အလုပ်သမားများ တစ်ရက် လုပ်ခလစာ ၄၈ဝဝကျပ် ပြည်ထောင်စုအစိုးရအဖွဲ့ အတည်ပြုသတ်မှတ်

အလုပ်သမားများ တစ်ရက် လုပ်ခလစာ ၄၈ဝဝကျပ် ပြည်ထောင်စုအစိုးရအဖွဲ့ အတည်ပြုသတ်မှတ်
by -
မိုးမြင့်ဇော်
လှိုင်သာယာမြို့နယ်ရှိ စက်ရုံ၊ အလုပ်ရုံ ဝန်ထမ်းများ အလုပ်သိမ်း၍ အိမ်ပြန်ချိန် မြင်ကွင်းများ။  ဓာတ်ပုံ ဘိုဘို။
လှိုင်သာယာမြို့နယ်ရှိ စက်ရုံ၊ အလုပ်ရုံ ဝန်ထမ်းများ အလုပ်သိမ်း၍ အိမ်ပြန်ချိန် မြင်ကွင်းများ။ ဓာတ်ပုံ ဘိုဘို။

မြန်မာနိုင်ငံရှိ အလုပ်သမားများအတွက် နေရာဒေသနှင့် လုပ်ငန်းအမျိုးအစားမခွဲခြားဘဲ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် တစ်ပြေးညီ တစ်ရက်လျှင် အနိမ့်ဆုံး ၄၈ဝဝကျပ်ကို ပြည်ထောင်စုအစိုးရအဖွဲ့၏ အတည်ပြုချက်ဖြင့် ယနေ့ မေလ ၁၄ ရက်မှ စတင် သတ်မှတ်လိုက်သည်။

အနည်းဆုံးအခ ကြေးငွေသတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီမှ အမိန့်ကြော်ငြာစာ မေလ ၁၄ ရက် ရက်စွဲဖြင့် ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

အနည်းဆုံးအခကြေးငွေနှုန်းထားများကို ၂၀၁၃ခုနှစ်၊ အနည်းဆုံးအခကြေးငွေဥပဒေ ပုဒ်မ ၁၀၊ ပုဒ်မ ခွဲ(ဃ)နှင့် အညီ သုံးပွင့်ဆိုင် ကိုယ်စားလှယ်များနှင့် ညှိနှိုင်းဆွေးနွေးပွဲပြုလုပ်ပြီး မြန်မာနိုင်ငံရှိ အလုပ် သမားများအတွက် နေရာဒေသနှင့် လုပ်ငန်းအမျိုးအစားမခွဲခြားဘဲ တစ်နိုင်ငံလုံးတစ်ပြေးညီ တစ်နာ ရီလျှင် ၆ဝဝကျပ် နှုန်းဖြင့် အလုပ်ချိန် ၈နာရီ(တစ်ရက်) အတွက် ၄၈ဝဝကျပ်ကို ပြည်ထောင်စုအစိုးရ အဖွဲ့၏ အတည်ပြုချက်ဖြင့် ယနေ့မှစ၍ သတ်မှတ်လိုက်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယခုသတ်မှတ်ချက်သည် အလုပ်သမား ၁၀ ဦးအောက်ရှိ လုပ်ငန်းငယ်များ၊ မိသားစု တစ်ပိုင်တစ်နိုင် လုပ်ငန်းများနှင့် သက်ဆိုင်ခြင်း မရှိစေရဟု အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ အနည်းဆုံးအခ ကြေးငွေသတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီကော်မတီ ဥက္ကဋ္ဌ ဦးသိန်းဆွေ အမည်ဖြင့် ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။

တစ်ရက်လျှင် အနိမ့်ဆုံးအခကြေးငွေ ၄၈၀၀ ကျပ်သည် မိသားစုတစ်စုအတွက် ခေတ်ကာလအခြေအနေအရ ကျေနပ်နိုင်လောက်သည့် အနေအထားမဟုတ်ကြောင်း အလုပ်သမားရေးလေ့လာသုံးသပ်သူ ဦးအောင်လင်းက ပြောသည်။

“အလုပ်သမားတွေအတွက် ၄၈ဝဝကျပ် ဆိုတာကလည်း ခေတ်ကာလအခြေအနေနဲ့ပြောရင် ကျေနပ်နိုင်တဲ့ အခြေအနေတစ်ခုကို မရောက်သေးဘူးလို့ မြင်တယ်။ လက်ရှိ ဆောက်လုပ်ရေး လုပ်ငန်းခွင်မှာ ရှိနေတဲ့ အလုပ်ကြမ်းသမားတွေဆိုရင် တစ်နေ့ကို လခ ၆၀၀၀၊ ရဝဝဝကျပ် ရှိတယ်။ အရပ်ဒေသအလိုက် စျေးကွားခြားတယ်။ ပါမစ်နစ် ဝန်ထမ်းတွေအတွက်ဆိုရင် ၄၈ဝဝကျပ်ဟာ ထိုက်သင့်တဲ့ အခြေ အနေ တစ်ခုမဟုတ်သေးဘူးလို့ သုံးသပ်တယ်” ဟု ၎င်းကပြောသည်။

၂၀၁၄ခုနှစ်က အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (ယာယီ) မှ ကောက်ယူခဲ့သောစာရင်းများအရ မိသားစု တစ်စု၏ တစ်ရက်အနိမ့်ဆုံးဝင်သည် ၅ဝဝဝကျပ်အထက်မရရှိရင် မရပ်တည်နိုင်ကြောင်းသိရသည်။ အဓိကအနေဖြင့် ကုန်စျေးနှုန်း ထိန်းညှိပေးရန်လိုအပ်ပြီး ယခုရက်ပိုင်းတွင် ကုန်စျေးနှုန်း သိသိသာသာ မတက်သော်လည်း တရိပ်ရိပ်နှင့် တက်ရိပ်ပြလာသည့်အခြေအနေရှိကြောင်း သိရသည်။

May 26, 2026
ဟန်ထူးဇော် — အွန်လိုင်းငွေလိမ်လည်သည့် လုပ်ငန်းများလုပ်ကိုင်မှုကြောင့် နာမည်ဆိုးဖြင့်...
May 25, 2026
ယမင်းဖူးပွင့်အောင် - ပြည်သူ့ဂုဏ်ရည်အဖွဲ့ကပေးအပ်သော ၁၇ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆုကို ၈၈...
May 23, 2026
မောင်ခက်နွေ — စစ်မှုထမ်းပေါ်တာဆွဲခံရမှုမှ ရှောင်ရှားနိုင်ရန် အလုပ်အသွား၊ အပြန်...
အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များ မေလ ၂၁ ရက်တွင် တွေ့ဆုံခဲ့ကြသည့် မြင်ကွင်း။ (NUG)
May 22, 2026
မောင်ခက်နွေ — အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနှင့်...