လောင်းကိုင် ဒူးရင်းသီးပွဲတော် ယခင်နှစ်များထက် ပိုမိုစည်ကား

လောင်းကိုင် ဒူးရင်းသီးပွဲတော် ယခင်နှစ်များထက် ပိုမိုစည်ကား

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် လောင်းကိုင်ကျေးရွာ၌် မေလ ၁၂ ရက်နေ့တွင် ပြုလုပ်သည့် ၄၅ ကြိမ်မြောက် ဒူး ရင်းသီး အလှူပွဲတော်ကို ယခင်နှစ်များကထက် ပိုမိုစည်ကားစွာကျင်းပခဲ့သည်ဟု ပွဲတော်ဖြစ်မြောက်ရေးကော်မတီ ပြောခွင့်ရှိသူ မန်းဒေါက်ပိုင်(မန်းဍုဂ်ပါင်)က ပြောသည်။ 

၎င်းက“ အဓိကလုပ်တဲ့ရည်ရွယ်ချက်က ဒူးရင်းသီးစိုက်တဲ့ ဘိုးဘွားတွေကို သတိရအောက်မေ့ပြီး  အလှူလုပ်ပေး တာတစ်ချက်၊ နောက်တစ်ချက်က နှစ်စဉ်နှစ်တိုင်း အစဉ်အလာမပျောက်အောင် လုပ်ပေးတာဖြစ်တယ်။ ပြီးတော့ ဘာသာရေးအရ လှူဒါန်းတာဖြစ်တယ်” ဟု ကေအိုင်စီသို့ ပြောသည်။

ယခင်နှစ်များတွင် မိုးရာသီကာလဖြစ်သည့် ဝါဆို၊ ဝါခေါင် လများတွင် ဒူးရင်းသီးနှင့် အခြားသစ်သီးဝလံများကို အလှူ လုပ်သည့် လအဖြစ် ကျင်းပလေ့ရှိသော်လည်း အခြေအနေအကြောင်းကြောင့် ဒူးရင်းသီးမှည့်သည့် ယခု ပထမအ ကြိမ်တွင် အလှူပွဲကျင်းပခြင်းဖြစ်သည်ဟု အဆိုပါပွဲ စီစဉ်သူများက ပြောသည်။

မော်လမြိုင်မြို့မှ လာသည့် မတင်ဇာလတ်က “ ဒီပွဲကိုအင်တာနက်က တစ်ဆင့်ကြားလို့လာတာ၊ ဒူးရင်းသီးကိုတော့ အပြင်မှာ ဝယ်စားလို့ရပေမယ့် ဒီလိုပွဲကို တွေ့ချင်လို့လာပေါ့၊ အံ့သြဖို့လည်းကောင်းပါတယ်။ ဒီလိုလူများမယ်လို့ မထင်မိဘူး” ဟု ပြောသည်။

အဆိုပါ ဒူးရင်းသီးပွဲတော်ကို လောင်းကိုင်၊ ကမော့ကသူ၊ နောင်တလာ၊ မိထလန်းနိုင်၊ ကော့ စသည့်ကျေးရွာ ၅ရွာရှိ အိမ်ခြေ ပေါင်း ၆၀၀ ကျော်က စုပေါင်းလှူဒါန်းခြင်းဖြစ်ပြီး ယခုနှစ်တွင် ဒူးရင်းသီးအလုုံးပေါင်း ၁ဝ,ဝဝဝ (တစ်သောင်း) ကျော်လှူဒါန်းရန် ခန့်မှန်းထားသော်လည်း ဒူးရင်းသီးထွက်နှှုန်းအခြေအနေကြောင့် အလုံးရေတွက် ၆,ဝဝဝ(ခြောက်ထောင်)ဝန်းကျင်သာ လှူဒါန်းနိုင်သည်ဟု သိရသည်။

လက်ရှိအချိန် ၎င်းဒေသတွင် လမ်းပန်းဆက်သွယ်ရေး ကောင်းလာသည့် အခြေအနေရှိသောကြောင့် ယခုနှစ် ဒူးရင်းသီး အလှူပွဲတော်တွင် ကရင်ပြည်နယ်အပါအဝင် မွန်ပြည်နယ် ၊ ရန်ကုန်တိုင်းနှင့် မန္တလေးတိုင်းအထိ ဧည့်သည်များ လာရောက် ကြသည့်အတွက် စုစုပေါင်းလူဦးရေ ၁ဝ,ဝဝဝ(တစ်သောင်း) ဝန်းကျင်ခန့်ရှိသည်ဟု ပွဲစီစဉ်သူများမှ တစ်ဆင့် သိရသည်။

 

June 16, 2026
ကရင်အမျိုးသားတွေအပါအဝင် မျိုးချစ် ကရင်တော်လှန်ရေးသမားတွေအနေနဲ့ ကရင်ပြည် “ကော်သူးလေ”...
June 16, 2026
“လက်ရှိ အာဏာရှင်စနစ်ကို မောင်းနှင်နေတာက မဟာဖိုဝါဒ၊ လူမျိုးကြီးဝါဒနဲ့ အမျိုးသားကြီးစိုးရေးဝါဒတွေ...
Photo:KIC
June 16, 2026
ကဏ္ဍအသီးသီးရှိ အနာဂတ်မျိုးဆက်သစ်များကို ပြုစုပျိုးထောင်၍ ကရင်အမျိုးသားထုတစ်ရပ်လုံး၏...
June 15, 2026
တနင်္သာရီတိုင်း‌ဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ် အောက်ပိုင်းရှိ ကျေးရွာအချို့တွင်...