ဖမ်းဆီးထိန်းသိမ်းခံထားရသည့် အမ်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ အေးမောင်နှင့် စာရေးဆရာ ကိုဝေဟင်အောင်တို့ကို မေ ၁၆ ရက်နေ့တွင် ထပ်မံရုံးထုတ်မည်ဟု သိရသည်။
ဒေါက်တာအေးမောင်နှင့် ပတ်သက်ပြီး မေ ၃ ရက်နေ့က ရခိုင်ပြည်နယ် တရားလွှတ်တော်တွင် ကြားနာခဲ့သည်။
ဒေါက်တာအေးမောင်၏ ရှေ့နေများမှ ၎င်းကြားနာပွဲတွင် အစိုးရဘက်မှ စွဲဆိုထားသည့် နိုင်ငံတော် သစ္စာဖောက်ဖျက် ပုန်ကန်မှု ပုဒ်မ ၁၂၂ ၊ နိုင်ငံတော် အကြည်ညိုပျက်စေမှု ၅၀၅ (ခ) (ဂ)၊ မတရားအသင်း ၁၇ (၁) အမှု ၃ ခုကို အမှုတွဲချေဖျက်ရန် လျှောက်ထားခဲ့သည်ဟု ရှေ့နေကြီး ဦးအောင်ကျော်စိန်က ပြောကြားသည်။
နိုင်ငံတော်ဘက်မှ ဒုတိယပြည်နယ် ဥပဒေအရာရှိ ဒေါ်မြတ်သန္တာစိုး မှ သူမ၏ လျှောက်လဲချက် ပြန်လည် တင်ပြခဲ့ကြောင်း သိရသည်။
ဒေါက်တာ အေးမောင်နှင့် စာရေးဆရာ ကိုဝေဟင်အောင်တို့အား မေလ ၂ ရက်နေ့က (၁၀) ကြိမ်မြောက်ရုံးထုတ်အပြီး နောက်တစ်နေ့ မေ ၃ ရက်နေ့တွင် ရခိုင်ပြည်နယ် တရားလွှတ်တော်၌ ကြားနာခဲ့ခြင်း ဖြစ်သည်။
ရခိုင်ပြည်နယ် တရားလွှတ်တော်၏ အဆုံးအဖြတ်ကိုမူ မသိရှိရသေးကြောင်း ဦးအောင်ကျော်စိန်က ပြောကြားသည်။
မေလ ၁၆ ရက်နေ့ ရုံးထုတ်မှုသည် (၁၁) ကြိမ်မြောက်ဖြစ်ကြောင်း သိရသည်။







