မသန်စွမ်းသူများအတွက် အသက်မွေးဝမ်းကျောင်းပြုနိုင်မည့် သင်တန်းကျောင်းကို ကလေးမြို့ တောင်ဇလပ်ရပ်ကွက်တွင် မေလ ၇ ရက်နေ့က မသန်စွမ်းဖွ့ံ့ဖြိုးရေးရှေ့ဆောင်အဖွဲ့ (DDI) မှ ဖွင့်လှစ်လိုက်သည်။
ယင်းသင်တန်းကျောင်းတွင် စက်ချူပ်ပညာကိုသင်ကြားပေးမည်ဖြစ်ပြီး စိတ်ပါဝင်စားသည့် မသန်စွမ်း မည်သူမဆို အခမဲ့ဖြင့် တက်ရောက်သင်ကြားနိုင်သည်ဟု မသန်စွမ်းဖွံ့ဖြိုးရေးရှေ့ဆောင်အဖွဲ့မှ လက်ထောက်ဒါရိုက်တာ ကို Joshua ကပြောသည်။
“ အဓိကတော့ သက်ကြီးမသန်စွမ်းတွေ အလုပ်လက်မဲ့ဖြစ်နေတယ်ပေါ့နော် ကိုယ့်ဟာကိုယ်ရပ်တည်နိုင်ဖို့အခက်အခဲရှိကြတယ်ပေါ့နော်၊ ခုလိုမျိူးအသက်မွေးဝမ်းကျောင်းပညာလေးတွေ သင်ပေးခြင်းအားဖြင့် အလုပ်အကိုင်အခွင့်အလမ်းပေါ်လာမယ်၊ အလုပ်တွေရလာမယ်၊ သူတို့ဘာသာ သူတို့ရပ်တည်လာနိုင်မယ်’’ ဟု ကို Joshua ကပြောသည်။
ယခုကဲ့သို့ မသန်စွမ်းသူများအတွက် အသက်မွေးမှုသင်တန်းကျောင်းဖွင့်လှစ်နိုင်ရန် နိုင်ငံခြားသို့ရောက်ရှိနေကြသည့် ချင်းလူမျိူးများက စက်ချူပ်စက် (၁၃) လုံး လှူဒါန်းခြင်းဖြစ်သည်ဟု သိရသည်။
ကလေးမြို့တွင် ရုံးအခြေစိုက်သည့် မသန်စွမ်းဖွံ့ဖြိုးရေးရှေ့ဆောင်အဖွဲ့(DDI) သည် မသန်စွမ်းသူများ ဖွံ့ဖြိုးတုုိးတက်ရေး၊ မသန်စွမ်းအခွင့်အရေးဆိုင်ရာများကို လုပ်ဆောင်နေသည့်အဖွဲ့အစည်းဖြစ်သည်။







