မီဇိုရမ်ပြည်နယ်တွင် နှစ်လအတွင်း ကေဂျီ ၆၀ ကျော် အလေးချိန်ရှိ ရွှေပြား ဖမ်းဆီးရမိ

မီဇိုရမ်ပြည်နယ်တွင် နှစ်လအတွင်း ကေဂျီ ၆၀ ကျော် အလေးချိန်ရှိ ရွှေပြား ဖမ်းဆီးရမိ

ချင်းပြည်နယ်နဲ့နယ်နိမိတ်ချင်းထိစပ်နေသော မီဇိုရမ်ပြည်နယ် Zemabawk ရပ်ကွက်တွင် မြန်မာနိုင်ငံမှတရားမဝင် သယ်ဆောင်လာ သော kg. ၁၃ အလေးချိန်ရှိ ရွှေပြားကို မေလ ၁၄ ရက်နေ့က ဖမ်းဆီးရမိကြောင်း သိရသည်။

မီဇိုရမ်ပြည်နယ်အတွင်း တရားမဝင်သယ်ဆောင်လာသော ရွှေများမှာ အများသောအားဖြင့် မြန်မာနိုင်ငံမှ သယ်ဆောင်လာခြင်းဖြစ်ပြီး မီဇိုရမ်ပြည်နယ်အသီးသီးတွင် ပြီးခဲ့သည့် ဧပြီလကအစ နှစ်လအတွင်း ဖမ်းဆီးရမိသော ရွှေ အလေးချိန် စုစုပေါင်းမှာ ကေဂျီ ၆၉.၅၉ ကာလပေါက်စျေးအရ ရူပီး သိန်း ၂၆၉ တန်ဖိုး ဖမ်းဆီးရမိနေပြီဖြစ်ကြောင်း ဒေသသတင်းအရ သိရသည်။

အလားတူ ပြီးခဲ့သည့် မီဇိုရမ်ပြည်နယ် Seling တွင် ဘိန်းဖြူ ၁၉ ဟောင်နဲ့အတူ ပိုင်ရှင်ဟုယူဆရသော ချင်းအမျိုးသမီးကို မီဇိုရမ် Excise & Narcotics Department, Anti-Narcotics Squad အဖွဲ့များက မေလ ၁၃ ရက်နေ့တွင် ဖမ်းဆီးခဲ့ကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးခံထားရသူ ချင်းအမျိုးသမီးမှာ တီးတိန်မြို့နယ် Haikhawl ကျေးရွာတွင် နေထိုင်သူ Vanlalbiaki ဖြစ်ပြီး The Narcotics Drugs & Psychotropic Substances Act 1985 ဖြင့် အမှုဖွင့်ဆိုခဲ့ကြောင်း သိရသည်။

February 23, 2026
မကွေးတိုင်း၊ ဂန့်ဂေါခရိုင် တပ်ရင်း (၁၃) လှုပ်ရှားနယ်မြေအတွင်းဖြစ်သည့် ဆော - ကျောက်ထု -...
ဓါတ်ပုံ - APM
February 21, 2026
စစ်တပ်ကြောင့် အိမ်နီးနားချင်းများ ညီအစ်ကိုမောင်နှမစိတ်ဓါတ် ပျောက်ကွယ်ခဲ့ရဟု ဆို အာရက္ခဒေသ...
February 20, 2026
လက်ရှိတော်လှန်ရေးကာလတွင် ချင်းပြည်နယ်က အရွယ်ရောက်ပြီးသူတိုင်း ချင်းပြည်ကို မစွန့်ခွာဘဲ...
February 19, 2026
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အခြေစိုက် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) အဖွဲ့၏...