စစ်ကိုင်းတိုင်းဒေသကြီး တမူးခရိုင် ခမ်းပတ်မြို့ရှိ တောင်သူလယ်သမားများအနေဖြင့် အစိုးရထံ စိုက်ပျိုးရေးအတွက် ခြေငွေတောင်းယူမှု ယခင်နှစ်ထက် လူဦးရေပိုတိုးလာကြောင်း သိရသည်။
ယခုနှစ်အတွက် အစိုးရထံ စိုက်ပျိုးရေးအတွက် ခြေးငွေတောင်းယူခြင်းကို တမူးခရိုင်အတွင်း အရင်ဆုံးပြန်လည်ရရှိသည့်မြို့မှာ ခမ်းပတ်မြို့ဖြစ်ကြောင်းသိရပြီး စိုက်ပျိုးရေးခြေးငွေအတွက် လျှောက်လွှာတင်သူ လူဦးရေ ယခင်နှစ်များထက်တိုးလာသည့်အပြင် အစိုးရထုတ်ပေးမည့် ခြေးငွေမှာလည်း ယခင်နှစ်များထက် ပိုတိုးလာဖွယ်ရှိကြောင်း ခမ်းပတ်မြို့ အမှတ် (၂) ရပ်ကွက် အုပ်ချုပ်ရေးမှူး၏ ဇနီးသည် Lalrochhari က ပြောပါသည်။
“ယခင်နှစ်ထက် ခြေးငွေယူဖို့ တောင်းခံလာတဲ့သူ တိုးလာတယ်။ အခုဆိုရင် လူဦးရေ ၈၀ ကျော် စာရင်းရှိနေပြီ၊ ပြီးခဲ့တဲ့နှစ်ကဆိုရင် ကျမတို့ ရပ်ကွက်အနေနဲ့ သိန်းပေါင်း ၉၀၀ ကျော်လောက်ရတယ်။ ဒီကနှစ်မှာတော့ သိန်းပေါင်း ၁၀၀၀ ကျော်လောက် ရနိုင်တယ်” ဟု အဆိုပါ အမျိုးသမီးက ပြောသည်။
ယခုလို တမူးခရိုင်းအတွင်း ခမ်းပတ်မြို့သည် ခြေးငွေ အရင်ဆုံး ပြန်လည်ရရှိနိုင်ခြင်းမှာ အစိုးရထံ ယူထားသည့်ခြေးငွေများကို သတ်မှတ်ချိန်အတွင်း ပြန်လည်ဆပ်နိုင်သောကြောင့် ဖြစ်သည်ဟု ဆက်ပြောပါသည်။
“မတ်လနောက်ဆုံးထားပြီး ခြေးငွေပြန်သွင်းရတယ်။ တစ်ဧကကို တစ်သိန်းခွဲနှုန်းစီနဲ့ရမယ်။ နောက်ပြီး အရင်နှစ်နဲ့မတူတာက ဒီနှစ်မှာတော့ ပုံစံ (၇) ရှိတဲ့သူကိုဘဲ ခြေးငွေယူခွင့်ရတယ်။ မရှိတဲ့သူတွေကိုတော့ မပေးတော့ဘူး။”
တမူးခရိုင် ခမ်းပတ်မြို့သည် အမှတ် (၁) ကနေ အမှတ် (၅) အထိ ရှိသည့် မြို့ဖြစ်ပြီး ယင်းအထဲမှ အမှတ် (၂) ရပ်ကွက်သည် ချင်းလူမျိုး အများစုနေထိုင်သည့် နေရာဖြစ်ပြီး လူဦးရေ တစ်သောင်းကျော် နေထိုင်ကြသည်။







