ကယားရင်းနှီးမြှုပ်နှံမှုဖိုရမ်ကို မေလကုန်တွင် ကျင်းပမည်

ကယားရင်းနှီးမြှုပ်နှံမှုဖိုရမ်ကို မေလကုန်တွင် ကျင်းပမည်
by -
မျိုးပြည့်သင်း

စိုက်ပျိုးရေး၊ သတ္တု၊ ခရီးသွားလုပ်ငန်းများ မြှင့်တင်ရန် ရည်ရွယ်ပြီး "ကယားပြည်နယ်ရင်းနှီးမြှုပ်နှံမှုဖိုရမ်" ကို ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် မေလ ၂၆ ရက်နေ့မှ မေလ ၂၇ ရက်နေ့ များတွင် ကျင်းပသွားမည်ဟု သိရသည်။

ကျင်းပပြီးစီးခဲ့သည့် ရန်ကုန်ရင်းနှီးမြှုပ်နှံမှုဖိုရမ်(YIF 2018) ကဲ့သို့ ကယားပြည်နယ်ရင်းနှီးမြှပ်နှံမှုဖိုရမ်ပြုလုပ်မည့်အကြောင်း သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို မေလ ၁၅ ရက်နေ့က မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC)က ပြုလုပ်ခဲ့သည်။

"Yangon Investment Forum 2018 ကို ရန်ကုန်မြို့ Novotel Max Yangon Hotel မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အဆိုပါဖိုရမ်ကို ပြည်တွင်းပြည်ပလုပ်ငန်းရှင် စုစုပေါင်း ၁၂၀၀ ကျော် တက်ရောက်ခဲ့ပါတယ်။ လာမယ့်မေလ ၂၆ နဲ့ ၂၇ ရက်နေ့မှာလည်း ကယားပြည်နယ်လွိုင်ကော်မြို့မှာ" Kaya Investment Forum " ကို ကျင်းပပြုလုပ်မှဖြစ်တဲ့အတွက် သတင်းမီဒီယာများကို အသိပေးလိုပါတယ်" ဟု DICA(ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန) ၏ လက်ထောကညွှန်ကြားရေးမှူးချုပ် ဦးသန်းဆင့်လွင် က ပြောသည်။

ကယားပြည်နယ်အစိုးရအနေဖြင့် ကယားပြည်နယ်ရင်းနှီးမြှုပ်နှံမှုဖိုရမ်ကျင်းပရန် တက်ကြွမှုရှိနေသည်ကို တွေ့ရကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) မှ ဒေါက်တာ မာလာမျိုးညွှန့် က ပြောသည်။

"သူတို့ရဲ့အဓိက ဆွဲဆောင်လိုတဲ့ကဏ္ဍတွေကတော့ စိုက်ပျိုးရေးကဏ္ဍရယ်၊ သတ္တုရယ်၊ နောက်တစ်ခုက ဟိုတယ် Tourism ရယ်ပါ။ ဒီကဏ္ဍသုံးခုကိုသူတို့က ဦးစားပေးမြှင့်တင်မှာဖြစ်ပါတယ်" ဟု ဒေါက်တာ မာလာမျိုးညွှန့် က ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးတွင်ပြုလုပ်ခဲ့သည့် ရန်ကုန်ရင်းနှီးမြှုပ်နှံမှုဖိုရမ် (YIF 2018) နှင့် ကယားပြည်နယ် လျွိုင်ကော်မြို့တွင်ကျင်းပမည့် ကယားပြည်နယ်ရင်းနှီးမြှုပ်နှံမှုဖိုရမ် တို့ကို သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များက ဦးစီး၍ DICA(ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန)က ပူးပေါင်းဆောင်ရွက်ပေးကာ ကျင်းပပြုလုပ်ခြင်းဖြစ်သည်။

MIC မှနေ၍ ၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလအတွင်း ၂၀၁၈ ခုနှစ် မေလအထိ မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁၀ ခုကို အတည်ပြုပေးခဲ့သည်။

၄င်းတို့အနက် ဧရာဝတီတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီက လုပ်ငန်း ၇ ခု၊ တနင်္သာရီတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီက လုပ်ငန်း ၂ ခု တို့ကို အတည်ပြုပေးခဲ့သည်။ ထို့ပြင် ကယားရင်းနှီးမြှုပ်နှံမှုဖိုရမ်ကျင်းပတော့မည့်ကယားပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီကလည်း နိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတစ်ခုကို အတည်ပြုပေးခဲ့သည်။

လုပ်ငန်း ၁၀ ခုတွင် ဟိုတယ်နှင့်ခရီးသွားကဏ္ဍ ၄ ခု၊ စက်မှုကဏ္ဍ ၂ ခု၊ အိမ်ယာအဆောက်အအုံတည်ဆောက်ဖွံ့ဖြိုးမှုကဏ္ဍ ၂ ခု၊ လျှပ်စစ်ကဏ္ဍ ၁ ခု၊ အခြားကဏ္ဍ ၁ ခု တို့ပါဝင်နေသည်။

၄င်းလုပ်ငန်း ၁၀ ခု မှ မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၇ ဒဿမ ၄၂၃ သန်း အပါအဝင် မြန်မာငွေ ကျပ် ၃၂,၅၉၆ ဒဿမ ၈၃၄ သန်း ကို အတည်ပြုပေးနိုင်ခဲ့ခြင်းဖြစ်သည်။

အဆိုလုပ်ငန်းများမှ ပြည်တွင်းလုပ်သားများအတွက် အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၇,၃၆၀ ခုကို  ဖန်တီးပေးနိုင်မည်ဖြစ်သည်။

May 26, 2026
ဟန်ထူးဇော် — အွန်လိုင်းငွေလိမ်လည်သည့် လုပ်ငန်းများလုပ်ကိုင်မှုကြောင့် နာမည်ဆိုးဖြင့်...
May 25, 2026
ယမင်းဖူးပွင့်အောင် - ပြည်သူ့ဂုဏ်ရည်အဖွဲ့ကပေးအပ်သော ၁၇ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆုကို ၈၈...
May 23, 2026
မောင်ခက်နွေ — စစ်မှုထမ်းပေါ်တာဆွဲခံရမှုမှ ရှောင်ရှားနိုင်ရန် အလုပ်အသွား၊ အပြန်...
အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များ မေလ ၂၁ ရက်တွင် တွေ့ဆုံခဲ့ကြသည့် မြင်ကွင်း။ (NUG)
May 22, 2026
မောင်ခက်နွေ — အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနှင့်...