စစ်ပွဲများရပ်ရေး ဆန္ဒထုတ်ဖော်ခဲ့သူ ၂ ဦးအား ငြိမ်းစုစီပုဒ်မဖြင့် ထောင်ဒဏ် ၂ လ ချမှတ်

စစ်ပွဲများရပ်ရေး ဆန္ဒထုတ်ဖော်ခဲ့သူ ၂ ဦးအား ငြိမ်းစုစီပုဒ်မဖြင့် ထောင်ဒဏ် ၂ လ ချမှတ်
by -
အောင်ကိုဦး

စစ်ပွဲများ ရပ်တန့်ပေးရေးနှင့်ပိတ်မိနေသော ဒေသခံများ လွှတ်ပေးရေးကို တောင်းဆိုခဲ့သည့် ကိုအောင်မှိုင်းဆန်းနှင့် ကိုဒိန်းဒေါင်တို့ကို ငြိမ်းချမ်းစွာစုဝေးလှည့်လည်ခွင့် ဥပဒေပုဒ်မ ၁၉ ဖြင့် မေလ ၂၂ ရက်၊ နံနက် ၁၁ နာရီက ချမ်းအေးသာစံမြို့နယ်တရားရုံးမှ ထောင်ဒဏ် နှစ်လ ပြစ်ဒဏ်ချမှတ်လိုက်သည်။

မေလ ၆ ရက်နေ့က စစ်ပွဲများ ရပ်တန့်ပေးရေးနှင့်ပိတ်မိနေသော ဒေသခံများလွှတ်ပေးရေး တောင်းဆိုခဲ့ခြင်း ကြောင့် ဖမ်းဆီးခံရခြင်းဖြစ်ပြီး ယနေ့ မေလ ၂၁ ရက်တွင် ထောင်ဒဏ် ၂ လ ပြစ်ဒဏ်ချခံရခြင်းဖြစ်သည်။

ကိုအောင်မှိုင်းဆန်းက"အပြစ်မရှိဘူး။ မတရားသက်သက်အဖမ်းခံရတယ်လို့ပဲ ယူဆတယ်။ ခဏဖမ်းတာပဲ ဖြစ်ဖြစ်။ ထောင်တစ်ရက်ကျတာပဲဖြစ်ဖြစ်။  အဲဒီဟာတွေအပေါ်မှာ တရားတယ်လို့ မခံစားရပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ အရင်က ပြောခဲ့တဲ့အတိုင်းပဲ။ တရားရေးမဏ္ဍိုင်ဟာ တကယ်ကို သန့်သန့်ရှင်းရှင်းနဲ့ လွတ်လွတ်လပ်လပ်တည်ရှိတဲ့ မဏ္ဍိုင်မဟုတ်ဘူး။ အုပ်ချုပ်ရေးအဖွဲ့အစည်းရဲ့ စွက်ဖက်မှု တွေရှိတဲ့အတွက် ကျွန်တော်တို့က ဒီအပေါ်မှာ ဒါကြောင့်မို့လည်း တရားရုံးသပိတ်မှောက်တယ်ဆိုတဲ့ သဘောမျိုးတွေ လုပ်ခဲ့ကြတယ်။ သူ့ဘာသာသူ တစ်ရက်ပဲ ချချ၊ နှစ်လပဲ ချချ မတရားမှုက မတရားမှုပါပဲ"ဟု ပြောသည်။

ကိုအောင်မှိုင်းဆန်းနှင့် ကိုဒိန်းဒေါင်တို့နှစ်ဦးကို ချမ်းအေးသာစံမြို့နယ်တရာရုံးတွင် ငြိမ်းချမ်းစွာစုဝေးလှည့် လည်ခွင့် ဥပဒေပုဒ်မ ၁၉ ဖြင့်တရားစွဲတင်ကာ ၃ ကြိမ်မြောက် စစ်ဆေးခဲ့ပြီးနောက် မေလ ၂၂ ရက်တွင် အပြီးသတ်အမိန့် ချမှတ်ခဲ့ခြင်း ဖြစ်သည်။

ကိုဒိန်းဒေါင်ကလည်း "ကျွန်တော်တို့က ပြည်တွင်းစစ်ရပ်ချင်တယ်။ငြိမ်းချမ်းရေးလိုလားတဲ့သူကို ငြိမ်းချမ်းရေး မလိုလားတဲ့သူက ရန်ပြုမယ်။ အန္တရာယ်ပေးမယ်။"ဟု ပြောသည်။

အဆိုပါ ၂ ဦးနှင့်အတူ ငြိမ်းချမ်းရေးကဗျာ ရွတ်ဆိုခဲ့သူ ကဗျာဆရာ ကလင့်မှာ မေလ ၁၀ ရက်က ချမ်းအေး သာစံမြို့နယ် တရားရုံးမှ ပုဒ်မ ၁၉ ဖြင့် ထောင်ဒဏ် ၂ လ အမိန့်ချခဲ့ပြီးဖြစ်သည်။

 လာမည့် မေလ ၂၅ရက်တွင်လည်း ငြိမ်းရေးအတွက်ဆန္ဒပြခဲ့သူ ၂ ဦးဖြစ်သော ကိုသန်းထိုက်နှင့် ကိုနှင်းအောင် တို့ကိုလည်း အောင်မြေသာစံမြို့နယ်တရာရုံးတွင် ရုံးထုတ်စစ်ဆေးသွားမည်ဖြစ်ကြောင်းသိရသည်။

ငြိမ်းချမ်းရေးအတွက် ဆန္ဒပြ တောင်းဆိုမှုများကြောင့် မေလ ၅ ရက်မှ ၁၅ ရက်အထိ အမှုဖွင့် တရားစွဲဆိုခံထား ရသူ ၄၅ ဦး ရှိပြီး၊ အမှု အရေအတွက် ၁၄ ခုရှိကြောင်းသိရသည်။

May 26, 2026
ဟန်ထူးဇော် — အွန်လိုင်းငွေလိမ်လည်သည့် လုပ်ငန်းများလုပ်ကိုင်မှုကြောင့် နာမည်ဆိုးဖြင့်...
May 25, 2026
ယမင်းဖူးပွင့်အောင် - ပြည်သူ့ဂုဏ်ရည်အဖွဲ့ကပေးအပ်သော ၁၇ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆုကို ၈၈...
May 23, 2026
မောင်ခက်နွေ — စစ်မှုထမ်းပေါ်တာဆွဲခံရမှုမှ ရှောင်ရှားနိုင်ရန် အလုပ်အသွား၊ အပြန်...
အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များ မေလ ၂၁ ရက်တွင် တွေ့ဆုံခဲ့ကြသည့် မြင်ကွင်း။ (NUG)
May 22, 2026
မောင်ခက်နွေ — အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနှင့်...