ကရင်ပြည် “ကော်သူးလေ”ထူထောင်ရေး အင်တိုက်အားတိုက် ကြိုးပမ်းကြဖို့တိုက်တွန်း

ကရင်ပြည် “ကော်သူးလေ”ထူထောင်ရေး အင်တိုက်အားတိုက် ကြိုးပမ်းကြဖို့တိုက်တွန်း

ကရင်အမျိုးသားတွေအပါအဝင် မျိုးချစ် ကရင်တော်လှန်ရေးသမားတွေအနေနဲ့ ကရင်ပြည် “ကော်သူးလေ” ထူထောင်ရေးကို အတူတကွ အင်တိုက်အားတိုက် ကြိုးပမ်း ဖော်ဆောင်တည်ဆောက်ကြဖို့ KNU ဥက္ကဋ္ဌက တိုက်တွန်းလိုက်ပါတယ်။

ဇွန် ၁၄ ရက်နေ့မှာ ကျရောက်တဲ့ ၇၇ နှစ်မြောက် ကော်သူးလေနေ့သို့ ပေးပို့တဲ့ သဝဏ်လွှာမှာ ကရင်အမျိုးသားအစည်းအရုံး KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက တိုက်တွန်းလိုက်တာ ဖြစ်ပါတယ်။

ကရင့်အမျိုးသားတွေဟာ ၁၉၄၉ ခုနှစ် လက်နက်ကိုင်တော်လှန်ရေး စတင်ဆင်နွှဲချိန်မှာ မြို့ရွာတွေကို တစ်မြို့ပြီး တစ်မြို့ သိမ်းပိုက်နိုင်ခဲ့ပြီး အစိုးရတစ်ရပ်ဖြစ်ပေမယ့်လည်း အုပ်ချုပ်ရေးပိုင်းမှာ အလွန်အားနည်းခဲ့ကာ မြို့ရွာအုပ်ချုပ်ရေးနဲ့ ပြည်သူ့ရေးရာစီမံခန့်ခွဲမှုတွေအတွက် ညွှန်ကြားချက် လုံးဝ မလုပ်ဆောင် နိုင်ခဲ့ဘူးလို့ KNU ဥက္ကဋ္ဌက ပြောပါတယ်။

ကရင်အမျိုးသားအစည်းအရုံးအနေနဲ့ ရန်ကုန်မှဆုတ်ခွာရပြီးနောက်မှာ အချို့သော ခေါင်းဆောင်တွေက အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စရပ်တွေကို အရေးပေါ် လိုအပ်ချက်အဖြစ် ရှုမြင်ခဲ့ကြတာကြောင့် ၁၉၄၉ ခုနှစ် ဇွန်လ ၁၄ ရက်နေ့မှာ အရေးပေါ် အစည်းအဝေး တစ်ရပ်ကို တောင်ငူမြို့မှာ ခေါ်ယူခဲ့ပါတယ်။

အဲဒီအစည်းအဝေးမှာ တော်လှန်ရေးရဲ့ အခြေအနေကို လေ့လာ သုံးသပ်ပြီး “ကော်သူးလေအစိုးရ” ကို ဖွဲ့စည်းပြီး အုပ်ချုပ်ရေး စီမံမှုတွေ ပြန်လည်ချမှတ်ခဲ့သလို “ကော်သူးလေ အစိုးရ” (Kawthoolei Government – KGB) ဖွဲ့စည်း တည်ဆောက်ပုံလည်း ရှိခဲ့တယ်လို့ ဆိုပါတယ်။

ကော်သူးလေအစိုးရ KGB ရဲ့ အစည်းအဝေး ပထမဦးဆုံး တစ်ကြိမ်ကို ၁၉၅၀ ခုနှစ် ဧပြီလမှာ ကျင်းပ ပြုလုပ်ခဲ့ပြီး ကော်သူးလေအစိုးရ ဖွဲ့စည်းတည်ထောင်ခဲ့တဲ့ ဇွန် ၁၄ ရက်ကို “ကော်သူးလေနေ့” အဖြစ် သတ်မှတ်ခဲ့ပြီး ဒီကနေ့ တိုင် ဂုဏ်ပြုကျင်းပခဲ့ကြပါတယ်။

လက်ရှိနိုင်ငံရေး အခင်းအကျင်းအောက်မှာ KNU အနေနဲ့ ကရင်အမျိုးသားတွေ လိုလားတောင့်တနေတဲ့“ကော်သူးလေ ကရင်ပြည်” ရရှိရေးအတွက် တောင်းယူခြင်းမဟုတ်တဲ့ အောက်ခြေပြည်သူလူထုမှ အသိအမှတ်ပြုတဲ့ ခိုင်မာ အားကောင်းသော တည်ဆောက်မှုနဲ့ အကောင်အထည်ဖော် လုပ်ဆောင်နေတယ်လို့ KNU ဥက္ကဋ္ဌ ပြောပါတယ်။

၂၀၂၆ ခုနှစ် ဧပြီ ၃ ရက်နေ့မှာလည်း “တော်လှန်ရေးကာလ ကော်သူးလေပဋိဉာဉ်”ကို အတည်ပြုခဲ့ကြပြီး “တော်လှန်ရေး ကာလ ကော်သူးလေ အတိုင်ပင်ခံကောင်စီ”နဲ့“တော်လှန်ရေး ကာလ ကော်သူးလေ အုပ်ချုပ်ရေး ကောင်စီ” ကို ဖွဲ့စည်းထားတယ်လို့ အသိပေးထားပါတယ်။

ဒီကနေ ကောင်းမွန်သောခေါင်းဆောင်မှု၊ ပြည်သူ့ ရေးရာစီမံအုပ်ချုပ်မှု၊ လူထုလိုအပ်ချက် ဖြည့်ဆည်းမှု၊ လူထုလုံခြုံရေး၊ စီးပွားရေးနဲ့အခြားသောရေးရာတွေကို ဖြည့်ဆည်းပေးနိုင်မှုတို့အပေါ် အခြေခံပြီး လွတ်လပ်မှု၊ တန်းတူညီမျှမှုနဲ့ ကိုယ်ပိုင်ပြဌာန်း အုပ်ချုပ်ခွင့်ရှိသော “ကော်သူးလေ”ဆိုတဲ့ အသိအမှတ်ပြုခြင်းကို တည်ဆောက်သွားမယ်လို့ KNU ဥက္ကဋ္ဌ အသိပေးပြောဆိုထားပါတယ်။

July 6, 2026
ကရင့်ပညာရေးကဏ္ဍမှ ကျောင်းဆရာ၊ ဆရာမများကို ကူညီထောက်ပံ့နိုင်ရန် ကရင်ပညာရေးနှင့် ယဉ်ကျေးမှုဌာန (...
July 6, 2026
အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) နှင့် အမျိုးသားညီညွတ်ရေး အစိုးရ (NUG) တို့...
July 4, 2026
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့တွင် ရှေးဟောင်းမြို့ရိုးနှင့် ကျုံးများ ပြန်လည်တူးဖော်သည့်...
ဓာတ်ပုံ - KIC
July 3, 2026
ကရင်ပြည်၊ မြဝတီမြို့တောင်ပိုင်းရှိ ဖလူး-မင်းလက်ပံဒေသတွင် တိုက်ပွဲများ တကျော့ပြန် ပြင်းထန်လာပြီး...