချိန် ၉၀, ၁ဝဝခန့် ထွက်၍ ကွမ်းကောင်းလျှင်ကောင်းသလောက် ပိဿာချိန် ၁၅ဝမှ ၂၀၀ အထိထွက်ကြောင်း၊ ၁၅ရက်လျှင် တစ်ကြိမ်ဖြင့် ၁၂ရာသီပတ်လုံး ငွေပေါ်သောလုပ်ငန်းဖြစ်ကြောင်း ၎င်းကွမ်းစိုက်တောင်သူများထံမှ သိရသည်။

Most read this week

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်တပ်(လေ)၏ ဖွဲ့စည်းတည်ထောင်မှု (၇၄)နှစ် မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား တက်ရောက်စဉ်။ (MOI)
March 28, 2026
မောင်ခက်နွေ - စစ်ကော်မရှင်က အာဏာသိမ်းကာလ ငါးနှစ်ကျော်အတွင်း လေကြောင်းတိုက်ခိုက်မှု ၆,၉၈၆ ကြိမ်...
March 27, 2026
ပါခွီး — မကွေးတိုင်း ၊ မကွေးမြို့အခြေစိုက် လေတပ်စခန်းကို ၁၀၇မမ ရှော့တိုက်ဒုံး ၁၁လုံးဖြင့်...
March 26, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ မိသားစုသည် ထိုင်းနိုင်ငံ၊...
March 25, 2026
ရခိုင်၊ စစ်တွေမြို့အနီး ကုလားတန်မြစ်ဘေးရှိ ရွှေမင်းဂံဆိပ်ကမ်းနှင့် ကျောက်ဖြူမြို့ရှိ မင်းပြင်-...