JMC သို့ နှစ်နှစ်ကျော်အတွင်း တိုင်ကြားစာပေါင်း ၄၁၁ စောင်ရှိပြီး ၈၁ရာခိုင်နှုန်းကျော်ဖြေရှင်းပေးခဲ့

JMC သို့ နှစ်နှစ်ကျော်အတွင်း တိုင်ကြားစာပေါင်း ၄၁၁ စောင်ရှိပြီး ၈၁ရာခိုင်နှုန်းကျော်ဖြေရှင်းပေးခဲ့
by -
မိုးမြင့်ဇော်

ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC သို့ (၂)နှစ် ကျော်အတွင်း တိုင်ကြားစာပေါင်း ၄၁၁ စောင်ရောက်ရှိပြီး ၈၁ရာခိုင်နှုန်းကျော်   ဖြေရှင်းပေးခဲ့ပြီးဖြစ်ကြောင်း JMC ၏ ဒုတိယ အကြိမ် မျက်နှာစုံညီ အစည်းအဝေးပွဲတွင် JMC-U ဥက္ကဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ကပြောသည်။

မေလ ၈ ရက်က LOTTE ဟိုတယ်တွင် ပြုလုပ်ခဲ့သော JMC ၏ ဒုတိယအကြိမ်မျက်နှာစုံညီ အစည်း အဝေးပွဲတွင် ယခုကဲ့သို့ပြောကြားခဲ့ခြင်း ဖြစ်သည်။

“JMC အဆင့်မှာ အခုချိန်ထိ တိုင်ကြားစာပေါင်း ၄၁၁ စောင်ရှိပြီး ဖြေရှင်းဆောင်ရွက်မှုမှာ ၃၃၄စောင် ရှိပါတယ်။ တိုင်းကြားစာများ စုစုပေါင်း ၈၁ရာခိုင်နှုန်းကို ဖြေရှင်းဆောင်ရွက်ပြီးဖြစ်ပါတယ်။ တိုင်ကြား စာများအပေါ်မှာ အပြန်အလှန် အလေးအနက်ထားဖြေပြီး စိစစ်ဖြေရှင်းသွားမယ်ဆိုရင် JMC လုပ်ငန်း တွေ တိုးတက်အောင်မြင်မှုရရှိလာမှာဖြစ်ပါတယ်” ဟု ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်ကပြောသည်။

JMC သည် စောင့်ကြည့်ခြင်း၊ စစ်ဆေးအတည်ပြုခြင်း၊ ပဋိပက္ခဖြေရှင်းများကို ဆောင်ရွက်ပေးနေပြီး တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု သဘောတူစာချုပ် (NCA) နှင့် ကတိကဝတ်များကို လိုက်နာဆောင် ရွက်ခြင်း ရှိမရှိ သက်ဆိုင်ရာ JMC များအလိုက် စောင့်ကြည့်သွားရန်လိုအပ်ကြောင်း သိရသည်။

လက်ရှိ (NCA) လက်မှတ်ထိုးထားသော အဖွဲ့များကြားတွင် ပစ်ခတ်တိုက်ခိုက်မှုများ အချို့နေရာများတွင် ဖြစ်ပေါ်နေခြင်းကြောင့် နှစ်ဘက်တပ်မှူးများ တွေ့ဆုံပြီး ယုံကြည်မှုတည်ဆောက်ရန် အစည်းအဝေးဆုံးဖြတ်ချက်များဖြင့် ညွန်ကြားမှုများပြုလုပ်ထားသည် ။

 “ယခုကာလအတွင်း အချို့နေရာတွေမှာ NCA လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေကြားမှာ ပစ်ခတ်မှုများ အချို့နေရာတွေမှာ ရှိလာတာ တွေ့ရပါတယ်။ ဒါနဲ့ပတ်သတ်ပြီး ကျွန်တော်တို့ JMC-S အတွင်းမှာ နှစ် ဘက်တပ်မှူးတွေ တွေ့ဆုံပြီး ပြီးခဲ့တဲ့ ၁၂ကြိမ်မြောက် အစည်းအဝေးဆုံးဖြတ်ချက်မှာ ညွန်ကြားထားပြီး ဖြစ်ပါတယ်” ဟု ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်ကပြောသည်။

ပစ်ခတ်တိုက်ခိုက်မှုရပ်စဲ ရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီများကို ပြည်ထောင်စုအ ဆင့် (JMC-U)၊ တိုင်းဒေသကြီး၊ ပြည်နယ်အဆင့် (JMC-S) နှင့် ဒေသဆိုင်ရာအဆင့် (JMC-L) ဟူ၍ အသီးသီးဖွဲ့စည်းထားသည်။

April 28, 2026
မောင်ခက်နွေ — အမျိုးသားစာပေဆုရှင်၊ အငြိမ်းစားကျောင်းဆရာနှင့် နာမည်ကျော် "ရိုးမပေါ်ကျတဲ့မျက်ရည်"...
April 27, 2026
စစ်အုပ်စုလက်အောက်ခံ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက...
April 25, 2026
ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် MNDAA, TNLA နှင့် AA တို့ ထိန်းချုပ်ထားသည့် မြို့အားလုံးကို...
April 24, 2026
အာဏာသိမ်း စစ်အုပ်စု၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ...