မီဇိုရမ်ပြည်နယ်တွင် နှစ်လအတွင်း ကေဂျီ ၆၀ ကျော် အလေးချိန်ရှိ ရွှေပြား ဖမ်းဆီးရမိ

မီဇိုရမ်ပြည်နယ်တွင် နှစ်လအတွင်း ကေဂျီ ၆၀ ကျော် အလေးချိန်ရှိ ရွှေပြား ဖမ်းဆီးရမိ

ချင်းပြည်နယ်နဲ့နယ်နိမိတ်ချင်းထိစပ်နေသော မီဇိုရမ်ပြည်နယ် Zemabawk ရပ်ကွက်တွင် မြန်မာနိုင်ငံမှတရားမဝင် သယ်ဆောင်လာ သော kg. ၁၃ အလေးချိန်ရှိ ရွှေပြားကို မေလ ၁၄ ရက်နေ့က ဖမ်းဆီးရမိကြောင်း သိရသည်။

မီဇိုရမ်ပြည်နယ်အတွင်း တရားမဝင်သယ်ဆောင်လာသော ရွှေများမှာ အများသောအားဖြင့် မြန်မာနိုင်ငံမှ သယ်ဆောင်လာခြင်းဖြစ်ပြီး မီဇိုရမ်ပြည်နယ်အသီးသီးတွင် ပြီးခဲ့သည့် ဧပြီလကအစ နှစ်လအတွင်း ဖမ်းဆီးရမိသော ရွှေ အလေးချိန် စုစုပေါင်းမှာ ကေဂျီ ၆၉.၅၉ ကာလပေါက်စျေးအရ ရူပီး သိန်း ၂၆၉ တန်ဖိုး ဖမ်းဆီးရမိနေပြီဖြစ်ကြောင်း ဒေသသတင်းအရ သိရသည်။

အလားတူ ပြီးခဲ့သည့် မီဇိုရမ်ပြည်နယ် Seling တွင် ဘိန်းဖြူ ၁၉ ဟောင်နဲ့အတူ ပိုင်ရှင်ဟုယူဆရသော ချင်းအမျိုးသမီးကို မီဇိုရမ် Excise & Narcotics Department, Anti-Narcotics Squad အဖွဲ့များက မေလ ၁၃ ရက်နေ့တွင် ဖမ်းဆီးခဲ့ကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးခံထားရသူ ချင်းအမျိုးသမီးမှာ တီးတိန်မြို့နယ် Haikhawl ကျေးရွာတွင် နေထိုင်သူ Vanlalbiaki ဖြစ်ပြီး The Narcotics Drugs & Psychotropic Substances Act 1985 ဖြင့် အမှုဖွင့်ဆိုခဲ့ကြောင်း သိရသည်။

Most read this week

December 23, 2025
ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်မှာ ချင်းလက်နက်ကိုင် တော်လှန်ရေးတွင်...
December 22, 2025
ချင်းပြည်နယ် ဟားခါးမြို့ကို စစ်ဆေးရေးဂိတ်မဖြတ်ဘဲ ကျေးလက်ဒေသမှ ဆက်သွယ်သွားလာနိုင်သည့်...
December 19, 2025
မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ-MTC သည် လိုင်လင်းပီမြို့အုပ်ချုပ်ရေးအက်ဥပဒေကို ဆွေးနွေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...