ချင်းပြည်နယ် စည်ပင်ဝန်ကြီး ရာထူးမှ နုတ်ထွက်

ချင်းပြည်နယ် စည်ပင်ဝန်ကြီး ရာထူးမှ နုတ်ထွက်
by -
ဇေယျာမော်
ဟားခါးမြို့ပြစီမံကိန်းနေရာချထားပေးမှုများအား ဧပြီလ ၅ ရက် သွားရောက်စစ်ဆေးနေစဉ်။
ဟားခါးမြို့ပြစီမံကိန်းနေရာချထားပေးမှုများအား ဧပြီလ ၅ ရက် သွားရောက်စစ်ဆေးနေစဉ်။

ချင်းပြည်နယ် စည်ပင်သာယာရေး ၊လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဌာန ဝန်ကြီး ဆလိုင်းအိုက်ဇက်ခင်ကို မိမိသဘောဆန္ဒအရ ရာထူးမှ နုတ်ထွက်ခွင့်ပြုလိုက်သည်ဟု အစိုးရက ယမန်နေ့ မေလ ၁၇ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာလိုက်သည်။

ဟားခါးမြို့ပြစီမံကိန်း ၊ ဟားခါးစျေးတည်ဆောက်ရေးနှင့် ဖလမ်းရေပေးရေး စီမံကိန်းများ ဆောင်ရွက်ရာတွင် သတ်မှတ်အချိန်ကာလအတွင်း ဆောင်ရွက်နိုင်ခြင်းမရှိသည့်အတွက် တာဝန်ယူမှု ၊ တာဝန်ခံမှု ရှိစွာဖြင့် ရာထူးမှ နုတ်ထွက်ခွင့်ပြုရန် တင်ပြခဲ့သည်ဟု ဆလိုင်းအိုက်ဇက်ခင်က ဖြေရှင်းထားသည်။

“မိမိအနေနဲ့ တာဝန်ထမ်းဆောင်စဉ် (၂)နှစ်တာကာလအတွင်း ပြည်နယ်အကျိုးအတွက် ကိုုယ်ကျိုးမဖက် ရိုုးသားမှန်ကန် သန့်ရှင်းဖြောင့်မတ်စွာ ကြိုးစားထမ်းရွက်ခဲ့ပါတယ်။ အကြောင်း အမျိုးမျိုးကိုု အခြေခံပြီး မိမိကြောင့် ထိခိုုက်နစ်နာမှုတွေ ဖြစ်ပေါ်ကြုံတွေ့ခဲ့ရတာမျိုးရှိခဲ့မယ်ဆိုုရင်လည်း မိမိရဲ့ အားနည်းချက်တွေပဲဖြစ်လိုု့ နားလည်ခွင့်လွတ် ပေးကြဖိုု့ ပန်ကြားလိုပါတယ်” ဟု ဆလိုင်းအိုက်ဇက်ခင်က သူ့၏ လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားထားသည်။

ဝန်ကြီး ဆလိုင်းအိုက်ဇက်ခင် နှုတ်ထွက်မှုသည် သမ္မတ ဦးဝင်းမြင့် တာဝန်ယူခဲ့သည့်အစိုးရသက်တမ်း၌ ပထမဆုံးဝန်ကြီးအပြောင်းအလဲဖြစ်သည်။

ယင်းအပြင်း အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်ဝန်ကြီးချုပ်များ ၊ ပြည်ထောင်စုဝန်ကြီး အချို့ကို ရာထူးအပြောင်းအလဲများ ပြုလုပ်မည်ဟုလည်း သတင်းများထွက်ပေါ်နေသည်။

သမ္မတ ဦးထင်ကျော်လက်ထက်တွင်လည်း ပြည်ထောင်စုဝန်ကြီး ဒုဝန်ကြီး တစ်ဦး ၊  ဝန်ကြီးချုပ် နှစ်ဦး ၊ ပြည်နယ် နှင့်တိုင်းဒေသကြီး ဝန်ကြီးများအား အပြောင်းအလဲပြုလုပ်ခဲ့သည်။

ဟားခါးမြို့ပြ ဖွံ့ဖြိုးရေးစီမံကိန်း ရေးဆွဲဆောင်ရွက်ထားမှုနှင့်ပတ်သက်၍ ဧပြီလ ၂ ရက်မှ စတင် လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပြီး  ဧက ၁၀၀ ကွက်သစ်အတွင်း မိုုးမကျမီ မြေထိန်းနံရံ၊ ရေနှုတ်မြောင်း၊ ရေပြွန်များ အချိန်မီ တည်ဆောက် ထားနိုုင်ရေး၊ ခွင့်ပြုချက်မဲ့ လုုပ်ငန်းဆောင်ရွက်နေသူများအား ဥပဒေနှင့်အညီ တားမြစ် အရေးယူ ဆောင်ရွက်သွားရေး၊ မိုုးမကျမီ နောက်ထပ် အိမ်မြေကွက် အနည်းဆုုံး ၅၀၀ ဖော်ထုုတ် ချထားပေးနိုုင်ရေးများ ပါဝင်နေသည်။

Most read this week

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်တပ်(လေ)၏ ဖွဲ့စည်းတည်ထောင်မှု (၇၄)နှစ် မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား တက်ရောက်စဉ်။ (MOI)
March 28, 2026
မောင်ခက်နွေ - စစ်ကော်မရှင်က အာဏာသိမ်းကာလ ငါးနှစ်ကျော်အတွင်း လေကြောင်းတိုက်ခိုက်မှု ၆,၉၈၆ ကြိမ်...
March 27, 2026
ပါခွီး — မကွေးတိုင်း ၊ မကွေးမြို့အခြေစိုက် လေတပ်စခန်းကို ၁၀၇မမ ရှော့တိုက်ဒုံး ၁၁လုံးဖြင့်...
March 26, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ မိသားစုသည် ထိုင်းနိုင်ငံ၊...
March 25, 2026
ရခိုင်၊ စစ်တွေမြို့အနီး ကုလားတန်မြစ်ဘေးရှိ ရွှေမင်းဂံဆိပ်ကမ်းနှင့် ကျောက်ဖြူမြို့ရှိ မင်းပြင်-...