ခမ်းပတ်မြို့တွင် အစိုးရထံ စိုက်ပျိုးရေးခြေးငွေတောင်းယူမှု ယခင်နှစ်ထက် ပိုများလာ

ခမ်းပတ်မြို့တွင် အစိုးရထံ စိုက်ပျိုးရေးခြေးငွေတောင်းယူမှု ယခင်နှစ်ထက် ပိုများလာ

စစ်ကိုင်းတိုင်းဒေသကြီး တမူးခရိုင် ခမ်းပတ်မြို့ရှိ တောင်သူလယ်သမားများအနေဖြင့် အစိုးရထံ စိုက်ပျိုးရေးအတွက် ခြေငွေတောင်းယူမှု ယခင်နှစ်ထက် လူဦးရေပိုတိုးလာကြောင်း သိရသည်။

ယခုနှစ်အတွက် အစိုးရထံ စိုက်ပျိုးရေးအတွက် ခြေးငွေတောင်းယူခြင်းကို တမူးခရိုင်အတွင်း အရင်ဆုံးပြန်လည်ရရှိသည့်မြို့မှာ ခမ်းပတ်မြို့ဖြစ်ကြောင်းသိရပြီး စိုက်ပျိုးရေးခြေးငွေအတွက် လျှောက်လွှာတင်သူ လူဦးရေ ယခင်နှစ်များထက်တိုးလာသည့်အပြင် အစိုးရထုတ်ပေးမည့် ခြေးငွေမှာလည်း ယခင်နှစ်များထက် ပိုတိုးလာဖွယ်ရှိကြောင်း ခမ်းပတ်မြို့ အမှတ် (၂) ရပ်ကွက် အုပ်ချုပ်ရေးမှူး၏ ဇနီးသည် Lalrochhari က ပြောပါသည်။

“ယခင်နှစ်ထက် ခြေးငွေယူဖို့ တောင်းခံလာတဲ့သူ တိုးလာတယ်။ အခုဆိုရင် လူဦးရေ ၈၀ ကျော် စာရင်းရှိနေပြီ၊ ပြီးခဲ့တဲ့နှစ်ကဆိုရင် ကျမတို့ ရပ်ကွက်အနေနဲ့ သိန်းပေါင်း ၉၀၀ ကျော်လောက်ရတယ်။ ဒီကနှစ်မှာတော့ သိန်းပေါင်း ၁၀၀၀ ကျော်လောက် ရနိုင်တယ်” ဟု အဆိုပါ အမျိုးသမီးက ပြောသည်။

ယခုလို တမူးခရိုင်းအတွင်း ခမ်းပတ်မြို့သည် ခြေးငွေ အရင်ဆုံး ပြန်လည်ရရှိနိုင်ခြင်းမှာ အစိုးရထံ ယူထားသည့်ခြေးငွေများကို သတ်မှတ်ချိန်အတွင်း ပြန်လည်ဆပ်နိုင်သောကြောင့် ဖြစ်သည်ဟု ဆက်ပြောပါသည်။

“မတ်လနောက်ဆုံးထားပြီး ခြေးငွေပြန်သွင်းရတယ်။ တစ်ဧကကို တစ်သိန်းခွဲနှုန်းစီနဲ့ရမယ်။ နောက်ပြီး အရင်နှစ်နဲ့မတူတာက ဒီနှစ်မှာတော့ ပုံစံ (၇) ရှိတဲ့သူကိုဘဲ ခြေးငွေယူခွင့်ရတယ်။ မရှိတဲ့သူတွေကိုတော့ မပေးတော့ဘူး။”

တမူးခရိုင် ခမ်းပတ်မြို့သည် အမှတ် (၁) ကနေ အမှတ် (၅) အထိ ရှိသည့် မြို့ဖြစ်ပြီး ယင်းအထဲမှ အမှတ် (၂) ရပ်ကွက်သည် ချင်းလူမျိုး အများစုနေထိုင်သည့် နေရာဖြစ်ပြီး လူဦးရေ တစ်သောင်းကျော် နေထိုင်ကြသည်။

February 23, 2026
မကွေးတိုင်း၊ ဂန့်ဂေါခရိုင် တပ်ရင်း (၁၃) လှုပ်ရှားနယ်မြေအတွင်းဖြစ်သည့် ဆော - ကျောက်ထု -...
ဓါတ်ပုံ - APM
February 21, 2026
စစ်တပ်ကြောင့် အိမ်နီးနားချင်းများ ညီအစ်ကိုမောင်နှမစိတ်ဓါတ် ပျောက်ကွယ်ခဲ့ရဟု ဆို အာရက္ခဒေသ...
February 20, 2026
လက်ရှိတော်လှန်ရေးကာလတွင် ချင်းပြည်နယ်က အရွယ်ရောက်ပြီးသူတိုင်း ချင်းပြည်ကို မစွန့်ခွာဘဲ...
February 19, 2026
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အခြေစိုက် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) အဖွဲ့၏...