မသန်စွမ်းသူများအတွက် အသက်မွေးမှု သင်တန်းကျောင်း ကလေးမြို့တွင်ဖွင့်လှစ်

မသန်စွမ်းသူများအတွက် အသက်မွေးမှု သင်တန်းကျောင်း ကလေးမြို့တွင်ဖွင့်လှစ်

မသန်စွမ်းသူများအတွက် အသက်မွေးဝမ်းကျောင်းပြုနိုင်မည့် သင်တန်းကျောင်းကို ကလေးမြို့ တောင်ဇလပ်ရပ်ကွက်တွင် မေလ ၇ ရက်နေ့က မသန်စွမ်းဖွ့ံ့ဖြိုးရေးရှေ့ဆောင်အဖွဲ့ (DDI) မှ ဖွင့်လှစ်လိုက်သည်။

ယင်းသင်တန်းကျောင်းတွင် စက်ချူပ်ပညာကိုသင်ကြားပေးမည်ဖြစ်ပြီး စိတ်ပါဝင်စားသည့် မသန်စွမ်း မည်သူမဆို အခမဲ့ဖြင့် တက်ရောက်သင်ကြားနိုင်သည်ဟု မသန်စွမ်းဖွံ့ဖြိုးရေးရှေ့ဆောင်အဖွဲ့မှ လက်ထောက်ဒါရိုက်တာ ကို Joshua ကပြောသည်။

“ အဓိကတော့ သက်ကြီးမသန်စွမ်းတွေ အလုပ်လက်မဲ့ဖြစ်နေတယ်ပေါ့နော် ကိုယ့်ဟာကိုယ်ရပ်တည်နိုင်ဖို့အခက်အခဲရှိကြတယ်ပေါ့နော်၊ ခုလိုမျိူးအသက်မွေးဝမ်းကျောင်းပညာလေးတွေ သင်ပေးခြင်းအားဖြင့် အလုပ်အကိုင်အခွင့်အလမ်းပေါ်လာမယ်၊ အလုပ်တွေရလာမယ်၊ သူတို့ဘာသာ သူတို့ရပ်တည်လာနိုင်မယ်’’ ဟု ကို Joshua ကပြောသည်။

ယခုကဲ့သို့ မသန်စွမ်းသူများအတွက် အသက်မွေးမှုသင်တန်းကျောင်းဖွင့်လှစ်နိုင်ရန် နိုင်ငံခြားသို့ရောက်ရှိနေကြသည့် ချင်းလူမျိူးများက စက်ချူပ်စက် (၁၃) လုံး လှူဒါန်းခြင်းဖြစ်သည်ဟု သိရသည်။

ကလေးမြို့တွင် ရုံးအခြေစိုက်သည့် မသန်စွမ်းဖွံ့ဖြိုးရေးရှေ့ဆောင်အဖွဲ့(DDI) သည် မသန်စွမ်းသူများ ဖွံ့ဖြိုးတုုိးတက်ရေး၊ မသန်စွမ်းအခွင့်အရေးဆိုင်ရာများကို လုပ်ဆောင်နေသည့်အဖွဲ့အစည်းဖြစ်သည်။

February 23, 2026
မကွေးတိုင်း၊ ဂန့်ဂေါခရိုင် တပ်ရင်း (၁၃) လှုပ်ရှားနယ်မြေအတွင်းဖြစ်သည့် ဆော - ကျောက်ထု -...
ဓါတ်ပုံ - APM
February 21, 2026
စစ်တပ်ကြောင့် အိမ်နီးနားချင်းများ ညီအစ်ကိုမောင်နှမစိတ်ဓါတ် ပျောက်ကွယ်ခဲ့ရဟု ဆို အာရက္ခဒေသ...
February 20, 2026
လက်ရှိတော်လှန်ရေးကာလတွင် ချင်းပြည်နယ်က အရွယ်ရောက်ပြီးသူတိုင်း ချင်းပြည်ကို မစွန့်ခွာဘဲ...
February 19, 2026
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အခြေစိုက် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) အဖွဲ့၏...