UNFC အရေးပေါ်ညီလာခံကို ဇူလိုင်လအတွင်းပြုလုပ်မည်

UNFC အရေးပေါ်ညီလာခံကို ဇူလိုင်လအတွင်းပြုလုပ်မည်
by -
စိုးသူအောင်

ညီညွတ်သော တိုင်းရင်းသား လူမျိုးများကောင်စီ (UNFC)  ၏ အရေးပေါ်ညီလာခံကို ဇူလိုင်လအတွင်း ကျင်းပရန် ရှိနေသည်ဟု UNFC မှ ပြောခွင့်ရပုဂ္ဂိုလ် ဦးထွန်းဇော်က ပြောသည်။

အဆိုပါညီလာခံတွင် UNFC ၏ မဟာဗျူဟာလုပ်ငန်းစဉ်တွေနှင့် အထွေထွေလုပ်ငန်းစဉ်များအပါအဝင် ရှေ့ဆက် လုပ်ဆောင်သွားမည့် အချက်များကို အဓိကထားဆွေးနွေးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

“ ကျွန်တော်တို့ ရက်ချိန်းအတိအကျတော့မတွက်ရသေးဘူးပေါ့နော်။ ဇူလှိုင်လမှာ လုပ်မယ်ဆိုတဲ့ဆုံးဖြတ်ချက်အတိုင်းပဲရှိသေးတယ် “ ဟု ဦးထွန်းဇော်ကဆိုသည်။

UNFC အဖွဲ့ဝင်များဖြစ်သည့် မွန်ပြည်သစ်ပါတီ (NMSP) နှင့် လားဟူ ဒီမိုကရက်တစ် အစည်းအရုံး (LDU) တို့သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် (NCA) ကို လက်မှတ်ရေးထိုးထားသည့် အဖွဲ့များဖြစ်ပြီး ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP)က  အစိုးရနှင့် NCA ရေးထိုးရန်ဆွေးနွေး နေသည့်အဖွဲ့လည်းဖြစ်သည်။

ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) မှာမူ UNFC  အဖွဲ့ဝင်ဖြစ်နေသေးသော်လည်း “၀” အဖွဲ့ဦးဆောင်သည့် ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီ (FPNCC) တွင်လည်းပါဝင်နေသည်။

လက်ရှိ UNFC တွင် မွန်ပြည်သစ်ပါတီ (NMSP) နှင့် လားဟူ ဒီမိုကရက်တစ် အစည်းအရုံး (LDU)၊ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP)၊ ရခိုင်အမျိုးသား ကောင်စီ (ANC)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) (၅) ဖွဲ့ရှိနေပြီး အများစုမှာ တပ်မတော်နှင့် တိုက်ပွဲများ မဖြစ်ပွားသည်မှာကြာပြီလည်းဖြစ်သည်။

May 26, 2026
ဟန်ထူးဇော် — အွန်လိုင်းငွေလိမ်လည်သည့် လုပ်ငန်းများလုပ်ကိုင်မှုကြောင့် နာမည်ဆိုးဖြင့်...
May 25, 2026
ယမင်းဖူးပွင့်အောင် - ပြည်သူ့ဂုဏ်ရည်အဖွဲ့ကပေးအပ်သော ၁၇ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆုကို ၈၈...
May 23, 2026
မောင်ခက်နွေ — စစ်မှုထမ်းပေါ်တာဆွဲခံရမှုမှ ရှောင်ရှားနိုင်ရန် အလုပ်အသွား၊ အပြန်...
အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များ မေလ ၂၁ ရက်တွင် တွေ့ဆုံခဲ့ကြသည့် မြင်ကွင်း။ (NUG)
May 22, 2026
မောင်ခက်နွေ — အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနှင့်...