ဒေါက်တာ အေးမောင်နှင့် ကိုဝေဟင်အောင်တို့ကို မေလ ၁၆ နေ့တွင် (၁၁)ကြိမ်မြောက် ရုံးထုတ်စစ်ဆေး

ဒေါက်တာ အေးမောင်နှင့် ကိုဝေဟင်အောင်တို့ကို မေလ ၁၆ နေ့တွင် (၁၁)ကြိမ်မြောက် ရုံးထုတ်စစ်ဆေး

ဖမ်းဆီးထိန်းသိမ်းခံထားရသည့် အမ်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ အေးမောင်နှင့် စာရေးဆရာ ကိုဝေဟင်အောင်တို့ကို မေ ၁၆ ရက်နေ့တွင် ထပ်မံရုံးထုတ်မည်ဟု သိရသည်။

ဒေါက်တာအေးမောင်နှင့် ပတ်သက်ပြီး မေ ၃ ရက်နေ့က ရခိုင်ပြည်နယ် တရားလွှတ်တော်တွင် ကြားနာခဲ့သည်။

ဒေါက်တာအေးမောင်၏ ရှေ့နေများမှ ၎င်းကြားနာပွဲတွင် အစိုးရဘက်မှ စွဲဆိုထားသည့် နိုင်ငံတော် သစ္စာဖောက်ဖျက် ပုန်ကန်မှု ပုဒ်မ ၁၂၂ ၊ နိုင်ငံတော် အကြည်ညိုပျက်စေမှု ၅၀၅ (ခ) (ဂ)၊ မတရားအသင်း ၁၇ (၁) အမှု ၃ ခုကို အမှုတွဲချေဖျက်ရန် လျှောက်ထားခဲ့သည်ဟု ရှေ့နေကြီး ဦးအောင်ကျော်စိန်က ပြောကြားသည်။

နိုင်ငံတော်ဘက်မှ ဒုတိယပြည်နယ် ဥပဒေအရာရှိ ဒေါ်မြတ်သန္တာစိုး မှ သူမ၏ လျှောက်လဲချက် ပြန်လည် တင်ပြခဲ့ကြောင်း သိရသည်။

ဒေါက်တာ အေးမောင်နှင့် စာရေးဆရာ ကိုဝေဟင်အောင်တို့အား မေလ ၂ ရက်နေ့က (၁၀) ကြိမ်မြောက်ရုံးထုတ်အပြီး နောက်တစ်နေ့ မေ ၃ ရက်နေ့တွင် ရခိုင်ပြည်နယ် တရားလွှတ်တော်၌ ကြားနာခဲ့ခြင်း ဖြစ်သည်။

ရခိုင်ပြည်နယ် တရားလွှတ်တော်၏ အဆုံးအဖြတ်ကိုမူ မသိရှိရသေးကြောင်း ဦးအောင်ကျော်စိန်က ပြောကြားသည်။

မေလ ၁၆ ရက်နေ့ ရုံးထုတ်မှုသည် (၁၁) ကြိမ်မြောက်ဖြစ်ကြောင်း သိရသည်။

May 28, 2026
ပိုးဝါ — ရခိုင်ပြည်မြို့တော် စစ်တွေတွင် အာဏာသိမ်း အစိုးရမှ ငွေ ၅ သိန်း၊ ဆန်တစ်အိတ်ဖြင့်...
May 27, 2026
ခိုင်လူလှ (ရိုးမမြေ) — သီရိလင်္ကာနိုင်ငံမှ ရခိုင်ရဟန်းတော်တစ်ပါးနှင့် သီလရှင်တစ်ပါးတို့သည်...
May 26, 2026
ဆောင်းဦးမာန် — ရခိုင်ပြည်၊မာန်အောင်မြို့၊ စမုံတဲ လေယာဉ်ကွင်းကို လုံခြုံရေးတိုးမြှင့်ပြီး...
May 25, 2026
(ပထမဆု ကျပ်သိန်း ၅ဝဝ အပါအဝင် အခြားဆုများလည်း ချီးမြှင့်မည်) မောင်စာဂ -...