စစ်ပွဲရပ်ဆန္ဒပြပွဲတွင်သတင်းရယူနေသူများ ခြိမ်းခြောက်ခံရမှုကို သတင်းမီဒီယာကောင်စီ ရှုတ်ချ

စစ်ပွဲရပ်ဆန္ဒပြပွဲတွင်သတင်းရယူနေသူများ ခြိမ်းခြောက်ခံရမှုကို သတင်းမီဒီယာကောင်စီ ရှုတ်ချ
by -
ဇေယျာမော်

တာမွေ၌ ပြုလုပ်ခဲ့သည့် စစ်ပွဲများ ရပ်တန့်ပေးရန် တောင်းဆိုသည့် ဆန္ဒဖော်ထုတ်ပွဲတွင် သတင်းရယူနေသည့် မီဒီယာများကို အရပ်ဝတ်များမှ ခြိမ်းခြောက်အကြမ်းဖက် ရန်ပြုမှုများအား ရှုတ်ချကြောင်း မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီက ယနေ့ မေလ ၁၈ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။

ပြည်ထောင်စုလွှတ်တော်မှ ပြဋ္ဌာန်းအတည်ပြုခဲ့ပြီးဖြစ်သည့် သတင်းမီဒီယာဥပဒေတွင် သတင်းမီဒီယာသမားများကို ကာကွယ်စောင့်ရှောက်မှု ပေးရမည်ဟု ဖော်ပြထားသည်။

သို့သော်လည်း တာမွေဆန္ဒဖော်ထုတ်မှုဖြစ်စဉ်တွင် သတင်းရယူနေသည့် သတင်းမီဒီယာသမားများကို တာဝန်ကျ ရဲတပ်ဖွဲ့ဝင်များက ကာကွယ်စောင့်ရှောက်မှုမပေးခဲ့ခြင်းကို ရှုတ်ချပြီး ယင်းကိစ္စအား မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်ထံ ဆက်လက်ပေးပို့တင်ပြသွားမည်ဟု သတင်းထုတ်ပြန်ခဲ့သည်။

မေ လ ၁၂ ရက်နေ့က တာမွေမြို့ အိုးရှင်းစင်တာရှေ့တွင် စစ်ပွဲများ ရပ်တန့်ရန် တက်ကြွလှုပ်ရှားသူများက ဆန္ဒဖော်ထုတ်ခဲ့ကြပြီး ယင်းဆန္ဒဖော်ထုတ်ပွဲကို ရဲတပ်ဖွဲ့က အင်အားသုံးဖြိုခွဲခဲ့သည်။

ယင်းသို့ ဖြိုခွဲရာတွင် ရဲတပ်ဖွဲ့ဝင်များနှင့်အတူ အရပ်ဝတ်များကပါ ပါဝင်ခဲ့ကြသည်ကို တွေ့မြင်ခဲ့ရပြီး ယင်းဖြစ်စဉ်ကို သတင်းရယူနေသည့် သတင်းမီဒီယာများကိုပါ ရန်ပြုခြိမ်းခြောက်မှုများ ရှိခဲ့သည်။

 

April 27, 2026
စစ်အုပ်စုလက်အောက်ခံ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက...
April 25, 2026
ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် MNDAA, TNLA နှင့် AA တို့ ထိန်းချုပ်ထားသည့် မြို့အားလုံးကို...
April 24, 2026
အာဏာသိမ်း စစ်အုပ်စု၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ...
April 23, 2026
မောင်ခက်နွေ —စစ်အာဏာသိမ်းပြီး ငါးနှစ်နီးပါးအကြာတွင် အရပ်သားသမ္မတအဖြစ် အသွင်ပြောင်းလဲထားသည့် ၂၀၂၆...